Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 32:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အာရုန်​က​လည်း “​သင်​တို့​၏​မယား​နှင့် သား​သမီး​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ ငါ့​ထံသို့​ယူဆောင်​ခဲ့​လော့​”​ဟု သူ​တို့​အား​ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 အာ​ရုန်​က``သင်​တို့​၏​မ​ယား​နှင့်​သား​သ​မီး တို့ ဝတ်​ဆင်​ထား​သော​ရွှေ​နား​တောင်း​များ​ကို ချွတ်​၍ ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အာ ရုန် က၊ သင် တို့ မ ယား၊ သား၊ သ မီး များ ဆင် ယင် သော ရွှေ နား တောင်း များ ကို ချွတ် ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 32:2
13 ပူးပေါင်းရင်းမြစ်များ  

ကုလားအုတ်​တို့​ရေသောက်​ပြီး​သောအခါ သူ​သည် အလေးချိန်​တစ်​ဗေကာ​ရှိ​သော​ရွှေ​နှာဆွဲ​နှင့် မိန်းကလေး​လက်​၌​ဝတ်ဆင်​ရန် အလေးချိန်​ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​လက်ကောက်​တစ်စုံ​ကို ထုတ်ပေး​၍


အကျွန်ုပ်​က​လည်း ‘​သင်​သည် မည်သူ​၏​သမီး​ဖြစ်​သနည်း​’​ဟု သူ့​အား​မေး​လျှင် သူ​က ‘​ကျွန်မ​သည် နာခေါ်​အတွက် မိလခါ​မွေးဖွား​ပေး​သော​သား​ဗေသွေလ​၏​သမီး​ဖြစ်​ပါ​သည်​’​ဟု ဆို​ပါ​သည်​။ ထိုအခါ အကျွန်ုပ်​သည် သူ​၏​နှာခေါင်း​၌ နှာဆွဲ​ကို​လည်းကောင်း​၊ သူ​၏​လက်​၌ လက်ကောက်​တို့​ကို​လည်းကောင်း ဆင်ယင်​ပေး​ပါ​သည်​။


သင်​တို့​သည် ငါ​နှင့်​ယှဉ်​၍ သင်​တို့​အဖို့ ရွှေ​ဘုရား​ငွေ​ဘုရား​များ​ကို​လည်း မ​ပြုလုပ်​ရ​။


ထိုအခါ လူ​အပေါင်း​တို့​သည် မိမိ​တို့​၏​နား​၌​ဆင်​ထား​သော ရွှေ​နားကွင်း​များ​ကို​ချွတ်​၍ အာရုန်​ထံသို့​ယူလာ​ကြ​၏​။


စေတနာစိတ်​ရှိ​သော ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ရင်ထိုး​၊ နားကွင်း​၊ လက်စွပ်​၊ ဆွဲကြိုး စသည့်​ရွှေ​တန်ဆာ​အမျိုးမျိုး​တို့​ကို​ယူဆောင်​လာ​ကြ​၏​။ လူ​တိုင်း ထာဝရဘုရား​ထံ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ရွှေ​ကို ချီလွှဲ​ကြ​၏​။


ပညာရှိ​၏​အဆုံးအမ​သည် နားထောင်​တတ်​သော​သူ​၏​နား​အတွက် ရွှေ​နားကွင်း​၊ သို့မဟုတ် ရွှေစင်​ဖြင့်​ပြုလုပ်​ထား​သော​အဆင်တန်ဆာ​ဖြစ်​၏​။


နားဆွဲ​၊ လက်ကောက်​၊ မျက်နှာလွှားဇာ​၊


သင်​တို့​သည် ငွေ​ဖြင့်​မွမ်းမံ​သော​ရုပ်တု​၊ ရွှေ​ဖြင့်​သွန်းလုပ်​သော​ရုပ်တု​တို့​ကို ညစ်ညူး​သည်​ဟု​မှတ်​လျက် ရာသီသွေး​စွန်း​သော​အဝတ်​ကဲ့သို့ လွှင့်ပစ်​၍ “​သွား​တော့​”​ဟု ဆို​လိမ့်မည်​။


သင့်​ကို ငါ​ပေး​သော​ရွှေ​ငွေ​များ​ဖြင့် သင်​ပြုလုပ်​ထား​သော သင်​၏​အဖိုးတန်​အဆင်တန်ဆာ​ကို​ယူ​၍ ယောက်ျား​ရုပ်တု​များ​ကို ပြုလုပ်​ပြီးလျှင် ထို​ရုပ်တု​များ​နှင့် ဖောက်ပြန်မှားယွင်း​၏​။


သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ