သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
တရားဟော 7:21 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ Common Language Bible သို့ဖြစ်၍ထိုလူမျိုးတို့ကိုမကြောက်ကြနှင့်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။ ကိုယ်တော်သည် တန်ခိုးကြီး၍ကြောက်ရွံ့ဖွယ်သောဘုရား ဖြစ်တော်မူ၏။- Garrad Bible သင် တို့ အ လယ် တွင် ရှိ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကြောက် ရွံ့ ဖွယ် ကောင်း သော မ ဟာ ဘု ရား ဖြစ် တော် မူ သော ကြောင့်၊ ထို လူ မျိုး တို့ အ တွက် အံ့ အား မ သင့် ကြ နှင့်။ Judson Bible သူတို့ကြောင့် ထိတ်လန့်ခြင်းမရှိရ။ အကြောင်းမူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဖွယ်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင်ရှိတော်မူ၏။ |
သူတို့ဘက်၌ လူအင်အားရှိ၏။ ငါတို့ဘက်တွင်မူ စစ်ပွဲ၌ငါတို့ကိုကူညီတိုက်ခိုက်ပေးမည့် ငါတို့၏ဘုရားသခင်ထာဝရဘုရား ရှိ၏”ဟု အားပေးစကားပြော၏။ ယုဒဘုရင်ဟေဇကိမင်းကြီး၏စကားကြောင့် လူတို့ အားမာန်ပြည့်လာကြ၏။
ထိုအခါ ငါက “အို ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်၍ ကြောက်ရွံ့ရိုသေဖွယ် ဖြစ်ပါ၏။ ကိုယ်တော်ကို ချစ်၍ ပညတ်တော်ကို စောင့်ထိန်းသောသူတို့နှင့် ဖွဲ့ခဲ့သောပဋိညာဉ်တော်ကို တည်စေသောဘုရား၊ မေတ္တာကရုဏာကို ပြတော်မူသောဘုရား ဖြစ်ပါ၏။
ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ဘုရားသခင်သည် ထိုမြို့တော်အလယ်၌ ရှိတော်မူသည်ဖြစ်၍ ထိုမြို့တော်သည် တုန်လှုပ်မည်မဟုတ်။ နံနက်အချိန်ရောက်သောအခါ ဘုရားသခင်သည် ထိုမြို့တော်ကိုကူညီမစတော်မူလိမ့်မည်။
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
အကြောင်းမူကား အမြင့်ဆုံးသောအရှင် ထာဝရဘုရားသည် အံ့ဩဖွယ်အရှင်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအုပ်စိုးသော ကြီးမြတ်သည့်ရှင်ဘုရင်ဖြစ်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကဲ့သို့ ခွန်အားကြီးပါသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်၏သစ္စာတော်သည် ကိုယ်တော်ကိုဝန်းရံလျက်ရှိပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော ရှင်ဘုရင်ဖြစ်တော်မူ၏။
ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။
ဤပြည်၌နေထိုင်သောသူတို့အား ပြောပြကြပါလိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးအလယ်၌ ရှိတော်မူကြောင်းကိုလည်းကောင်း၊ အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်ကို ကိုယ်တိုင်မြင်ရ၍ ကိုယ်တော်၏မိုးတိမ်သည် သူတို့အပေါ်၌တည်လျက် နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်အားဖြင့် ကိုယ်တော်သည် သူတို့၏ရှေ့မှ ကြွတော်မူကြောင်းကိုလည်းကောင်း ဤပြည်သားတို့ကြားထားကြပါပြီ။
သင်တို့ တက်မသွားကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မမူ။ သင်တို့သည် ရန်သူတို့ရှေ့၌ ရှုံးနိမ့်ကြရလိမ့်မည်။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
ထိုသူတို့သည် စုရုံး၍ မောရှေနှင့်အာရုန်အား “သင်တို့ တရားလွန်နေပြီ။ လူထုအပေါင်းတို့သည် တစ်ယောက်မကျန် သန့်ရှင်းကြ၏။ ထာဝရဘုရားသည်လည်း သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရား၏လူအစုအဝေးအပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်ရသနည်း”ဟု ဆိုလေ၏။
ထာဝရဘုရားက မောရှေအား “သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုး၌ အမင်္ဂလာကိုမမြင်။ အစ္စရေးလူမျိုး၌ အခက်အခဲပြဿနာကိုမတွေ့။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူ၏။ သူ့ထံ၌ ရှင်ဘုရင်၏ဝမ်းမြောက်စွာကြွေးကြော်သံကိုကြားရ၏။
မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ ရက်အနည်းငယ်သာ တည်နေသောအခါလည်းရှိ၏။ သူတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း စခန်းချကြ၏။ ထာဝရဘုရား၏အမိန့်တော်အတိုင်း ခရီးပြုကြ၏။
သူ၏စိတ်နှလုံးထဲမှ ကွယ်ဝှက်ထားသောအရာတို့သည် ထင်ရှားလာသဖြင့် “ဘုရားသခင်သည် သင်တို့အလယ်၌ အမှန်ရှိတော်မူ၏”ဟု ဝန်ခံလျက် ဘုရားသခင်ကို ပျပ်ဝပ်ရှိခိုးလိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုပြည်ကို သင်တို့ထံ အပ်တော်မူပြီ။ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍သိမ်းပိုက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု ဆို၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
သင်သည် ရန်သူတို့ကို စစ်သွားတိုက်သောအခါ သင့်ထက်များပြားသော မြင်းများ၊ စစ်ရထားများ၊ စစ်သည်များကို တွေ့လျှင် သူတို့ကို မကြောက်နှင့်။ သင့်ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။
မြို့၏သက်ကြီးဝါကြီးတို့သည် သူ့ကိုခေါ်ပြောရမည်။ သူက‘အကျွန်ုပ်သည် ဤမိန်းမကိုမယူလိုပါ’ဟု အခိုင်အမာဆိုလျှင်
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။
တစ်ဖန် ယောရှုက “အသက်ရှင်တော်မူသောဘုရားသခင်သည် သင်တို့နှင့်အတူရှိ၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဟိဝိလူမျိုး၊ ဖေရဇိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ယေဗုသိလူမျိုးတို့ကို သင်တို့ရှေ့မှ မုချနှင်ထုတ်တော်မူမည်ဖြစ်ကြောင်းကို ဤသို့အားဖြင့် သင်တို့သိရမည်။
တစ်ဖန် ထာဝရဘုရားက ယောရှုအား “မကြောက်နှင့်။ စိတ်မပျက်နှင့်။ စစ်သည်အပေါင်းတို့ကိုခေါ်ပြီး အာဣမြို့သို့ ထ၍စစ်ချီလော့။ ကြည့်ရှုလော့။ အာဣဘုရင်နှင့်တကွ သူ့လူ၊ သူ့မြို့၊ သူ့မြေကို သင့်လက်သို့ငါအပ်ပြီ။
ငါတို့၌ အမင်္ဂလာ ဖြစ်လေပြီ။ ဤတန်ခိုးကြီးသောဘုရား၏လက်မှ ငါတို့ကို မည်သူကယ်တင်မည်နည်း။ ဤဘုရားကား တောကန္တာရ၌ အီဂျစ်လူမျိုးတို့ကို ကပ်ရောဂါအမျိုးမျိုးဖြင့် ဒဏ်ခတ်တော်မူသောဘုရားဖြစ်၏။