Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 31:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို​နေ့ရက်​၌ ငါ​သည် သူ​တို့​ကို​အမျက်ထွက်​၍ စွန့်ပစ်​မည်​။ သူ​တို့​ထံမှ မျက်နှာ​လွှဲ​မည်​။ သူ​တို့​သည် ဝါးမျို​ခြင်း​ခံရ​မည်​။ ဘေးအန္တရာယ်​နှင့်​ဆင်းရဲဒုက္ခ​များစွာ​တို့​နှင့် ကြုံတွေ့​ရ​မည်​။ သို့ဖြစ်၍ ထို​နေ့ရက်​၌ သူ​တို့​က ‘​ငါ​တို့​၏​ဘုရားသခင်​သည် ငါ​တို့​နှင့်အတူ​မ​ရှိ​သောကြောင့် ဤ​ဘေးအန္တရာယ်​များ​နှင့် ငါ​တို့​ကြုံတွေ့​ရ​သည်​မ​ဟုတ်​လော​’​ဟု ဆို​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​အ​ခါ​၌​ငါ​သည်​အ​မျက်​တော်​ထွက်​၍ သူ တို့​ကို​စွန့်​ပစ်​သ​ဖြင့်​သူ​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး ကြ​လိမ့်​မည်။ သူ​တို့​သည်​ကြောက်​မက်​ဖွယ်​သော ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော​ငါ​သည် သင်​တို့​နှင့်​အ​တူ​မ​ရှိ​တော့​သ​ဖြင့် ဤ​ကဲ့​သို့ သော​ဘေး​ဒဏ်​များ​နှင့်​တွေ့​ကြုံ​ရ​သည်​ဟု သိ​မြင်​လာ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို ကာ လ ငါ သည်၊ အ မျက် တော် ထား သ ဖြင့် ထို သူ တို့ ကို စွန့် ပယ် လျက် မျက် နှာ တော် လွှဲ သည့် အ တိုင်း၊ တွေ့ ကြုံ ကြ ရ သော ဘေး ဒု က္ခ များ ကြောင့် ပျက် စီး ရ သူ ထို လူ မျိုး က၊ ငါ တို့ ဘု ရား သ ခင် ပါ ရှိ တော် မ မူ သည့် အ တွက် ဤ ဘေး တွေ့ ကြ ပြီ မ ဟုတ် တုံ လော ဟု အောက် မေ့ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 31:17
43 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​နှင့်အတူ တည်ရှိ​ခဲ့​သည့်​နည်းတူ အကျွန်ုပ်​တို့​နှင့်​လည်း အတူ​တည်ရှိ​တော်မူ​ပါစေသော​။ အကျွန်ုပ်​တို့​ကို စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​တို့​ကို စွန့်ခွာ​သွား​တော်​မ​မူ​ပါ​နှင့်​။


“​ငါ​နှင့်​ပြည်သူပြည်သား​တို့​အတွက်​သာမက ယုဒ​အမျိုးသား​အပေါင်း​တို့​အတွက်​ပါ ဤ​တွေ့ရှိ​ထား​သော​ကျမ်း​ပါ​စကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးမြန်း​ပေး​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ဤ​ကျမ်း​ပါ​စကား​တော်​အတိုင်း မ​လိုက်နာ​၊ ငါ​တို့​နှင့်ပတ်သက်​ပြီး ရေးထား​သမျှ​တို့​ကို မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။


ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။


သူ​သည် အာသ​မင်းကြီး​ထံ​သွား​ကာ “​အို အာသ​မင်းကြီး​နှင့် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ သင်​တို့​သည် ထာဝရဘုရား​နှင့်အတူ​ရှိ​လျှင် ထာဝရဘုရား​သည်​လည်း သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပစ်​လျှင် ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​။


ယဟောရံ​မင်းကြီး​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စွန့်ပယ်​သောကြောင့် ယုဒ​ပြည်​၏​လက်အောက်ခံ​ဖြစ်​သော ဧဒုံ​ပြည်​သည် သူ့​ကို ယနေ့​တိုင်အောင် ပုန်ကန်​၏​။ တစ်ချိန်တည်းမှာပင် သူ​၏​လက်အောက်ခံ​ဖြစ်​သော လိဗန​ပြည်​သည်​လည်း သူ့​ကို​ပုန်ကန်​လေ​၏​။


ထိုစဉ်က ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ဇာခရိ​ထံ​သက်ရောက်​သဖြင့် သူ​သည် လူ​တို့​ရှေ့​တွင်​ရပ်​ပြီး “​ဘုရားသခင်​က ‘​သင်​တို့ အဘယ်ကြောင့် ထာဝရဘုရား​၏​ပညတ်တော်​များ​ကို ချိုးဖောက်​ကြ​သနည်း​။ သင်​တို့​အောင်မြင်​ကြီးပွား​မည်​မ​ဟုတ်​။ သင်​တို့​သည် ထာဝရဘုရား​ကို စွန့်ပယ်​သည်​ဖြစ်၍ ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပယ်​ပြီ’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​လေ​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။


အဘယ်ကြောင့် အကျွန်ုပ်​ထံမှ မျက်နှာလွှဲ​တော်မူ​၍ အကျွန်ုပ်​ကို ရန်သူ​ကဲ့သို့ ထင်မှတ်​တော်မူ​ပါ​သနည်း​။


အကြောင်းမူကား ကိုယ်တော်​သည် လူ​ကို သူ​၏​လုပ်ဆောင်မှု​အတိုင်း ပြန်ပေးဆပ်​စေ​မည်​။ လူ​ကို သူ​၏​အကျင့်​အတိုင်း ပြန်​ခံရ​စေ​မည်​။


မျက်နှာ​လွှဲ​တော်မူ​သောအခါ သူ​တို့​သည် ထိတ်လန့်​ကြ​ပါ​၏​။ သူ​တို့​၏​အသက်​ကို ရုပ်သိမ်း​တော်မူ​သောအခါ သူ​တို့​သည်​သေ​၍ မိမိ​တို့​ဖြစ်လာ​ရာ မြေမှုန့်​သို့​ပြန်သွား​ကြ​ပါ​၏​။


သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အမျက်​တော်​ထွက်​၍ ကိုယ်တော်​၏​အစေအပါး​ကို ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျေးဇူး​တော်​အားဖြင့် အကျွန်ုပ်​၏​တောင်​ကို ခိုင်ခံ့​စွာ​တည်​စေ​တော်မူ​ပြီ​။ မျက်နှာ​တော်​လွှဲ​တော်မူ​သောအခါ အကျွန်ုပ်​ထိတ်လန့်​ရ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ရန်သူ​တို့​ထံမှ နောက်ဆုတ်​စေ​တော်မူ​၍ အကျွန်ုပ်​တို့​ကို​မုန်း​သော​သူ​တို့​သည် အကျွန်ုပ်​တို့​ကို​တိုက်ခိုက်လုယက်​ကြ​ပါ​၏​။


အို ထာဝရဘုရား​၊ မည်သည့်​အချိန်​အထိ​နည်း​။ ကိုယ်တော်​သည် အစဉ်​ပုန်းရှောင်​လျက် နေ​တော်မူ​မည်လော​။ ကိုယ်တော်​၏​အမျက်ဒေါသ​သည် မီး​ကဲ့သို့ တောက်လောင်​လျက်​နေ​တော်မူ​မည်လော​။


ကိုယ်တော့်​အမျက်​တော်​တန်ခိုး​ကို​လည်းကောင်း​၊ အမျက်ထွက်​သည့်​ပမာဏ​နှင့်အညီ ကြောက်ရွံ့​ရ​ကြောင်း​ကို​လည်းကောင်း မည်သူ​သိ​နိုင်​ပါ​သနည်း​။


အကယ်စင်စစ် ကိုယ်တော်​သည် ယာကုပ်​အမျိုးအနွယ်​ဖြစ်​သော ကိုယ်တော်​၏​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​ပြီ​။ အကြောင်းမူကား သူ​တို့​သည် အရှေ့​ပြည်​၏​ဓလေ့​ကို​ကျင့်သုံးသူ​နှင့်​ပြည့်​၍ ဖိလိတ္တိ​လူမျိုး​များ​ကဲ့သို့ ဗေဒင်အတတ်​ကို ကျင့်သုံး​ကြ​၏​။ တစ်ပါးအမျိုးသား​တို့​၏​သားသမီး​များ​နှင့်​လည်း လက်ဝါးချင်းရိုက်​ကြ​၏​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို အမျက်ထွက်​၍ သူ​တို့​အပေါ်​လက်​တော်​ကို​ဆန့်​လျက် ဒဏ်ခတ်​တော်မူ​မည်​။ တောင်​တို့​သည်​လှုပ်ခတ်​ကြ​လိမ့်မည်​။ သူ​တို့​အလောင်း​သည် လမ်းမ​အလယ်​၌ အမှိုက်သရိုက်​ကဲ့သို့​ဖြစ်​လိမ့်မည်​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ကို အဘယ်ကြောင့် လမ်း​တော်​မှ​လမ်းလွဲ​စေ​သနည်း​။ ကိုယ်တော်​ကို မ​ကြောက်ရွံ့​စေရန် ကျွန်ုပ်​တို့​၏​စိတ်​ကို အဘယ်ကြောင့် ခိုင်မာ​စေ​သနည်း​။ ကိုယ်တော်​၏​အစေအပါး​၊ ကိုယ်တော်​၏​အမွေ​တော်​လူမျိုးစု​အတွက် ပြန်လာ​တော်မူ​ပါ​။


ကိုယ်တော်​သည် အကျွန်ုပ်​တို့​ထံမှ မျက်နှာ​တော်​ကို​လွှဲ​၍ ဒုစရိုက်​လက်​ထဲ၌ အကျွန်ုပ်​တို့​ကို နစ်မွန်း​စေ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​သော​သူ​၊ မိမိ​စိတ်​ကို နှိုးဆော်​၍ ကိုယ်တော်​ကို ဖက်တွယ်​သော​သူ​တစ်ယောက်မျှ​မ​ရှိ​။


ယာကုပ်​အမျိုးအနွယ်​ထံမှ မျက်နှာ​လွှဲ​တော်မူ​သော​ထာဝရဘုရား​ကို ငါ​မျှော်လင့်​စောင့်စား​မည်​။


“​ဤ​လူမျိုး​ထဲမှ တစ်ယောက်ယောက်​ဖြစ်စေ​၊ ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ကား အဘယ်သို့နည်း​’​ဟု သင့်​ကို​မေး​လာ​လျှင် ‘​အဘယ်​ဗျာဒိတ်​နည်း​။ သင်​တို့​ကို ငါ​ပစ်ပယ်​ပြီ’​ဟူ၍ ထာဝရဘုရား​မိန့်​တော်မူ​သည်”​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။


ကြည့်ရှု​လော့​။ ငါ​သည် သင်​တို့​ကို လုံးဝ​မေ့ပစ်​မည်​။ သင်​တို့​နှင့်တကွ သင်​တို့​နှင့်​သင်​တို့​ဘိုးဘေး​တို့​အား ငါ​ပေး​သော​မြို့​ကို ငါ​၏​ရှေ့မှောက်​မှ ဖယ်ရှား​ပစ်​မည်​။


‘သူ​တို့​သည် ခါလဒဲ​တပ်​နှင့်​တိုက်ခိုက်​ရန်​သွား​ကြ​သော်လည်း သူ​တို့​၏​မကောင်းမှု​များ​ကြောင့် ဤ​မြို့​ကို ငါ​မျက်နှာ​လွှဲ​ပြီ​ဖြစ်၍ မြို့​ထဲ၌ ငါ့​အမျက်​ဒေါသ​ဖြင့်​ကွပ်မျက်​သော အလောင်းကောင်​တို့​နှင့်​သာ ပြည့်​လိမ့်မည်​။


သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပျပ်ဝပ်​လျက် အသနားခံ​ကောင်း​ခံ​ကြ​လိမ့်မည်​။ အကြောင်းမူကား ဤ​လူမျိုး​တို့​ကို ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​လေ​ပြီ​”​ဟု ဆို​၏​။


ကိုယ်ရံတော်မှူး​သည်​လည်း ယေရမိ​ကို​ခေါ်​၍ “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​က ဤ​ပြည်​တွင် ဘေးအန္တရာယ်​ကျရောက်​မည့်​အကြောင်း မိန့်​တော်မူ​ပြီ​။


“ဇိအုန်​မြို့​၌ ထာဝရဘုရား မ​ရှိ​သလော​။ ထို​မြို့​၌​ရှင်ဘုရင် မ​ရှိ​သလော ဟူ၍​ဝေးလံ​သော​ပြည်​မှ ငါ့​လူမျိုး​သမီးပျို​၏​အော်ဟစ်သံ​ကို ကြား​ရ​ပါ​ပြီ​တကား​။ သူ​တို့​ကိုးကွယ်​သော​ရုပ်တုဆင်းတု​များ​၊ တိုင်းတစ်ပါးသား​တို့​ကိုးကွယ်​သော​ရုပ်တု​များ​ဖြင့် သူ​တို့​သည် ငါ့​ကို အဘယ်ကြောင့် အမျက်ထွက်​စေ​ကြ​သနည်း​။”


ဘုရားရှင်​ထာဝရဘုရား​က ‘အစ္စရေး​အမျိုး​တို့​အပေါ် ငါ့​ဝိညာဉ်​ကို သွန်းလောင်း​မည်​။ သူ​တို့​ကို မျက်နှာလွှဲ​တော့​မည်​မ​ဟုတ်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


သူ​တို့​ပြော​သော​စကား​သည် စကား​သက်သက်​သာ ဖြစ်​၏​။ ပဋိညာဉ်​ဖွဲ့​ရာ​၌ အချည်းနှီး​ကျိန်ဆို​ကြ​၏​။ ထို့ကြောင့် တရားစီရင်​ခြင်း​သည် ထွန်ကြောင်း​ပေါ်တွင် ပေါက်​သော​အဆိပ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။


အကယ်၍ သားသမီး​မွေး​လျှင်​လည်း အားလုံး​ကို ငါ​ဆုံးပါး​စေ​မည်​။ သူ​တို့​ကို ငါ​စွန့်ပစ်​သောအခါ သူ​တို့ အမင်္ဂလာ​ဖြစ်​လိမ့်မည်​။


ထို​သူ​တို့​သည် ထာဝရဘုရား​ထံ​အော်ဟစ်​ဆုတောင်း​သော်လည်း ကိုယ်တော်​သည် သူ​တို့​ကို ထူး​တော်မူ​မည်​မ​ဟုတ်​။ သူ​တို့​သည် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​သောကြောင့် ထို​ကာလ​တွင် ကိုယ်တော်​သည် သူ​တို့​ထံမှ မျက်နှာလွှဲ​တော်မူ​မည်​။


သင်​တို့ တက်​မ​သွား​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ရှိ​တော်​မ​မူ​။ သင်​တို့​သည် ရန်သူ​တို့​ရှေ့​၌ ရှုံးနိမ့်​ကြ​ရ​လိမ့်မည်​။


ထာဝရဘုရား​သည် ထို​သူ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ထာဝရဘုရား​၏​အမျက်​တော်​၊ သဝန်တိုစိတ်​သည် ထို​သူ​ကို တငွေ့ငွေ့​လောင်ကျွမ်း​မည်​။ ဤ​ကျမ်း​၌​ရေးသား​ထား​သော​ကျိန်​ခြင်း​ရှိသမျှ​တို့​သည် သူ့​အပေါ်​သို့ ကျရောက်​မည်​။ ထာဝရဘုရား​သည် သူ​၏​အမည်​ကို မိုးကောင်းကင်​အောက်​မှ ပယ်ဖျက်​တော်မူ​မည်​။


ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​ဝင်ရောက်​သိမ်းပိုက်​မည့်​ပြည်​၌ သင်​သည် အသက်​မ​ရှည်​၊ မုချ​ဖျက်ဆီး​ခြင်း​ခံရ​မည်​ဖြစ်ကြောင်း ယနေ့ သင့်​အား​ငါ​ပြောကြား​ပြီ​။


ယနေ့ ငါ​သည် ကောင်းကင်​နှင့်​မြေကြီး​ကို​သက်သေ​ထား​၍ အသက်ရှင်​ခြင်း​နှင့်​သေ​ခြင်း​၊ ကောင်းချီးမင်္ဂလာ​နှင့်​ကျိန်ခြင်းအမင်္ဂလာ​ကို သင့်​ရှေ့​၌ ငါ​ချထား​၏​။ သို့ဖြစ်၍ သင်​နှင့်​သင်​၏​သားမြေး​တို့​အသက်ရှင်​မည့်​အကြောင်း အသက်ရှင်​ခြင်း​ကို​ရွေးချယ်​လော့​။


သူ​တို့​သည် အခြား​ဘုရား​များ​ထံသို့​လှည့်သွား​၍ သူ​တို့​ပြု​သော​မကောင်းမှု​အားလုံး​ကြောင့် ထို​နေ့ရက်​၌ စင်စစ်​ငါ​မျက်နှာ​လွှဲ​မည်​။


သူ​တို့​ကို မ​ထိတ်လန့်​ကြ​နှင့်​။ အကြောင်းမူကား ကြီးမြတ်​၍ အံ့ဩဖွယ်​ကောင်း​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ​ရှိ​တော်မူ​၏​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို ဝတ်​မ​ပြု​၊ ထာဝရဘုရား​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​၊ အာရှတရက်​ဘုရား​၊ ဆီးရီးယား​ဘုရား​၊ ဆီဒုန်​ဘုရား​၊ မောဘ​ဘုရား​၊ အမ္မုန်​ဘုရား​၊ ဖိလိတ္တိ​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။


ဂိဒေါင်​က​လည်း “​အို အကျွန်ုပ်​၏​အရှင်သခင်​၊ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်အတူ ရှိ​တော်မူ​သည်​ဆိုလျှင် အဘယ်ကြောင့် ဤ​အမှု​ကို အကျွန်ုပ်​တို့ ကြုံ​ရ​သနည်း​။ ‘​ထာဝရဘုရား​သည် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သည်​’​ဟု ဘိုးဘေး​တို့​က အကျွန်ုပ်​တို့​အား ပြောပြ​ခဲ့​သော​အံ့ဖွယ်​အမှု​တို့​ကား အဘယ်မှာ​နည်း​။ ယခု​မူကား ထာဝရဘုရား​သည် အကျွန်ုပ်​တို့​ကို စွန့်ပစ်​၍ မိဒျန်​လူမျိုး​တို့​လက်​သို့ အပ်​တော်မူ​ပြီ​တကား​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ