Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 16:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​သူ​တို့​သည် စုရုံး​၍ မောရှေ​နှင့်​အာရုန်​အား “​သင်​တို့ တရားလွန်​နေ​ပြီ​။ လူထု​အပေါင်း​တို့​သည် တစ်ယောက်မကျန် သန့်ရှင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း သူ​တို့​နှင့်အတူ​ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​လူအစုအဝေး​အပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်​ရ​သနည်း​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ထို​သူ​အ​ပေါင်း​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ရှေ့​တွင်​စု​ရုံး​ရောက်​ရှိ​လာ​၍``သင်​တို့​၏ အ​ပြု​အ​မူ​မှာ​လွန်​ကဲ​လေ​ပြီ။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​မျိုး​သား​လုံး​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ သို့ ဖြစ်​၍​မော​ရှေ​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ရိ​သတ်​အ​ပေါ်​မှာ​မိ​မိ​ကိုယ် ကို​ချီး​မြှောက်​ရ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 မော ရှေ၊ အာ ရုန် တို့ ကို ဆန့် ကျင် ဘက် စု ရုံး ကြ ရာ တော် လှ​ပေ၏။ လူ ပ ရိ သတ် အား လုံး သည် သန့် ရှင်း၏။ ထာ ဝ ရ ဘု ရား လည်း သူ တို့ အ လယ် တွင် ရှိ တော် မူ၏။ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် အ ပေါ် တွင် ကိုယ် ကို ဂုဏ် တင် ကြ သည် မှာ အ ဘယ် ကြောင့် နည်း ဟူ သော စ ကား ကို မော ရှေ ကြား လျှင် ပျပ် ဝပ် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 16:3
20 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​၏​သမီး​များ​ကို လက်ထပ်ယူ​ပြီး မိမိ​သား​တို့​နှင့်​လည်း ပေးစား​ကြ​၏​။ ဤသို့ဖြင့် သန့်ရှင်း​သော​အမျိုးအနွယ်​သည် ထို​ပြည်သား​တို့​နှင့်​ရောနှော​လေ​ပြီ​။ ဤ​သစ္စာမဲ့မှု​ကို အကြီးအကဲ​များ​၊ မင်းအရာရှိ​များ​က ထိပ်ဆုံး​မှ​ပြု​ကြ​၏”​ဟု ဆို​ကြ​၏​။


သူ​တို့​သည် စခန်း​ထဲတွင် မောရှေ​နှင့် ထာဝရဘုရား​၏​သန့်ရှင်း​သော​သူ​ဖြစ်​သည့်​အာရုန်​ကို ငြူစူ​ကြ​သောအခါ


ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။


သင်​တို့​သည် ငါ့​အဖို့ နိုင်ငံ​တော်​၏​ယဇ်ပုရောဟိတ်​များ​၊ သန့်ရှင်း​သော​လူမျိုး​တော်​ဖြစ်​ကြ​မည်​’​ဟု ဆင့်ဆို​ရ​မည်​။ ဤသည်ကား အစ္စရေး​အမျိုးသား​တို့​အား သင်​ပြောဆို​ရ​မည့်​စကား​များ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏​။


ဤ​ပြည်​၌​နေထိုင်​သော​သူ​တို့​အား ပြောပြ​ကြ​ပါ​လိမ့်မည်​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​အလယ်​၌ ရှိ​တော်မူ​ကြောင်း​ကို​လည်းကောင်း​၊ အို ထာဝရဘုရား​၊ သူ​တို့​သည် ကိုယ်တော်​ကို ကိုယ်တိုင်​မြင်​ရ​၍ ကိုယ်တော်​၏​မိုးတိမ်​သည် သူ​တို့​အပေါ်​၌​တည်​လျက် နေ့​အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​အားဖြင့် ကိုယ်တော်​သည် သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​ကြောင်း​ကို​လည်းကောင်း ဤ​ပြည်သား​တို့​ကြား​ထား​ကြ​ပါ​ပြီ​။


ထို့ကြောင့် သင်​နှင့်​သင့်​အပေါင်းပါ​အားလုံး​တို့​သည် စုဝေး​၍ ထာဝရဘုရား​ကို​ဆန့်ကျင်​သော​သူ​များ​ဖြစ်​ကြ​၏​။ အာရုန်​သည် မည်သို့​သော​သူ​ဖြစ်၍ သင်​တို့​သည် သူ့​ကို အပြစ်တင်​ကြ​သနည်း​”​ဟု ဆို​လေ​၏​။


နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။


မနက်ဖြန် ထာဝရဘုရား​ရှေ့​တော်​၌ ထို​မီးကျီးခံဗန်း​များ​ထဲသို့ မီး​ထည့်​ပြီးလျှင် မီး​ပေါ်၌ နံ့သာပေါင်း​ကို​တင်​လော့​။ ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​သူ​သည် သန့်ရှင်း​သော​သူ​ဖြစ်​လိမ့်မည်​။ အို လေဝိ​သားမြေး​တို့​၊ သင်​တို့ တရားလွန်​နေ​ပြီ​”​ဟု ပြန်ပြော​လေ​၏​။


ယာကုပ်​အမျိုး​၌ အမင်္ဂလာ​ကို​မ​မြင်​။ အစ္စရေး​လူမျိုး​၌ အခက်အခဲ​ပြဿနာ​ကို​မ​တွေ့​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၏​။ သူ့​ထံ၌ ရှင်ဘုရင်​၏​ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​ကို​ကြား​ရ​၏​။


ငါ​ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​အလယ်​၌​ကိန်းဝပ်​သည်​ဖြစ်၍ ငါ​ကိန်းဝပ်​ရာ​ဖြစ်​သည့် သင်​တို့​နေထိုင်​သော​ပြည်​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။


သူ​တို့​နှင့်အတူ ငါ​ကိန်းဝပ်​ရာ သူ​တို့​၏​တပ်စခန်း​ကို မ​ညစ်ညူး​စေ​မည့်​အကြောင်း ထိုသို့သော​သူ ယောက်ျား​၊ မိန်းမ​ဟူသမျှ​ကို တပ်စခန်း​အပြင်​သို့ ထွက်သွား​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သို့သော် ငါ​တို့​၏​ဘိုးဘေး​များ​သည် သူ့​စကား​ကို​နားထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်ပယ်​၍ သူ​တို့​၏​စိတ်နှလုံး​ထဲ၌ အီဂျစ်​ပြည်​ကို​တမ်းတ​ကာ


ခေါင်းမာ​၍ နား​နှင့်​စိတ်နှလုံး​တို့​၌ အရေဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုးဘေး​များ​နည်းတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အစဉ်​ဆန့်ကျင်ဘက်​ပြု​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ