တောလည် 14:42 - မြန်မာ့စံမီသမ္မာကျမ်း42 သင်တို့ တက်မသွားကြနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မမူ။ သင်တို့သည် ရန်သူတို့ရှေ့၌ ရှုံးနိမ့်ကြရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible42 မသွားကြနှင့်။ ထာဝရဘုရားသည်သင်တို့ နှင့်အတူမရှိသဖြင့် ရန်သူတို့သည်သင် တို့ကိုအနိုင်ရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible42 သင် တို့ အ လယ် တွင် ထာ ဝ ရ ဘု ရား ရှိ တော် မ မူ သော ကြောင့် ရန် သူ တို့ ရှေ့ အ ရှုံး မ ခံ ရ စေ ခြင်း ငှါ မ ချီ မ တက် ကြ နှင့်။ အခန်းကိုကြည့်ပါ။Judson Bible42 မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာ ရှုံးရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။