တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
တရားဟော 3:11 - မြန်မာ့စံမီသမ္မာကျမ်း (အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။) Common Language Bible (သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။) Garrad Bible အ သို့ ဆို သော်၊ ရေ ဖိမ့် အ နွယ် အ နက်၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း တစ် ပါး သာ ရှိ၏။ လူ သာ မန် အ တောင် အ တိုင်း၊ အ လျား ကိုး တောင်၊ အ နံ လေး တောင် ရှိ သော ထို မင်း၏ သံ ကျောက် ခေါင်း သည်၊ အ မ္မုန် ပြည် ရ ဗ္ဗာ မြို့ တော်၌ ရှိ သည် တ ကား။ Judson Bible အလွန်ကြီးမားသောလူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတစ်ယောက်တည်းသာ ကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံခုတင်သည် အမ္မုန်ပြည်၊ ရဗ္ဗတ်မြို့၌ရှိသည်မဟုတ်လော။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
သင်္ဘောတည်ဆောက်ရမည့်ပုံစံမှာ ဤသို့ဖြစ်၏။ သင်္ဘောအလျားသည် အတောင်သုံးရာ၊ အနံသည် အတောင်ငါးဆယ်၊ အမြင့်သည် အတောင်သုံးဆယ်ရှိရမည်။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
ထိုကာလတွင် ယွာဘသည် အမ္မုန်အမျိုးသားတို့၏ရဗ္ဗာမြို့ကို တိုက်ခိုက်၍ နန်းမြို့တော်ကိုသိမ်းယူပြီးလျှင်
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
အမ္မုန်ပြည်၊ ရဗ္ဗာမြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းနှင့် ယုဒပြည်၊ ဂျေရုဆလင်ခံတပ်မြို့သို့ ဓားသွားမည့်လမ်းတစ်လမ်းကို မှတ်သားရမည်။
ရဗ္ဗာမြို့ကို ကုလားအုတ်တို့ကျက်စားရာ၊ အမ္မုန်ပြည်ကို သိုးများနားနေရာ ဖြစ်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ကြောင့် စစ်ဖြစ်သည့်နေ့တွင်ကြွေးကြော်သောအသံနှင့်အတူ၊ လေပြင်းကျသည့်နေ့တွင်တိုက်သောမုန်တိုင်းနှင့်အတူ ငါသည် ရဗ္ဗာမြို့ရိုးကို မီးရှို့၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
ရေဖိမ်လူမျိုးတို့ကို အာနကလူမျိုးများကဲ့သို့ ဖြစ်သည် ဟုမှတ်ယူကြ၏။ မောဘလူမျိုးတို့သည် ရေဖိမ်လူမျိုးတို့ကို ဧမိမ်လူမျိုး ဟုခေါ်ကြ၏။
(ယခင်က ထိုပြည်၌ ရေဖိမ်လူမျိုးများနေထိုင်ကြ၏။ ထိုပြည်ကို ရေဖိမ်လူမျိုးတို့၏ပြည်ဖြစ်သည် ဟုလည်းမှတ်ယူကြ၏။ အမ္မုန်လူမျိုးတို့သည် သူတို့ကို ဇံဇုမ္မိမ်လူမျိုး ဟုခေါ်ကြ၏။
အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့၌စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန် ဗာရှန်ဘုရင်ဩဃမင်းကြီး ပိုင်နက်ဖြစ်သည့်
အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။
မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။
ဖိလိတ္တိတပ်စခန်းဘက်မှ ဂေါလျတ်ဟုအမည်ရှိ၍ အရပ်ခြောက်တောင်တစ်ထွာရှိသော ဂါသမြို့သား လူစွမ်းကောင်းတစ်ဦး ထွက်လာ၏။