ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
တရားဟော 28:36 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။ Common Language Bible ``ထာဝရဘုရားသည်သင်တို့နှင့်သင်တို့ ၏ဘုရင်ကို သင်တို့နှင့်သင်တို့၏ဘိုးဘေး များမရောက်ဘူးသောနိုင်ငံရပ်ခြားသို့ ဖမ်းဆီးခေါ်ဆောင်သွားစေတော်မူလိမ့်မည်။ သင်တို့သည်ထိုပြည်တွင်သစ်သားနှင့် ကျောက်နှင့်ထုလုပ်သောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။- Garrad Bible မြှောက် ကြ မည့် မင်း နှင့် တ ကွ သင် တို့ ကို ဘိုး ဘေး မှ စ၍ သင် တို့ ကိုယ် တိုင် မ သိ ဘူး သော လူ မျိုး ခြား လက် တွင်း သို့၊ ထာ ဝ ရ ဘု ရား ရောက် စေ တော် မူ မည့် အ လျောက်၊ ကျောက်၊ သစ် သား ဖြင့် လုပ် သော အ ခြား ဘု ရား များ ကို ဝတ် ပြု ရ မည့် သင် တို့ သည် Judson Bible ထာဝရဘုရားသည်၊ သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမကျွမ်းဖူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။ |
ထို့နောက် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲ၌ကြွင်းကျန်သောသူများ၊ ဘေဘီလုံဘုရင်ထံ ခိုလှုံလာသူများနှင့် ကျန်ရှိသောပြည်သူပြည်သားတို့ကို ဖမ်းခေါ်သွားလေ၏။
ဘေဘီလုံဘုရင်သည် ထိုသူတို့ကို ဟာမတ်ပြည်၊ ရိဗလမြို့တွင် ဒဏ်ခတ်ကွပ်မျက်လေ၏။ ဤသို့ဖြင့် ယုဒလူမျိုးတို့သည် နေရင်းပြည်မှ ဖမ်းခေါ်သွားခြင်းခံရလေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ထို့နောက် ပြည်သူပြည်သားတို့သည် ယောရှိမင်းကြီး၏သားတော်ယောခတ်အား ဂျေရုဆလင်မြို့တွင် ခမည်းတော်၏အရိုက်အရာကို ဆက်ခံစေ၏။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
သင်မှဆင်းသက်၍ သင်ရသောသားသမီးအချို့တို့ကိုလည်း ဖမ်းဆီးသွားလိမ့်မည်။ သူတို့သည် ဘေဘီလုံဘုရင်၏နန်းတော်၌ မိန်းမစိုးများဖြစ်ရကြလိမ့်မည်”ဟု ဆင့်ဆိုလေ၏။
တောက်လောင်သောငါ့အမျက်မီးသည် သင်တို့ကိုလောင်ကျွမ်းမည်ဖြစ်၍ သင်မသိသောပြည်သို့ ရန်သူတို့နှင့်အတူ သင်လိုက်ပါသွားရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဤပြည်မှ သင်တို့နှင့်သင်တို့ဘိုးဘေးတို့မသိသောပြည်သို့ သင်တို့ကို ငါနှင်ထုတ်မည်။ ထိုပြည်၌ အခြားဘုရားများကို နေ့နေ့ညညအစေခံရမည်။ ငါသည် သင်တို့ကို မျက်နှာသာပေးမည်မဟုတ်ဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုရမည်။
ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံ ကိုးနှစ်၊ ဒသမလတွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ချီတက်လာ၍ ဂျေရုဆလင်မြို့ကို ဝိုင်းရံထားလေ၏။
ထို့ကြောင့် အစ္စရေး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးအား ဒေါနကိုစားစေမည်။ အဆိပ်ရေကိုသောက်စေမည်။
မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် သင်တို့ကိုမြို့ထဲမှ နှင်ထုတ်မည်၊ တစ်ပါးအမျိုးသားတို့၏လက်သို့အပ်မည်၊ အပြစ်ဒဏ်ပေးမည်။
အို အစ္စရေးအမျိုးအနွယ်တို့၊ ဘုရားရှင်ထာဝရဘုရားက ‘သွားကြ၊ ကိုယ့်ရုပ်တုကို ကိုယ်ကိုးကွယ်ကြလော့။ နောက်မှ ရုပ်တုများကို ပူဇော်ပြီး သန့်ရှင်းသောငါ့နာမကို မရှုတ်ချတော့ဘဲ ငါ့စကားကို နားထောင်ရမည့်အချိန် ရောက်လာလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
သင်တို့သည် သူတို့၏ရွံရှာဖွယ်ရာများဖြစ်သည့် သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို တွေ့မြင်ခဲ့ကြ၏။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။
သင်တို့သည် ထိုအရပ်၌ လူ့လက်ဖြင့်လုပ်၍ မမြင်နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မရနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။