Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 36:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ပြည်သူပြည်သား​တို့​သည် ယောရှိ​မင်းကြီး​၏​သား​တော်​ယောခတ်​အား ဂျေရုဆလင်​မြို့​တွင် ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယု​ဒ​ပြည်​သူ​တို့​သည်​ယော​ရှိ​၏​သား​တော် ယော​ခတ်​ကို​ရွေး​ချယ်​၍ ယေ​ရု​ရှ​လင်​မြို့ တွင်​မင်း​အ​ဖြစ်​ဘိ​သိက်​ပေး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ပြည် သူ ပြည် သား တို့ သည်၊ ယော ရှိ မင်း သား တော် ယော ခတ် ကို ခေါ် လျက်၊ ခ မည်း တော် အ ရိုက် အ ရာ၌၊ ယေ ရု ရှ လင် မြို့ တွင် မင်း မြှောက် ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ပြည်​သူ​ပြည်​သား​တို့​သည် ယော​ရှိ​သား ယော​ခတ်​ကို​ယူ၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 36:1
10 ပူးပေါင်းရင်းမြစ်များ  

ယောယကိမ်​မင်းကြီး​လက်ထက်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချီလာ​၍​တိုက်ခိုက်​သဖြင့် ယောယကိမ်​မင်းကြီး​သည် သူ့​လက်အောက်ခံ​အဖြစ် သုံး​နှစ်​နေ​ရ​၏​။ ထို့နောက် သူ့​ကို ပြန်လည်​ပုန်ကန်​ခဲ့​၏​။


ယောရှိ​၏​သား​များ​မှာ သားဦး​ယောဟနန်​၊ ဒုတိယ​သား​ယောယကိမ်​၊ တတိယ​သား​ဇေဒကိ​၊ စတုတ္ထ​သား​ရှလ္လုံ တို့​ဖြစ်​ကြ​၏​။


ထို့နောက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ​ရှိ​သေး​သော ဩဇိ​ကို မင်းမြှောက်​၍ ခမည်းတော်​အာမဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။


ထိုအခါ ပြည်သူပြည်သား​တို့​သည် အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။


သူ​၏​လုပ်ဆောင်မှု​အစ​အဆုံး​တို့​ကို အစ္စရေး​နှင့် ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​များ​တွင် ရေးမှတ်​ထား​၏​။


ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။


ခမည်းတော်​ယောရှိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​သော ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ရှလ္လုံ​မင်းကြီး​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “သူ​သည် ဤ​ပြည်​မှ​ထွက်သွား​၍ နောက်တစ်ဖန် ပြန်လာ​ရ​တော့​မည်​မ​ဟုတ်​။


သူ​ကျွေးမွေး​သော​သားပေါက်​တို့​ထဲမှ တစ်​ကောင်​သည် သန်စွမ်း​သော​ခြင်္သေ့ပျို​ဖြစ်လာ​၍ သားကောင်​ကို​ကိုက်ဖြတ်​ရန် သင်ယူ​၍ လူ​တို့​ကို​ပင် ကိုက်စား​ဝါးမျို​တတ်​လာ​၏​။


ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ