Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 33:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​၏​စစ်သူကြီး​တို့​ကို ချီလာ​စေ​၍ သူ​တို့​ကို​တိုက်ခိုက်​စေ​၏​။ သူ​တို့​သည် မနာရှေ​မင်းကြီး​ကို သံချိတ်​များ​ဖြင့်​ဖမ်းဆီး​၍ ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​အာ​ရှု​ရိ​တပ် မ​တော်​နှင့်​တပ်​မှူး​တို့​အား​ယု​ဒ​ပြည်​သို့​ချင်း နင်း​ဝင်​ရောက်​ခွင့်​ပြု​တော်​မူ​၏။ သူ​တို့​သည်​မ​နာ ရှေ​ကို​သံ​ချိပ်​များ​ဖြင့်​ဆွဲ​ချိပ်​ဖမ်း​ဆီး​ကာ သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ပြီး​လျှင်​ဗာ​ဗု​လုန် မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အာ ရှု ရိ ဘု ရင် ရဲ ဗိုလ် တို့ ကို နှိုး ဆော် တော် မူ သည့် အ တိုင်း၊ သူ တို့ သည် ချီ တက်၍ မ နာ ရှေ မင်း ကို ဖမ်း ဆီး ချည် နှောင် ပြီး လျှင်၊ ဗာ ဗု လုန် မြို့ သို့ နှာ ကွင်း တပ် လျက် ပို့ ကြ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ ဗိုလ်​မင်း​များ​ကို စစ်​ချီ​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် မ​နာ​ရှေ​ကို ဆူး​တော၌​ဖမ်း​မိ၍၊ သံ​ကြိုး​နှင့် ချည်​နှောင်​ပြီး​မှ၊ ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 33:11
19 ပူးပေါင်းရင်းမြစ်များ  

သင်​မှ​ဆင်းသက်​၍ သင်​ရ​သော​သား​သမီး​အချို့​တို့​ကို​လည်း ဖမ်းဆီး​သွား​လိမ့်မည်​။ သူ​တို့​သည် ဘေဘီလုံ​ဘုရင်​၏​နန်းတော်​၌ မိန်းမစိုး​များ​ဖြစ်​ရ​ကြ​လိမ့်မည်​”​ဟု ဆင့်ဆို​လေ​၏​။


ကျန်ရှိ​နေ​သော မနာရှေ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​များ​၊ သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို ယုဒ​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ဖာရော​နေခေါ​မင်းကြီး​သည် သူ့​ကို ဂျေရုဆလင်​မြို့​တွင် နန်းချ​ပြီး ဟာမတ်​ပြည်​၊ ရိဗလ​မြို့​တွင် အကျဉ်းချထား​၍ တိုင်းပြည်​ကို​လည်း ငွေ​တာလန်​တစ်ရာ​၊ ရွှေ​တစ်တာလန် ဒဏ်တပ်​လေ​၏​။


ခါလဒဲ​စစ်သည်​တို့​သည် ဇေဒကိ​မင်းကြီး​ကို​ဖမ်းဆီး​ပြီး ဘေဘီလုံ​ဘုရင်​ရှိ​ရာ ရိဗလ​မြို့​သို့ ခေါ်ဆောင်​သွား​ကြ​၍ သူ့​ကို စီရင်ချက်ချ​လေ​၏​။


သူ​သည် အာသ​မင်းကြီး​ထံ​သွား​ကာ “​အို အာသ​မင်းကြီး​နှင့် ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အပေါင်း​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ​လော့​။ သင်​တို့​သည် ထာဝရဘုရား​နှင့်အတူ​ရှိ​လျှင် ထာဝရဘုရား​သည်​လည်း သင်​တို့​နှင့်အတူ ရှိ​လိမ့်မည်​။ ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပစ်​လျှင် ကိုယ်တော်​သည်​လည်း သင်​တို့​ကို စွန့်ပစ်​တော်မူ​မည်​။


အီသီယိုးပီးယား​ပြည်​နား​ရှိ အာရပ်​လူမျိုး​၊ ဖိလိတ္တိ​လူမျိုး​တို့​သည် ယဟောရံ​မင်းကြီး​အား တိုက်ခိုက်​လာ​အောင် သူ​တို့​စိတ်​ကို ထာဝရဘုရား​နှိုးဆော်​တော်မူ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် ချီလာ​၍ သူ့​ကို​တိုက်ခိုက်​ပြီး ကြေးနီ​ကြိုး​များ​ဖြင့် ချည်နှောင်​ကာ ဘေဘီလုံ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။


အကျွန်ုပ်​တို့​၏​အပြစ်​များ​ကြောင့် အကျွန်ုပ်​တို့​ကို​အုပ်ချုပ်​ရန် ကိုယ်တော်​ခန့်ထား​တော်မူ​သော​ရှင်ဘုရင်​တို့​သည် ဤ​ပြည်​ထွက်​သီးနှံ​များ​ကို အလျှံအပယ်​စားသုံး​နေ​ကြ​ရ​ပါ​၏​။ အကျွန်ုပ်​တို့​နှင့် အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​ကို အလိုရှိ​သည့်​အတိုင်း ခိုင်းစေ​ကြ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ဆင်းရဲဒုက္ခ​အကြီးအကျယ်​ခံရ​ပါ​၏”​ဟု ဆို​ကြ​၏​။


ရှင်ဘုရင်​တို့​ချည်နှောင်​သော​ကြိုး​ကို ဖြေ​၍ သူ​တို့​ခါး​ကို ခါးပတ်​နှင့် စည်း​တော်မူ​၏​။


အကြောင်းမူကား သူ​က “​ငါ​၏​တပ်မှူး​အားလုံး​သည် ဘုရင်​ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။


စစ်ရထား​၊ မြင်းစီးသူရဲ​တို့​ရရှိ​ဖို့ အီဂျစ်​ပြည်​ကို ကိုးစား​သော သင်​က ငါ့​သခင်​၏​မင်းမှုထမ်း​များ​ထဲမှ အနိမ့်ဆုံး​အရာရှိ​တစ်​ယောက်​ကို​ပင် ရင်ဆိုင်​တွန်းလှန်​နိုင်​မည်လော​။


ငါ​မ​ထွက်သွား​နိုင်​အောင် ကြေးနီ​ကြိုး​ဖြင့်​ချုပ်နှောင်​၍ ပိတ်လှောင်​ထား​ပြီ​။


ထာဝရဘုရား​သည် သင့်​ကို​လည်းကောင်း​၊ သင်​တင်မြှောက်​ထား​သော သင့်​ကို​အုပ်စိုး​သည့်​ရှင်ဘုရင်​ကို​လည်းကောင်း သင်​မ​သိ​၊ သင့်​ဘိုးဘေး​တို့​လည်း​မ​သိ​သော လူမျိုး​ထံသို့ ဆောင်သွား​တော်မူ​သဖြင့် သင်​သည် ထို​အရပ်​၌ အခြား​ဘုရား​များ​ဖြစ်​သည့် သစ်သား​ဘုရား​၊ ကျောက်​ဘုရား​တို့​ကို​ဝတ်ပြု​ရ​လိမ့်မည်​။


အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​စစ်သည် အပြင်းအထန်​နှိမ်နင်း​ခံရ​၍ ဒုက္ခရောက်​နေ​သည်​ကို သိမြင်​လေ​၏​။ စစ်သည်​တို့​သည် လိုဏ်ဂူ​၊ ဆူးချုံတော​၊ ကျောက်ဆောင်​၊ မြေတွင်း​နှင့် လိုဏ်ခေါင်း​များ​ထဲ၌ ပုန်းအောင်း​နေ​ကြ​ရ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ