ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
တရားဟော 10:12 - မြန်မာ့စံမီသမ္မာကျမ်း အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊ Common Language Bible ``အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှစ်သက်တော် မူသောကျင့်ဝတ်ကားဤသို့တည်း၊ ထာဝရ ဘုရားကိုကြောက်ရွံ့ရိုသေ၍၊- Garrad Bible ယ ခု မှာ အို ဣ သ ရေ လ လူ မျိုး၊ သင် တို့ ကောင်း စား အံ့ သော ငှါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ နည်း လမ်း တော် တိုင်း ၌ လိုက် လျှောက် ခြင်း၊ ကိုယ် တော် ကို ချစ် ကြည် မြတ် နိုး ခြင်း၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ ဝတ် ပြု ခြင်း၊ ယ နေ့ ငါ ဆင့် ဆို သော မိန့် မှာ ထုံး ဖွဲ့ တော် မူ ချက် များ ကို စောင့် ရှောက် ခြင်း မှ တစ် ပါး၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ မည် သို့ အ လို ရှိ တော် မူ သေး သ နည်း။ Judson Bible အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊ |
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
သူသည် ထာဝရဘုရားကို မစွန့်၊ နောက်တော်သို့လိုက်၍ ဆည်းကပ်ကိုးကွယ်၏။ မောရှေအား ထာဝရဘုရား မိန့်မှာထားတော်မူသောပညတ်တော်များကို စောင့်ထိန်း၏။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ထို့နောက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ရှာမည်ဟု ကတိသစ္စာပြုကြ၏။
သူတို့သည် နာခံ၍ အမှုတော်ကိုဆောင်ရွက်လျှင် ကောင်းစားသောနေ့ရက်များ၊ နှစ်လိုဖွယ်သောနှစ်ကာလများကို ဖြတ်သန်းသွားရလိမ့်မည်။
ကိုယ်တော်၏သက်သေခံချက်တို့ကို လိုက်နာကျင့်သုံး၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။
ထာဝရဘုရားသည် မိမိကိုချစ်သောသူအပေါင်းတို့ကို စောင့်ရှောက်တော်မူ၏။ ဆိုးယုတ်သောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူလိမ့်မည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စွမ်းပကားဖြစ်တော်မူသောကိုယ်တော်ကို အကျွန်ုပ်မြတ်နိုးပါ၏။
ကိုယ်တော်၏သန့်ရှင်းသောသူတို့၊ ထာဝရဘုရားကိုကြောက်ရွံ့ကြလော့။ အကြောင်းမူကား ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့သည် ချို့တဲ့နွမ်းပါးခြင်းမရှိရ။
ငါ့လူမျိုးတော်သည် ငါ့စကားကိုနားထောင်၍ အစ္စရေးလူမျိုးသည် ငါ၏လမ်းအတိုင်းလျှောက်လှမ်းခဲ့လျှင်
ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာရှုံးနိမ့်စေ၍ ငါ၏လက်ကို သူတို့၏ရန်သူများဘက်သို့ ပြန်လှည့်စေခဲ့ပေလိမ့်မည်။”
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
အားလုံးကိုကြားရပြီးသည့်နောက် နိဂုံးချုပ်စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် လူတို့ပြုရမည့်အရာအလုံးစုံ၏အချုပ်ဖြစ်၏။
သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။
ကိုယ်တော်ကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံးနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်။’
ထိုသူက “သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံး၊ သင်၏အစွမ်းသတ္တိရှိသမျှနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်ဟူ၍လည်းကောင်း၊ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်ဟူ၍လည်းကောင်း ဖြစ်ပါသည်”ဟု လျှောက်လေ၏။
သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ထလော့။ သူတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်ပြည်ကို သူတို့ဝင်ရောက်သိမ်းပိုက်ဖို့ သင်သည် သူတို့ရှေ့မှ ခရီးပြုလော့’ဟု မိန့်တော်မူ၏။
သင်ကောင်းစားမည့်အကြောင်း သင့်အား ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက် တို့ကို စောင့်ထိန်းရမည် စသည်တို့ကိုသာ တောင်းဆိုသည်မဟုတ်လော။
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက် တို့ကို အစဉ်အမြဲစောင့်ထိန်းရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုလော့။ ယနေ့ သင်တို့အား ငါဆင့်ဆိုသည့် ပညတ်တော်တို့ကို သေချာစွာနားထောင်လော့။
ဤပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကိုလိုက်နာရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ယနေ့မိန့်မှာတော်မူပြီဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ လိုက်နာစောင့်ထိန်းရမည်။
ထို့ကြောင့် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်၍ ယနေ့ သင်တို့အား ငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်”ဟု ဆိုလေ၏။
သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။
ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။
ငါ့ကိုကြောက်ရွံ့၍ ငါ၏ပညတ်တော်အလုံးစုံကို အစဉ်အမြဲစောင့်ထိန်းမည့်စိတ်သဘော သူတို့၌ ရှိမည်ဆိုလျှင် သူတို့နှင့်သူတို့၏သားမြေးတို့သည် အစဉ်ကောင်းစားလိမ့်မည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသောလမ်းရှိသမျှအတိုင်း လိုက်လျှောက်လော့။ သို့ပြုလျှင် သင်တို့ပိုင်ဆိုင်ရမည့်ပြည်၌ သင်တို့သည် အသက်ချမ်းသာရာရမည်။ ကောင်းစား၍ အသက်ရှည်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်။ ထိုအရှင်ကိုသာ ဝတ်ပြုရမည်။ ထိုအရှင်၏နာမတော်ကို တိုင်တည်၍ကျိန်ဆိုရမည်။
သင်မှစ၍ သင်၏သားမြေးတို့သည် အသက်ရှင်သမျှကာလပတ်လုံး သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့၍ သင့်အားငါဆင့်ဆိုသည့် ကိုယ်တော်၏ပြဋ္ဌာန်းချက်နှင့်ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းရမည်။ ထိုသို့ပြုလျှင် သင်တို့သည် အသက်ရှည်လိမ့်မည်။
ယနေ့ကဲ့သို့ ငါတို့သည် အစဉ်ကောင်းစား၍ အသက်ချမ်းသာရာရမည့်အကြောင်း ငါတို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍ ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာရန် ငါတို့အား ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။
သင်၏ဘုရားသခင် ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် ချစ်ရမည်။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
ထို့ကြောင့် ငါတို့သည် မတုန်လှုပ်နိုင်သောနိုင်ငံတော်ကိုရရှိသည်ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းလျက် ကြည်ညိုခြင်းနှင့်ရိုသေခန့်ညားခြင်းတို့ဖြင့် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြကုန်စို့။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။
သို့ဖြစ်၍ ယခု ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလျက် ရိုးသားဖြူစင်စွာ၊ သစ္စာရှိစွာ ဝတ်ပြုကြလော့။ ယူဖရေးတီးမြစ်တစ်ဖက်၌လည်းကောင်း၊ အီဂျစ်ပြည်၌လည်းကောင်း သင်တို့ဘိုးဘေးတို့ဝတ်ပြုခဲ့သောဘုရားများကိုဖယ်ရှား၍ ထာဝရဘုရားကိုသာ ဝတ်ပြုကြလော့။
လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ မည်သူမဆို လောကကိုချစ်လျှင် ခမည်းတော်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌မရှိ။
မည်သူသည် လောကကိုအောင်နိုင်သနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ယုံကြည်သောသူပင်မဟုတ်လော။
ရှမွေလကလည်း လူတို့အား “သင်တို့မကြောက်ကြပါနှင့်။ ဤမကောင်းမှုအလုံးစုံကို ပြုမိခဲ့ကြသော်လည်း ယခုမှာ ထာဝရဘုရားနောက်တော်သို့လိုက်ခြင်းမှ မလွှဲသွားကြပါနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြပါလော့။