၄ ရာ 18:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူသည် ထာဝရဘုရားကို မစွန့်၊ နောက်တော်သို့လိုက်၍ ဆည်းကပ်ကိုးကွယ်၏။ မောရှေအား ထာဝရဘုရား မိန့်မှာထားတော်မူသောပညတ်တော်များကို စောင့်ထိန်း၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သူသည်ထာဝရဘုရားအားသစ္စာစောင့်၍ ကိုယ် တော်၏စကားတော်ကိုအဘယ်အခါ၌မျှ မလွန်ဆန်။ မောရှေအားထာဝရဘုရားပေး တော်မူသောပညတ်တော်တို့ကိုသေချာစွာ စောင့်ထိန်း၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ထာ ဝ ရ ဘု ရား ကို ဆည်း ကပ် လျက် အ စဉ် တ စိုက် နောက် တော် သို့ လိုက်၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော ပညတ် တော် များ ကို စောင့် ရှောက် သည် နှင့် အ ညီ အခန်းကိုကြည့်ပါ။Judson Bible6 ထာဝရဘုရား၌ဆည်းကပ်၍ နောက်တော်သို့ အစဉ်အမြဲလိုက်သဖြင့် မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်တို့ကို စောင့်ရှောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊