Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 12:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထို့ကြောင့် ငါ​တို့​သည် မ​တုန်လှုပ်​နိုင်​သော​နိုင်ငံ​တော်​ကို​ရရှိ​သည်​ဖြစ်၍ ကျေးဇူး​တော်​ကို​ချီးမွမ်း​ကြ​စို့။ ထိုသို့ ကျေးဇူး​တော်​ချီးမွမ်း​လျက် ကြည်ညို​ခြင်း​နှင့်​ရိုသေ​ခန့်ညား​ခြင်း​တို့​ဖြင့် ဘုရားသခင်​နှစ်သက်​တော်မူ​သည့်​အတိုင်း ဝတ်ပြု​ကြ​ကုန်​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28-29 ထို ကြောင့် မ လှုပ် ရှား နိုင် သော နိုင် ငံ တော် ကို ငါ တို့ ရ ကြ သည် နှင့် အ ညီ ကျေး ဇူး တော် ကို ခံ စား၍ ငါ တို့ ဘု ရား သ ခင် သည် ကျွမ်း လောင် သော မီး ဖြစ် တော် မူ သည့် အ လျောက် နှစ် သက် တော် မူ သော ဝတ် ကို ရို သေ ခံ ညား စွာ ဆက် ကပ် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​ကြောင့်၊ ငါ​တို့​သည် မ​လှုပ်​နိုင်​သော​နိုင်​ငံ​ကို ရ​သည်​ဖြစ်၍၊ ခန့်​ညား​ကြောက်​ရွံ့​သော​သ​ဘော​နှင့် ဘု​ရား​သ​ခင်​ကို လျောက်​ပတ်​စွာ ဝတ်​ပြု​နိုင်​မည်​အ​ကြောင်း၊ ကျေး​ဇူး​တော်​ကို စွဲ​လမ်း​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 သို့ဖြစ်လျှင် ကျွန်ုပ်တို့​သည် မတုန်လှုပ်နိုင်သော​နိုင်ငံ​ကို ရရှိ​သဖြင့် ဘုရားသခင်​ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့​သည် ကြောက်ရွံ့​ရိုသေ​လျက် ဘုရားသခင်​နှစ်သက်တော်မူသည့်​အတိုင်း ဝတ်ပြုကြစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 12:28
32 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​၏​ကျောက်ဆောင်​၊ အကျွန်ုပ်​ကို​ရွေးနုတ်​တော်မူ​သော​အရှင် အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​နှုတ်ထွက်​စကား​များ​နှင့် အကျွန်ုပ်​စိတ်နှလုံး​၏​အတွေးအကြံ​သည် ရှေ့​တော်​၌​နှစ်သက်​ဖွယ်​ဖြစ်​ပါစေသော​။


ကြောက်ရွံ့​သော​စိတ်​ဖြင့် ထာဝရဘုရား​၏​အမှု​တော်​ကို ဆောင်ရွက်​ကြ​လော့​။ ထိတ်လန့်တုန်လှုပ်​လျက် ရွှင်လန်း​ကြ​လော့​။


ဘုရားသခင်​သည် သန့်ရှင်း​သော​သူ​တို့​၏ အစည်းအဝေး​တွင် အလွန်​ကြောက်ရွံ့ရိုသေ​ခြင်း​ကို ခံရ​သော​အရှင်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​ပတ်လည်​၌​ရှိ​သော​သူ​အပေါင်း​တို့​ထက် အံ့ဩ​ဖွယ်​ဖြစ်​တော်မူ​၏​။


မိမိ​၏​ဖခင်​၊ သို့မဟုတ် မိခင်​၏​ဥစ္စာ​ကို​လုယူ​ပြီးမှ ငါ​အပြစ်​ကျူးလွန်​သည်​မ​ဟုတ်​ဟု ပြောဆို​သော​သူ​သည် အဖျက်သမား​၏​အပေါင်းအဖော်​ဖြစ်​၏​။


ငါ​၏​သန့်ရှင်း​သော​တောင်​ပေါ်သို့ ငါ​ဆောင်​ခဲ့​၍ ငါ​၏​ဆုတောင်း​ရာ​အိမ်​၌ သူ​တို့​ကို ငါ​ဝမ်းမြောက်​စေ​မည်​။ ငါ့​ယဇ်ပလ္လင်​ပေါ်မှာ​ပူဇော်​သော သူ​တို့​၏​မီးရှို့ရာယဇ်​များ​၊ ပူဇော်သက္ကာ​များ​ကို ငါ​လက်ခံ​မည်​။ ငါ့​အိမ်​တော်​ကို လူမျိုး​တကာ​တို့​၏​ဆုတောင်း​ရာ​အိမ်​ဟူ၍ ခေါ်ဝေါ်​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​၏​အာဏာစက်​သည် အစဉ်​တိုးပွား​၍ ငြိမ်သက်​ခြင်း​သည် အဆုံး​မ​ရှိ​။ ဒါဝိဒ်​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​၍ နိုင်ငံ​တော်​ကို ယခု​မှစ၍ နောင်ကာလ​အစဉ် တရားမျှတ​ခြင်း၊ ဖြောင့်မတ်​ခြင်း​တို့​ဖြင့် တည်တံ့​ခိုင်မြဲ​စေ​မည်​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စိတ်အားထက်သန်​စွာ​ဖြင့် ဤ​အမှု​ကို ပြု​တော်မူ​လိမ့်မည်​။


ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။


သူ့​အား နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​၊ ဂုဏ်သရေ​ကို အပ်နှင်း​ပြီ​ဖြစ်၍ နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ့​အား​ကိုးကွယ်​ကြ​လိမ့်မည်​။ သူ​၏​အာဏာစက်​သည် မ​ပျောက်ပျက်​၊ ထာဝရ​တည်​သော​အာဏာစက် ဖြစ်​၏​။ နိုင်ငံ​တော်​သည်​လည်း မည်သည့်​အခါ​မျှ ပျက်စီး​မည်​မ​ဟုတ်​။


ထို့နောက် အမြင့်ဆုံး​သော​အရှင်​၏​သန့်ရှင်း​သော​လူမျိုး​တော်​သည် နိုင်ငံ​တော်​နှင့်တကွ အာဏာစက်​ကို​လည်းကောင်း​၊ ကောင်းကင်​တစ်ခွင်​အောက်​ရှိ​တိုင်းနိုင်ငံ​များ​၏​ဘုန်းတန်ခိုး​တို့​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။ ကိုယ်တော်​၏​နိုင်ငံ​သည် ထာဝရ​နိုင်ငံ​ဖြစ်​ပြီး အာဏာရ​မင်း​ရှိသမျှ​သည် ကိုယ်တော့်​ကို နာခံ​၍ ဝတ်ပြု​ကြ​လိမ့်မည်’​ဟု ငါ့​အား ရှင်းပြ​၏​။


ထိုအခါ မောရှေ​က အာရုန်​အား “​ထာဝရဘုရား​က ‘​ငါ့​ထံသို့​ချဉ်းကပ်​သော​သူ​တို့​အား ငါ​သန့်ရှင်း​ကြောင်း ငါ​ထင်ရှား​ပြ​မည်​။ လူ​အပေါင်း​တို့​ရှေ့​၌ ငါ​သည် ဘုန်းအသရေ​ရှိ​မည်​’​ဟူ၍ မိန့်ဆို​ခဲ့​သည်​မှာ ဤ​အမှု​ကို​ဆိုလို​၏​”​ဟု ဆို​သော် အာရုန်​သည် တိတ်ဆိတ်​နေ​လေ​၏​။


ထို့နောက် မင်းကြီး​သည် မိမိ​၏​လက်ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခမည်းတော်​ထံမှ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​ကတည်းက သင်​တို့​အတွက် ပြင်ဆင်​ထား​သော​နိုင်ငံ​တော်​ကို လာ​၍ အမွေ​ဆက်ခံ​ကြ​လော့။


သူ​သည် ယာကုပ်​အမျိုး​ကို ကာလ​အစဉ်အဆက်​အုပ်ချုပ်​လိမ့်မည်။ သူ​၏​နိုင်ငံ​တော်​သည်​လည်း​အဆုံး​မ​ရှိ အစဉ်​တည်​လိမ့်မည်”​ဟု မြွက်ဆို​လေ​၏။


မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံကြည်​မှု​ကြောင့် ခုတ်ဖြတ်​ခြင်း​ခံရ​ပြီး သင်​မူကား ယုံကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်လွှား​သော​သဘော​မ​ရှိ​ဘဲ ကြောက်ရွံ့​ခြင်း​ရှိ​လော့။


ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။


သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​ကြ​လော့။


ငါ​သည် အရာ​အားလုံး​ကို​ရရှိ​၍ ကြွယ်ဝ​လျက်​ရှိ​၏။ သင်​တို့​ပေးပို့​သည့်​အရာ​များ​ကို ဧပဖြောဒိတ်​ထံမှ ငါ​လက်ခံ​ရရှိ​၍ ပြည့်စုံ​လျက်​ရှိ​ပြီ။ ထို​အရာ​တို့​သည် မွှေးကြိုင်​သည့်​ရနံ့၊ ဘုရားသခင်​နှစ်သက်​တော်မူ​သော လက်ခံ​ဖွယ်​ရာ​ယဇ်​ဖြစ်​ကြ​၏။


ထို့ကြောင့် ညီအစ်ကို​တို့၊ ငါ​တို့​သည် ယေရှု​၏​သွေး​တော်​အားဖြင့် အလွန်​သန့်ရှင်း​ရာ​ဌာန​ထဲသို့ ယုံကြည်​စိတ်ချ​စွာ​ဖြင့်​ဝင်ခွင့်​ရှိ​၏။


ထို့ကြောင့် ငါ​တို့​သည် နာမ​တော်​ကို​ဝန်ခံ​သော​နှုတ်​၏​အသီးအပွင့်​တည်းဟူသော ချီးမွမ်း​ခြင်း​ယဇ်​ကို ကိုယ်တော်​အားဖြင့် ဘုရားသခင်​အား အစဉ်မပြတ်​ပူဇော်​ကြ​ကုန်စို့။


ရှေ့​တော်​၌​နှစ်သက်​ဖွယ်​သော​အမှု​ကို ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​တွင်​ပြု​တော်မူ​၍ ကိုယ်တော်​၏​အလို​တော်​ကို သင်​တို့​ဆောင်ရွက်​နိုင်​ရန် ကောင်း​သော​အမှု​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ခရစ်တော်​မူကား သား​တော်​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​အပေါ်​သစ္စာရှိ​တော်မူ​၏။ ငါ​တို့​သည် ယုံကြည်​စိတ်ချ​ခြင်း​နှင့် မျှော်လင့်​ခြင်း​၌​ဂုဏ်ယူ​ဝါကြွား​ခြင်း​တို့​ကို စွဲကိုင်​ထား​လျှင် ဘုရားသခင်​၏​အိမ်​တော်​ဖြစ်​ကြ​၏။


ထို့ကြောင့် ငါ​တို့​သည် ကရုဏာ​တော်​နှင့်​ကျေးဇူး​တော်​တို့​ကို​ခံစား​ရ​လျက် သင့်လျော်​သော​အချိန်​၌ ကူညီမစ​မှု​ကို​ရရှိ​မည့်​အကြောင်း ယုံကြည်​စိတ်ချ​စွာ​ဖြင့် ကျေးဇူး​တော်​ပလ္လင်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​စို့။


ခရစ်တော်​သည် လူသား​အဖြစ်​၌​ရှိ​စဉ် သေ​ခြင်း​မှ​ကယ်တင်​နိုင်​သော​အရှင်​ထံ ကျယ်လောင်​သော​အော်ဟစ်​သံ​နှင့်​မျက်ရည်​တို့​ဖြင့် တောင်းလျှောက်​၍ အသနားခံ​သဖြင့် ထို​ကြည်ညို​မှု​ကြောင့် ဘုရားသခင်​သည် နားညောင်း​တော်မူ​၏။


သင်​တို့​သည် လူ​တို့​အား မျက်နှာလိုက်​ခြင်း​မ​ရှိ​ဘဲ တစ်ဦးစီ​တို့​ပြု​သော​အမှု​အတိုင်း တရား​စီရင်​တော်မူ​သော​အရှင်​ကို အဖ​ဟု​ခေါ်​ကြ​လျှင် ဤ​လောက​တွင် ဧည့်သည်​အဖြစ်​နေထိုင်​စဉ်​ကာလ​တစ်လျှောက်လုံး ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အသက်ရှင်​နေထိုင်​ကြ​လော့။


သင်​တို့​သည် အပြစ်​ပြု​၍ ရိုက်နှက်​ခြင်း​ခံရ​သည်​ကို​သည်းခံ​လျှင် မည်သည့်​ချီးမွမ်း​စရာ​ရှိ​မည်နည်း။ သို့သော် ကောင်း​သော​အမှု​ကို​ပြု​၍ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သည်​ကို​သည်းခံ​လျှင် ဘုရားသခင်​ရှေ့​တော်​၌ ဂုဏ်ယူ​ဖွယ်​ဖြစ်​၏။


သင်​တို့​ကိုယ်တိုင်​သည်​လည်း အသက်ရှင်​သော​ကျောက်​ကဲ့သို့ ဝိညာဉ်ရေး​ဆိုင်ရာ​အိမ်​တော်​အဖြစ် တည်ဆောက်​ခြင်း​ကို​ခံ​ကြ​လော့။ ဤသည်ကား သင်​တို့​သည် သန့်ရှင်း​သော​ယဇ်ပုရောဟိတ်​မျိုး​ဖြစ်​လျက် ဘုရားသခင်​နှစ်သက်​လက်ခံ​တော်မူ​သော ဝိညာဉ်ရေး​ဆိုင်ရာ​ယဇ်​များ​ကို ယေရှု​ခရစ်တော်​အားဖြင့် ပူဇော်​နိုင်​ရန် ဖြစ်​၏။


ငါ​တို့​အား နိုင်ငံ​တော်​ဖြစ်​စေ​လျက် မိမိ​ခမည်းတော်​ဘုရားသခင်​ရှေ့​တော်​၌ ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သော​အရှင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။


အို ထာဝရ​ဘုရား၊ မည်သူ​သည် ကိုယ်တော်​ကို​မ​ကြောက်ရွံ့၊ နာမ​တော်​ကို​လည်း မ​ချီးမွမ်း​ဘဲ နေ​လိမ့်မည်​နည်း။ အကြောင်းမူကား ကိုယ်တော်​တစ်ပါးတည်း​သာလျှင် သန့်ရှင်း​တော်မူ​၏။ ကိုယ်တော်​၏​ဖြောင့်မတ်​သော​စီရင်​ချက်​တို့​သည် ထင်ရှား​သည်​ဖြစ်၍ လူမျိုး​တကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​သို့​လာ​၍ ရှိခိုး​ကြ​ပါ​လိမ့်မည်”​ဟု ဆို​ကြ​၏။


သူ​တို့​ကို အကျွန်ုပ်​တို့​၏​ဘုရားသခင်​အတွက် နိုင်ငံ​တော်​တစ်​ခု​နှင့် ယဇ်ပုရောဟိတ်​များ​ဖြစ်​စေ​တော်မူ​သဖြင့် သူ​တို့​သည် ကမ္ဘာ​မြေကြီး​ပေါ်တွင် အုပ်စိုး​ရ​ကြ​လိမ့်မည်”​ဟု ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ