၄ ရာ 18:3 - မြန်မာ့စံမီသမ္မာကျမ်း3 ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ထိုမင်းသည်မိမိ၏ဘေးတော်ဒါဝိဒ်၏စံန မူနာကိုယူ၍ ထာဝရဘုရားနှစ်သက်တော် မူသောအမှုတို့ကိုပြု၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို မင်း သည် ဘေး တော် ဒါ ဝိဒ် မင်း ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် သည် နှင့် အ ညီ အခန်းကိုကြည့်ပါ။Judson Bible3 ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ အခန်းကိုကြည့်ပါ။ |
ငါမိန့်မှာသမျှကို သင်လိုက်နာ၍ ငါ့လမ်းသို့လိုက်မည်၊ ငါ့အစေအပါးဒါဝိဒ်မင်းကြီး ပြုကျင့်သကဲ့သို့ ငါ၏ပြဋ္ဌာန်းချက်များ၊ ပညတ်ချက်များကို ငါ့ရှေ့မှောက်တွင် မှန်ကန်စွာပြုကျင့်မည်ဆိုလျှင် ငါသည် သင်နှင့်အတူရှိပြီး ဒါဝိဒ်မင်းဆက်ကို တည်စေသည့်နည်းတူ သင့်မင်းဆက်ကိုလည်း ခိုင်မြဲစွာတည်စေမည်။ အစ္စရေးနိုင်ငံကို သင့်အား အုပ်စိုးခွင့်ပေးမည်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊