Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 10:12 - Common Language Bible

12 ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12-13 ယ ခု မှာ အို ဣ သ ရေ လ လူ မျိုး၊ သင် တို့ ကောင်း စား အံ့ သော ငှါ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ခန့် ညား လျက်၊ နည်း လမ်း တော် တိုင်း ၌ လိုက် လျှောက် ခြင်း၊ ကိုယ် တော် ကို ချစ် ကြည် မြတ် နိုး ခြင်း၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ ဝတ် ပြု ခြင်း၊ ယ နေ့ ငါ ဆင့် ဆို သော မိန့် မှာ ထုံး ဖွဲ့ တော် မူ ချက် များ ကို စောင့် ရှောက် ခြင်း မှ တစ် ပါး၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ မည် သို့ အ လို ရှိ တော် မူ သေး သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍၊ လမ်း​တော်​သို့​လိုက်​သွား​ခြင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 10:12
55 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။


သို့​ရာ​တွင်​ယေ​ဟု​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ပ​ညတ်​တ​ရား​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း မဲ့​မ​လိုက်​လျှောက်​ဘဲ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​ပြစ်​ကူး​လွန်​ရန် လမ်း​ပြ သူ​ယေ​ရော​ဗောင်​၏​လမ်း​စဉ်​ကို​လိုက်​လေ သည်။


ထို​မင်း​သည်​မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​၏​စံ​န မူ​နာ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​အ​မှု​တို့​ကို​ပြု​၏။-


သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သစ္စာ​စောင့်​၍ ကိုယ် တော်​၏​စ​ကား​တော်​ကို​အ​ဘယ်​အ​ခါ​၌​မျှ မ​လွန်​ဆန်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​သော​ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ စောင့်​ထိန်း​၏။-


ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-


သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ်​စွမ်း​ကိုယ်​စွမ်း ရှိ​သ​မျှ​နှင့်​ကိုး​ကွယ်​မည်​ဟူ​၍​ပ​ဋိ​ညာဉ် ပြု​ကြ​၏။-


စကားတော်ကိုနားထောင်၍ အမှုတော်ကိုဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်၊ နှစ်လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။


သွန်​သင်​တော်​မူ​ခက်​တို့​ကို​လိုက်​နာ​၍ ကိုယ်​တော်​၏​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ ခံ​ယူ​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ်​တော်​၏​နည်း​လမ်း​တော်​များ​နှင့်​အ​ညီ ကျင့်​ကြံ​ပြု​မူ​သူ​များ​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။


ကိုယ်​တော်​သည်​မိ​မိ​အား​ချစ်​သော​သူ​အ​ပေါင်း တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ သူ​ယုတ်​မာ​အ​ပေါင်း​တို့​ကို​မူ​ကား သုတ်​သင်​တော်​မူ​လိမ့်​မည်။


အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။


ကိုယ်​တော်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​တို့​သည် ချို့​တဲ့​မှု​ရှိ​ကြ​လိမ့်​မည်​မ​ဟုတ်။


ငါ​၏​လူ​စု​တော်​သည်​ငါ့​စ​ကား​ကို နား​ထောင်​စေ​ချင်​စမ်း​ပါ​ဘိ။ ငါ့​အ​မိန့်​ကို​နာ​ခံ​စေ​ချင်​စမ်း​ပါ​ဘိ။


သို့​ဖြစ်​လျှင်​ငါ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို အ​လျင်​အ​မြန်​အ​ရေး​ရှုံး​နိမ့်​စေ​မည်။ သူ​တို့​၏​ရန်​ဘက်​အား​လုံး​ကို​နှိမ်​နင်း​မည်။


သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကိုး​ကွယ်​လျှင် ငါ​သည်​သင်​တို့​အား ဝ​လင်​စွာ​စား​သောက်​ရ​စေ​မည်။ အ​နာ​ရော​ဂါ တို့​မှ​လည်း​ကင်း​ရှင်း​စေ​မည်။-


အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။


သို့​ဖြစ်​၍​သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ​ကို စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​များ​ကို​တိ​ကျ စွာ​လိုက်​နာ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏ လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​သော​အ​ရာ​ကို ပြ​တော်​မူ​ပြီ။ ကိုယ်​တော်​အ​လို​ရှိ​တော်​မူ သော​အ​ရာ​ကို​ဖော်​ပြ​တော်​မူ​ခဲ့​ပြီ။ ကိုယ် တော်​အ​လို​ရှိ​သော​အ​ရာ​သည်​ကား​တ​ရား မျှ​တ​စွာ​ပြု​ကျင့်​ခြင်း၊ မေတ္တာ​က​ရု​ဏာ​ထား ရှိ​ခြင်း၊ စိတ်​နှိမ့်​ချ​စွာ​သင်​၏​ဘု​ရား​သ​ခင် နှင့်​အ​တူ​သွား​လာ​နေ​ထိုင်​ခြင်း​တို့​ဖြစ် သ​တည်း။


``ထို​အ​ခါ​ငါ​သည်​လူ​မျိုး​အ​ပေါင်း​ကို ပြု​ပြင်​ပြောင်း​လဲ​စေ​မည်​ဖြစ်​၍ သူ​တို့​သည် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​ဘဲ ငါ့ ကို​သာ​ကိုး​ကွယ်​ကြ​လိမ့်​မည်။ သူ​တို့​အား လုံး​ပင်​ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ လိမ့်​မည်။-


ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-


ထို​သူ​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​လော့။ သင်​၏​အိမ်​နီး​ချင်း​ကို​ကိုယ် နှင့်​အ​မျှ​ချစ်​လော့​ဟု​ပါ​ရှိ​ပါ​သည်'' ဟူ​၍ လျှောက်​၏။


``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''


ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။


သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။-


ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-


ထို့​နောက်​သင်​တို့​၏​ဘိုး​ဘေး​တို့​အား ပေး​မည် ဟု​က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ချီ​တက် သိမ်း​ယူ​နိုင်​ရန် သင်​တို့​ကို​ခေါင်း​ဆောင်​ရ​မည် ဟု​ငါ့​အား​မိန့်​တော်​မူ​၏။''


မိန့်​တော်​မူ​သ​မျှ​ကို​လိုက်​နာ​လော့။ ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချစ်​၍ အ​မှု တော်​ကို​ဆောင်​ရွက်​လော့။ သင်​တို့​၏​ကောင်း​ကျိုး အ​လို့​ငှာ ယ​နေ့​ငါ​ပေး​သော​ပ​ညတ်​အ​လုံး စုံ​ကို​စောင့်​ထိန်း​လော့။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-


``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။-


``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။-


သို့​ဖြစ်​၍​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင် လျက် သင်​တို့​အား​ငါ​တို့​ယ​နေ့​ဆင့်​ဆို​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း​ကြ လော့'' ဟု​မှာ​ကြား​ကြ​၏။


ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-


သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။


သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-


သူ​တို့​သည်​ဤ​ကဲ့​သို့​ငါ့​ကို​အ​စဉ်​ကြောက်​ရွံ့ ရို​သေ​၍ ငါ​၏​ပညတ်​တော်​အား​လုံး​ကို​စောင့်​ထိန်း ကြ​မည်​ဆို​လျှင် သူ​တို့​နှင့်​သူ​တို့​၏​အ​ဆက် အ​နွယ်​များ​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ လိမ့်​မည်။-


သင်​တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင်​ကောင်း စား​၍ ဆက်​လက်​နေ​ထိုင်​ရန်​ပ​ညတ်​တော်​ရှိ သ​မျှ​ကို​လိုက်​နာ​စောင့်​ထိန်း​ရ​ကြ​မည်။


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​လော့။ ကိုယ်​တော်​ကို​သာ​ကိုး ကွယ်​လော့။ ကိုယ်​တော်​၏​နာ​မ​တော်​ကို​သာ တိုင်​တည်​လျက်​က​တိ​သစ္စာ​ပြု​လော့။-


သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့ ရို​သေ​ရ​ကြ​မည်။ သင်​တို့​သည်​ထို​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​နိုင်​ရန် ငါ​ပေး​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​နား​ထောင်​၍ စောင့်​ထိန်း​ကြ​လော့။-


ထို​နောက်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ပ​ညတ်​အ​လုံး​စုံ​တို့​ကို​လိုက် နာ​ကျင့်​သုံး​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ရန်​လည်း​ကောင်း​ပြ​ဋ္ဌာန်း တော်​မူ​၏။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။-


ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-


ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ကိုယ်​တော်​၏​ပညတ်​တော်​များ ကို​စောင့်​ထိန်း​လော့။ အ​လို​တော်​အ​တိုင်း​ကျင့် ၍​ကိုယ်​တော်​၏​သစ္စာ​ကို​စောင့်​ကြ​လော့။ အ​မှု တော်​ကို​ကိုယ်​စွမ်း၊ စိတ်​စွမ်း​ရှိ​သ​မျှ​ဖြင့် ဆောင်​ရွက်​ကြ​လော့​ဟူ​၍ မော​ရှေ​မိန့်​မှာ​ခဲ့ သည့်​အ​တိုင်း​လိုက်​နာ​ရန်​သ​တိ​ပြု​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။-


ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-


သင်​တို့​သည်​လော​က​ကို​သော်​လည်း​ကောင်း၊ လော ကီ​အ​ရာ​များ​ကို​သော်​လည်း​ကောင်း​မ​ချစ်​ကြ နှင့်။ လော​က​ကို​ချစ်​သော​သူ​သည်​ခ​မည်း​တော် ကို​မ​ချစ်။-


သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ခံ​ယူ​ယုံ​ကြည်​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​သည်​လော​က​ကို​အောင်​နိုင်​သ​နည်း။


ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ