ဆာလံ 81:14 - မြန်မာ့စံမီသမ္မာကျမ်း14 ငါသည် သူတို့၏ရန်သူများကို လျင်မြန်စွာရှုံးနိမ့်စေ၍ ငါ၏လက်ကို သူတို့၏ရန်သူများဘက်သို့ ပြန်လှည့်စေခဲ့ပေလိမ့်မည်။” အခန်းကိုကြည့်ပါ။Common Language Bible14 သို့ဖြစ်လျှင်ငါသည်သူတို့၏ရန်သူများကို အလျင်အမြန်အရေးရှုံးနိမ့်စေမည်။ သူတို့၏ရန်ဘက်အားလုံးကိုနှိမ်နင်းမည်။ အခန်းကိုကြည့်ပါ။Garrad Bible14 သို့ ပြု လျှင်၊ ငါ သည် သူ တို့ ရန် သူ တို့ ကို အ လျင် အ မြန် နှိမ် နှင်း၍၊ ရန် ဘက် တို့ ကို ဖိ စီး မည်။ အခန်းကိုကြည့်ပါ။Judson Bible14 လိုက်လျှင် ငါသည် သူတို့ရန်သူများကို အလျင်အမြန်နှိပ်စက်၍၊ ရန်ဘက်ပြုသောသူတို့ကို ဒဏ်ခတ်မည်။ အခန်းကိုကြည့်ပါ။ |
အို အစ္စရေးလူမျိုး၊ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ထံမှ မည်သည့်အရာကိုတောင်းသနည်း။ သင်၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရမည်၊ လမ်းတော်ရှိသမျှကို လိုက်လျှောက်ရမည်၊ ကိုယ်တော်ကိုချစ်ရမည်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ဝတ်ပြုရမည်၊
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။