မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။
တောလည် 9:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုနေ့၌ လူအချို့တို့သည် လူသေအလောင်းကြောင့် မစင်ကြယ်သည်ဖြစ်၍ ပသခါပွဲတော်ကို ကျင်းပခွင့်မရကြ။ ထို့ကြောင့် ထိုနေ့၌ သူတို့သည် မောရှေနှင့်အာရုန်ထံသို့လာ၍ Common Language Bible သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊- Garrad Bible ထို နေ့ ရက်၌ သူ သေ အ လောင်း ကြောင့် မ သန့် ရာ ရောက် သ ဖြင့် ပ သ ခါ ပွဲ ကို မ ကျင်း ပ ရ သူ အ ချို့ တို့ သည် မော ရှေ၊ အာ ရုန် တို့ ထံ နေ့ ချင်း ချဉ်း ဝင် ကြ ပြီး လျှင်၊ Judson Bible ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊ |
မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။
ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။
ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။
လူသေအလောင်းရှိရာသို့ မသွားရ။ မိမိ၏မိခင်၊ သို့မဟုတ် မိမိ၏ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။
ထိုထင်းခွေနေသောသူကိုတွေ့သောသူတို့သည် သူ့ကို မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ ခေါ်ဆောင်လာခဲ့ကြ၏။
တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။
လယ်ယာ၌နေသောသူမည်သူမဆို ဓားဖြင့်အသတ်ခံရသောသူကိုဖြစ်စေ၊ အလိုလိုသေသောသူကိုဖြစ်စေ၊ လူသေအရိုးကိုဖြစ်စေ၊ သင်္ချိုင်းဂူကိုဖြစ်စေ ထိမိလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။
စင်ကြယ်သောသူသည် ဟုဿုပ်ညွန့်ကိုယူ၍ ထိုရေထဲသို့နှစ်ပြီး တဲနှင့် တဲထဲရှိအသုံးအဆောင်အားလုံးကိုလည်းကောင်း၊ တဲထဲရှိလူတို့ကိုလည်းကောင်း၊ လူသေအရိုး၊ အသတ်ခံရသူ၊ အလိုလိုသေသောသူ၊ သင်္ချိုင်းဂူကို ထိမိသောသူကိုလည်းကောင်း ဖျန်းရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်နှင့်လူထုအပေါင်းတို့ရှေ့တွင် ရပ်လျက်
“ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။
“အကျွန်ုပ်တို့သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်ခဲ့ပါ၏။ သတ်မှတ်ထားသောအချိန်၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ထာဝရဘုရားထံ ပူဇော်သက္ကာကို ပူဇော်ခွင့်မရသည်မှာ အဘယ်ကြောင့်နည်း”ဟု မောရှေအား မေးလျှောက်ကြ၏။
ထို့နောက် သူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ အချိန်ကား နံနက်စောစောအချိန်ဖြစ်၏။ သူတို့သည် ညစ်ညူးခြင်းနှင့်ကင်းလွတ်၍ ပသခါပွဲတော်ကိုစားနိုင်ရန် ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။