တောလည် 19:14 - မြန်မာ့စံမီသမ္မာကျမ်း14 တဲထဲ၌သေသောသူနှင့်ဆိုင်သောတရားကား ဤသို့တည်း။ လူသေတဲထဲသို့ဝင်သောသူ၊ တဲထဲရှိသောသူ မည်သူမဆို ခုနစ်ရက်ပတ်လုံး မစင်မကြယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 တဲထဲတွင်လူတစ်ယောက်ယောက်သေဆုံးခဲ့ လျှင် ထိုအချိန်တွင်တဲတွင်း၌ရှိသောသူ နှင့်တဲထဲသို့ဝင်လာသောသူသည် ဘာသာ ရေးထုံးနည်းအရခုနစ်ရက်တိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ဆိုင် ရာ တ ရား ကား၊ တဲ တွင် လူ သေ လျှင် ဝင် လာ သူ၊ တဲ ရှိ သူ ဟူ သ မျှ သည် ခု နစ် ရက် ပတ် လုံး မ သန့် လျက် နေ ရ သည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible14 တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။