တောလည် 19:11 - မြန်မာ့စံမီသမ္မာကျမ်း11 လူသေအလောင်းကို ထိမိသောသူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible11 လူသေကောင်ကိုကိုင်တွယ်မိသူသည်ဘာသာ ရေးထုံးနည်းအရ ခုနစ်ရက်တိုင်အောင်မသန့် စင်ဘဲရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible11 သူ သေ အ လောင်း ကို ထိ မိ သော သူ သည် ခု နစ် ရက် ပတ် လုံး မ သန့် ဘဲ နေ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible11 လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ် ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ပေါလုသည် ထိုလူလေးဦးတို့ကိုခေါ်၍ နောက်တစ်နေ့၌ သူတို့နှင့်အတူ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူလျက် ဗိမာန်တော်ထဲသို့ဝင်ကာ သူတို့တစ်ဦးစီအတွက် ပူဇော်သက္ကာဆက်သမည့်အချိန်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူသည့် နေ့ရက်များပြီးဆုံးမည့်အချိန်ကို အသိပေးလေ၏။