တောလည် 9:7 - မြန်မာ့စံမီသမ္မာကျမ်း7 “အကျွန်ုပ်တို့သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်ခဲ့ပါ၏။ သတ်မှတ်ထားသောအချိန်၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ထာဝရဘုရားထံ ပူဇော်သက္ကာကို ပူဇော်ခွင့်မရသည်မှာ အဘယ်ကြောင့်နည်း”ဟု မောရှေအား မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ကျွန် တော် တို့ သည် သူ သေ အ လောင်း ကြောင့် မ သန့် ရာ ရောက် ကြ သည် မှန် ပါ၏။ အ ခါ သ မ ယ၌ ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် တင် သွင်း လှူ ဒါန်း ခွင့် မ ရ သည် မှာ အ သို့ နည်း ဟု မေး လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သကာကို မပြုစေခြင်းငှာ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကလည်း ‘ဤအစဉ်အလာကား အီဂျစ်လူမျိုးတို့ကိုဒဏ်ခတ်သောအခါ အီဂျစ်ပြည်၌ရှိသော အစ္စရေးအမျိုးသားတို့၏အိမ်များကိုကျော်သွား၍ ငါတို့၏အိမ်သူအိမ်သားများကိုကယ်နုတ်တော်မူသောထာဝရဘုရားအား ယဇ်ပူဇော်သည့်ပသခါပွဲဖြစ်၏’ဟူ၍ ပြန်ပြောရမည်”ဟု ဆင့်ဆိုသောအခါ လူတို့သည် ဦးညွှတ်ပျပ်ဝပ်ကြလေ၏။