Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 9:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် သိနာ​တောကန္တာရ​၌ ပသခါပွဲတော်​ကို ကျင်းပ​ပြုလုပ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ပ ထ မ လ ဆယ့် လေး ရက် ညဉ့် ဦး ယံ၌ သိ နာ တော တွင် ပ သ ခါ ပွဲ ကို မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ၍ ကျင်း ပ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သိန်​တော​တွင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​ကြ၏။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 9:5
18 ပူးပေါင်းရင်းမြစ်များ  

နောဧ​သည် ထိုသို့​ပြု​၏​။ မိမိ​အား​ဘုရားသခင်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။


နောဧ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​လေ​၏​။


မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် တစ်သဝေမတိမ်း​ပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​လုပ်ငန်း​ရှိသမျှ​ကို တစ်သဝေမတိမ်း လုပ်ဆောင်​ပြီးစီး​လေ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် အလုပ်​ရှိသမျှ​တို့​ကို လုပ်​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။


မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။


ထိုသို့ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် လေဝိ​အမျိုး​တို့​အား ပြု​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။


ထို့ကြောင့် မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ပသခါပွဲတော်​ကျင်းပ​ရန် ဆင့်ဆို​လေ​၏​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


ထို့ကြောင့် အဂြိပ္ပ​မင်းကြီး၊ အကျွန်ုပ်​သည် ကောင်းကင်ဘုံ​မှ​ဗျာဒိတ်​ရူပါရုံ​ကို နားမထောင်​၍​မ​နေ​ဘဲ


အနှစ်​လေးဆယ်​မြောက်​သော​နှစ်​၊ တစ်ဆယ့်တစ်​လ​၊ ပထမ​နေ့​၌ မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ ပညတ်တရား​တို့​ကို အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လေ​၏​။


သင်​တို့​ဝင်ရောက်​သိမ်းပိုက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​နှင့် စီရင်ထုံးဖွဲ့ချက်​တို့​ကို ငါ့​အား ငါ​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း သင်​တို့​အား ငါ​သွန်သင်​ပေး​ပြီ​။


အာဗြဟံ​သည် အမွေ​အဖြစ်​ဆက်ခံ​ရ​မည့်​ပြည်​သို့​ထွက်ခွာ​သွား​ရန် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သောအခါ မည်သည့်​အရပ်​သို့​သွား​ရ​မည်​ကို​မ​သိ​ဘဲ​လျက် ယုံကြည်​ခြင်း​အားဖြင့်​နာခံ​၍ ထွက်သွား​လေ​၏။


မောရှေ​သည် နောင်​အခါ​ဟောပြော​မည့်​အရာ​တို့​အတွက် သက်သေ​ဖြစ်​ရန် အစေခံ​အဖြစ် ဘုရားသခင်​၏​အိမ်​တော်​တစ်ခုလုံး​အပေါ်​သစ္စာရှိ​၏။


အစ္စရေး​အမျိုးသား​တို့​သည် ဂိလဂါလ​အရပ်​၌ စခန်းချ​၍ ထို​လ​တစ်ဆယ့်​လေး​ရက်​၊ နေဝင်ချိန်​တွင် ဂျေရိခေါ​လွင်ပြင်​၌ ပသခါပွဲတော်​ကို ကျင်းပ​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ