အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
တောလည် 9:13 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။ Common Language Bible တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။ Garrad Bible ခ ရီး မ သွား ဘဲ သန့် လျက် ပင်၊ ပ သ ခါ ပွဲ ကို မ ကျင်း ပ သော သူ မူ ကား အ မျိုး မှ ပယ် ရှား ခံ စေ။ အ ခါ သ မ ယ၌ ထာ ဝ ရ ဘု ရား ထံ တင် သွင်း လှူ ဒါန်း ခြင်း မ ပြု သော ကြောင့် အ ပြစ် ဝန် ကို ထမ်း စေ။ Judson Bible ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။ |
အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုစားရမည်။ ပထမနေ့၌ပင် တဆေးကို သင်တို့၏အိမ်များမှ ဖယ်ရှားရမည်။ အကြောင်းမူကား ပထမနေ့မှစ၍ သတ္တမနေ့တိုင်အောင် တဆေးပါသောမုန့်ကိုစားသောသူတိုင်း အစ္စရေးလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ခုနစ်ရက်ပတ်လုံး သင်တို့၏အိမ်များ၌ တဆေးမရှိစေရ။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ တဆေးပါသောမုန့်ကိုစားသောမည်သူမဆို အစ္စရေးလူထုထဲမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်အရှေ့တွင် ထာဝရဘုရားထံ ပူဇော်ရန် ပူဇော်သက္ကာအဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ မယူဆောင်ခဲ့လျှင် ထိုသူ၌ အသက်သတ်သောအပြစ်ရှိသည်ဟု မှတ်ယူရမည်။ ထိုသူသည် အသက်သတ်သည်ဖြစ်၍ သူသည် မိမိလူမျိုးထဲမှ ပယ်ဖျက်ခြင်းခံရမည်။
တစ်စုံတစ်ယောက်သည် ဘကြီး၊ သို့မဟုတ် ဘထွေး၏မယားနှင့်အိပ်ခြင်းဖြင့် ဘကြီး၊ သို့မဟုတ် ဘထွေးကိုရှုတ်ချလျှင် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။ သူတို့သည် သေသည်အထိ သားသမီးမထွန်းကားဘဲနေရလိမ့်မည်။
ယဇ်ပုရောဟိတ်တို့သည် ငါ၏ညွှန်ကြားချက်ကို ရှုတ်ချခြင်းဖြင့် အပြစ်ခံရ၍ မသေရမည့်အကြောင်း ငါ၏ညွှန်ကြားချက်ကို စောင့်ထိန်းရမည်။ ငါသည် သူတို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် မိမိ၏ဘုရားသခင်ကိုကျိန်ဆဲလျှင် ထိုသူသည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
မစင်ကြယ်သောသူသည် မိမိကိုယ်မိမိ မသန့်စင်စေလျှင်မူကား ထာဝရဘုရား၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာရောက်သောကြောင့် သူသည် လူအစုအဝေးထဲမှ ပယ်ဖျက်ခြင်းခံရမည်။ စင်ကြယ်စေခြင်းရေဖြင့်ဖျန်းခြင်းကို မခံသောကြောင့် သူသည် မစင်ကြယ်သောသူဖြစ်၏။
လင်ယောက်ျားသည် ထိုဒုစရိုက်ကြောင့် သင့်ရောက်မည့်အပြစ်ဒဏ်နှင့်ကင်းလွတ်၍ ထိုမိန်းမသည် ကိုယ့်အပြစ်ကိုယ်ခံရမည်”ဟု မိန့်တော်မူ၏။
“အကျွန်ုပ်တို့သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်ခဲ့ပါ၏။ သတ်မှတ်ထားသောအချိန်၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ထာဝရဘုရားထံ ပူဇော်သက္ကာကို ပူဇော်ခွင့်မရသည်မှာ အဘယ်ကြောင့်နည်း”ဟု မောရှေအား မေးလျှောက်ကြ၏။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။
ရွေ့လျောဖောက်ပြန်သောသူတို့သည် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်၌ပြန်တင်၍ အရှက်ကွဲစေသောသူများဖြစ်ကြသောကြောင့် သူတို့ကို အသစ်တစ်ဖန်နောင်တရခြင်းသို့မရောက်စေနိုင်ရာ။
ခရစ်တော်သည်လည်း များစွာသောလူတို့၏အပြစ်များကိုဆောင်ယူသွားရန် မိမိကိုယ်ကိုတစ်ကြိမ်တည်းပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသောသူတို့အား ကယ်တင်ရန်အတွက် ပေါ်ထွန်းတော်မူလိမ့်မည်။