Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 9:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​သည် ထာဝရဘုရား​အဖို့ ပသခါပွဲတော်​ကို ကျင်းပ​လို​လျှင် ပသခါပွဲတော်​ဆိုင်ရာ​ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​များ​နှင့်အညီ ကျင်းပ​ရ​မည်​။ တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သင် တို့ တွင် ဝင် နေ သူ သည် ထာ ဝ ရ ဘု ရား ရှေ့ ပ သ ခါ ပွဲ ကို ကျင်း ပ လို လျှင် ပ သ ခါ ပွဲ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် အ တိုင်း ကျင်း ပ စေ။ ဝင် နေ သူ၌ လည်း ကောင်း၊ တိုင်း ရင်း သား၌ လည်း ကောင်း ထုံး ဖွဲ့ ချက် တစ် ပါး တည်း သာ ရှိ ရာ သည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သင်​တို့​ထံ​မှာ​တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပ​သ​ခါ​ပွဲ​ကို​ခံ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ စီ​ရင်​ထုံး​ဖွဲ့၍ ခံ​ရ​သော​ထုံး​စံ​အ​တိုင်း ပွဲ​ခံ​ရ​မည်။ သင်​တို့​တွင် တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​သူ၊ အ​မျိုး​သား​ချင်း​ဖြစ်​သော​သူ​တို့​သည် ထုံး​စံ​တစ်​ပါး​တည်း​သာ ရှိ​ရ​ကြ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 9:14
14 ပူးပေါင်းရင်းမြစ်များ  

ဖမ်းခေါ်​သွား​ခြင်း​ခံရ​ရာ​မှ ပြန်​ရောက်လာ​သော​အစ္စရေး​အမျိုးသား​တို့​နှင့်အတူ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကိုးကွယ်​ရန် မိမိကိုယ်ကို တစ်ပါးအမျိုးသား​တို့​၏​ညစ်ညူး​ခြင်း​မှ ကင်းစင်​စေ​သော​သူ​အပေါင်း​တို့​သည် ထို​အသား​ကို စား​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​ပသခါပွဲ​ဆိုင်ရာ​ပြဋ္ဌာန်းချက်​ဟူမူကား မည်သည့်​တိုင်းတစ်ပါးသား​မျှ ပသခါသိုး​ကို​မ​စား​ရ​။


အစ္စရေး​လူထု​အပေါင်း​တို့​သည် ထို​ပွဲ​ကို ကျင်းပ​ရ​မည်​။


သင်​၏​စပျစ်ခြံ​တွင် ကောက်သင်း​မ​ကောက်​ရ​။ သင့်​စပျစ်ခြံ​မှ ကြွေကျ​သော​စပျစ်သီး​ကို​လည်း မ​ကောက်​ရ​။ ဆင်းရဲသား​နှင့်​တိုင်းတစ်ပါးသား​တို့​အတွက် ချန်ထား​ရ​မည်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။


ထိုသို့သော​အကောင်​ကို တိုင်းတစ်ပါးသား​တို့​ထံမှ​လက်ခံ​ယူ​၍ သင်​တို့​ဘုရားသခင်​အဖို့ စားဖွယ်ရာ​အဖြစ် မ​ပူဇော်​ရ​။ ထို​အကောင်​တို့​သည် ပုံပန်းပျက်​၍ အနာအဆာ​ရှိ​နေ​သောကြောင့် သင်​တို့​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ​၊ အမျိုးသားချင်း​အတွက်​ဖြစ်စေ သင်​တို့​၌ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​ရ​မည်​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင် ထာဝရဘုရား​ဖြစ်​၏​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


သင့်​အိမ်နီးချင်း​ထံမှ လယ်ယာ​ကို သင်​ဝယ်​သောအခါ မင်္ဂလာရတု​နှစ်​ပြီး​၍​ကျန်ရှိ​သော​နှစ်​အရေအတွက်​နှင့်အညီ ဝယ်​ရ​မည်​။ သူ​သည်​လည်း သီးနှံရိတ်သိမ်း​နိုင်​မည့်​နှစ်​အရေအတွက်​နှင့်အညီ သင့်​အား ရောင်း​ရ​မည်​။


သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ လူအစုအဝေး​အတွက်​ပြဋ္ဌာန်းချက်​သည် တစ်မျိုးတည်း​ဖြစ်​ရ​မည်​။ ဤသည်ကား သင်​တို့​မျိုးဆက်​အစဉ်အဆက်​အစဉ်အမြဲ​လိုက်နာ​ရ​မည့် ပြဋ္ဌာန်းချက်​ဖြစ်​၏​။ ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​နှင့်​တိုင်းတစ်ပါးသား​တို့​သည် အတူတူ​ဖြစ်​ရ​မည်​။


သင်​တို့​အတွက်​ဖြစ်စေ​၊ သင်​တို့​တွင်​တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​အတွက်​ဖြစ်စေ တရား​သည် တစ်မျိုးတည်း​၊ စီရင်ထုံးဖွဲ့ချက်​သည် တစ်မျိုးတည်း ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​ကလေး​၊ သင်​တို့​၏​မယား​နှင့် သင်​တို့​တပ်စခန်း​ထဲ​ရှိ ထင်း​ခွေ​သူ​၊ ရေ​ခပ်​သူ​တိုင်းတစ်ပါးသား​များ​ပါ ရပ်​နေ​ကြ​သည်​မှာ


ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ သင်​တို့​၏​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​သည် ပညတ်တရား​စကား​ရှိသမျှ​တို့​ကို ကြားနာ​၍​သင်ယူ​မည့်​အကြောင်း​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ကြောက်ရွံ့​၍ ပညတ်တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သူ​တို့​ကို စုရုံး​စေ​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ