Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 17:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထာဝရဘုရား​၏​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အရှေ့​တွင် ထာဝရဘုရား​ထံ ပူဇော်​ရန် ပူဇော်သက္ကာ​အဖြစ် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​၌ အသက်သတ်​သော​အပြစ်​ရှိ​သည်​ဟု မှတ်ယူ​ရ​မည်​။ ထို​သူ​သည် အသက်သတ်​သည်​ဖြစ်၍ သူ​သည် မိမိ​လူမျိုး​ထဲ​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​သို့​မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​သည် အ​သက်​သတ်​သော အ​ပြစ်​ရှိ​သည်​ဟု​မှတ်​ရ​မည်။ အ​သက်​သတ်​သော ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 17:4
30 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


ငါ​သည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့​အားဖြင့်​ဝင်​လျှင် ကယ်တင်​ခြင်း​ခံရ​မည်။ ထို​သူ​သည် ဝင်​ထွက်​ကာ ကျက်စား​ရာ​ကို​တွေ့​ရ​လိမ့်မည်။


ထို့ကြောင့် တစ်ဖန် ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ​သည် သိုး​တို့​ဝင်​သော​တံခါးပေါက်​ဖြစ်​၏။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​၏​သန့်ရှင်း​သော​တောင်​၊ မြင့်မား​သော​အစ္စရေး​တောင်​ပေါ်တွင် တစ်ပြည်လုံး​ရှိ​အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​သည် ငါ့​ကို ဝတ်ပြု​ကြ​လိမ့်မည်​။ ထို​အရပ်​၌ သူ​တို့​ကို ငါ​လက်ခံ​မည်​။ လှူဖွယ်ဝတ္ထု​များ​၊ အသီးဦး​ပူဇော်သက္ကာ​များ​နှင့်တကွ သန့်ရှင်း​သော​ပူဇော်သက္ကာ​များ​ကို ငါ​တောင်းဆို​မည်​။


နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။


အရေဖျားမလှီး​ထား​သော​ယောက်ျား​တည်းဟူသော မိမိ​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​မ​ခံ​ထား​သော​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။ ထို​သူ​သည် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​လေ​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ပညတ်​တရား​မူကား ကျူးလွန်​သော​အပြစ်​ကို များပြား​စေရန်​ဝင်ရောက်​ခဲ့​၏။ သို့သော် အပြစ်​များပြား​လာ​သည့်​နေရာ​၌ ကျေးဇူး​တော်​သည် ပို၍​ပြည့်စုံ​ကြွယ်ဝ​လေ​၏။


တစ်နည်းကား ပညတ်​တရား​ကို​မ​ပေး​မီ​က​ပင် အပြစ်​သည် ဤ​လောက​၌​ရှိ​၏။ သို့သော် ပညတ်​တရား​မ​ရှိ​လျှင် အပြစ်​ကို အပြစ်​ဟု မှတ်ယူ​၍​မ​ရ။


ထို့အတူ ဒါဝိဒ်​သည်​လည်း ဘုရားသခင်​က အကျင့်​ကို​မ​ထောက်​ဘဲ ဖြောင့်မတ်​သည်​ဟု​သတ်မှတ်​တော်မူ​သော​သူ​၏​မင်္ဂလာ​ကို ပြောဆို​ရာ​တွင်


ထာဝရဘုရား​အပြစ်​မ​ယူ​သော​သူ​၊ မိမိ​စိတ်ဝိညာဉ်​၌​လိမ်လည်ကောက်ကျစ်မှု မ​ရှိ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။


ယောက်ျား​သည် ဓမ္မတာလာ​နေ​သော​မိန်းမ​နှင့်​အိပ်​၍ ဆက်ဆံ​ခြင်း​ကို​ပြု​လျှင် ထို​သူ​သည် မိန်းမ​၏​သွေးသွန်​ခြင်း​ကို​ဖော်​၍ မိန်းမ​သည်​လည်း မိမိ​၏​သွေးသွန်​ခြင်း​ကို​ပေါ်​စေ​သောကြောင့် သူ​တို့​နှစ်ဦးစလုံး​သည် မိမိ​တို့​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


မိန်းမ​သည် တိရစ္ဆာန်​တစ်ကောင်ကောင်​ထံသို့​ချဉ်းကပ်​၍ မိတ်လိုက်​ခြင်း​ကို​ပြု​လျှင် ထို​မိန်းမ​နှင့်တကွ တိရစ္ဆာန်​ကို​ပါ သတ်​ရ​မည်​။ သူ​တို့​သည် မုချ​အသတ်​ခံရ​မည်​။ သူ​တို့​၏​သွေး​သည် သူ​တို့​အပေါ်​၌ ကျရောက်​မည်​။


ထို​သူ​သည် မိမိ​သားမြေး​ကို မောလုတ်​ဘုရား​အား​ပေးလှူ​ခြင်း​ဖြင့် ငါ​၏​သန့်ရှင်းရာဌာန​ကို ညစ်ညူး​စေ​၍ ငါ​၏​သန့်ရှင်း​သော​နာမ​တော်​ကို​ရှုတ်ချ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာလွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။


အကယ်စင်စစ် ထို​စက်ဆုပ်ရွံရှာဖွယ်​များ​ထဲမှ​တစ်စုံတစ်ရာ​ကို ပြုကျင့်​သော​သူ​မည်သူမဆို မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


အကြောင်းမူကား သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​၏​။ ထိုသို့ အသက်​သည် သွေး​၌​တည်​သောကြောင့် အစ္စရေး​အမျိုးသား​တို့​အား ‘မည်သည့်​သတ္တဝါ​၏​သွေး​ကို​မျှ မ​စား​ရ​။ သတ္တဝါ​တိုင်း​၏​အသက်​သည် သွေး​၌​တည်​သောကြောင့် သွေး​ကို​စား​သော​သူ​မည်သူမဆို သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်’​ဟု ငါ​မိန့်ဆို​ပြီ​။


အစ္စရေး​အမျိုးအနွယ်​ထဲမှ​ဖြစ်စေ​၊ သူ​တို့​တွင် တည်းခိုနေထိုင်​သော​တိုင်းတစ်ပါးသား​ထဲမှ​ဖြစ်စေ တစ်စုံတစ်ယောက်​သည် သွေး​တစ်မျိုးမျိုး​ကို​စား​လျှင် ထို​သွေး​စား​သော​သူ​ကို ငါ​မျက်နှာ​လွှဲ​၍ သူ​၏​လူမျိုး​မှ ငါ​ပယ်ဖျက်​မည်​။


သုံး​ရက်​မြောက်​သော​နေ့​၌ မိတ်သဟာယယဇ်​အသား​ကို အနည်းငယ်​မျှပင်​စား​မိ​လျှင် ထို​ယဇ်​ကို လက်ခံ​တော်မူ​မည်​မ​ဟုတ်​။ ပူဇော်​သော​သူ​ကို​လည်း အသိအမှတ်​ပြု​မည်​မ​ဟုတ်​။ ထို​ယဇ်​သည် ရွံရှာဖွယ်​ဖြစ်​၏​။ ၎င်း​ကို​စား​မိ​သော​သူ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​။


သူ​သည် နွား​ကို မီးရှို့ရာယဇ်​အဖြစ်​ပူဇော်​လို​လျှင် အပြစ်အနာအဆာကင်း​သော​နွား​ထီး​ကို ပူဇော်​ရ​မည်​။ ထာဝရဘုရား လက်ခံ​တော်မူ​မည့်​အကြောင်း ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ ပူဇော်​ရ​မည်​။


ခုနစ်​ရက်​ပတ်လုံး သင်​တို့​၏​အိမ်​များ​၌ တဆေး​မ​ရှိ​စေ​ရ​။ တိုင်းတစ်ပါးသား​ဖြစ်စေ​၊ အမျိုးသားချင်း​ဖြစ်စေ တဆေးပါသောမုန့်​ကို​စား​သော​မည်သူမဆို အစ္စရေး​လူထု​ထဲမှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


ခုနစ်​ရက်​ပတ်လုံး​တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ပထမ​နေ့​၌​ပင် တဆေး​ကို သင်​တို့​၏​အိမ်​များ​မှ ဖယ်ရှား​ရ​မည်​။ အကြောင်းမူကား ပထမ​နေ့​မှစ၍ သတ္တမ​နေ့​တိုင်အောင် တဆေးပါသောမုန့်​ကို​စား​သော​သူ​တိုင်း အစ္စရေး​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


အစ္စရေး​အမျိုးအနွယ်​ထဲမှ တစ်စုံတစ်ယောက်​သည် နွား​၊ သိုး​၊ ဆိတ်​တစ်ကောင်ကောင်​ကို တပ်စခန်း​ထဲ၌​ဖြစ်စေ​၊ တပ်စခန်း​အပြင်​၌​ဖြစ်စေ သတ်​ပြီး


ဤသည်ကား အစ္စရေး​အမျိုးသား​တို့​သည် ကွင်းပြင်​၌ သူ​တို့​ပူဇော်​သော​ယဇ်ကောင်​ကို​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​၊ ယဇ်ပုရောဟိတ်​ထံ ယူဆောင်​ခဲ့​၍ ထာဝရဘုရား​အား မိတ်သဟာယယဇ်​ပူဇော်​ကြ​ရန်​ဖြစ်​၏​။


ထာဝရဘုရား​ထံ​ပူဇော်​ရန် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ မ​ယူဆောင်​ခဲ့​လျှင် ထို​သူ​သည် မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


ထို​ဆီ​မျိုး​ဖော်စပ်​သော​သူ​၊ မဆိုင်​သော​သူ​အား ထို​ဆီ​ကို​လိမ်းပေး​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ထို​နံ့သာပေါင်း​မျိုး​ကို မိမိ​ရှူ​ရန်​အတွက် ဖော်စပ်​သော​သူ​မည်သူမဆို မိမိ​၏​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် မိမိ​ပူဇော်​သော​နွား​၏​ခေါင်း​ပေါ်၌ လက်​ကို​တင်​ရ​မည်​။ ထို​နွား​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၌ သတ်​ရ​မည်​။ အာရုန်​၏​သား​ယဇ်ပုရောဟိတ်​တို့​သည် သွေး​ကို ယဇ်ပလ္လင်​ပတ်ပတ်လည်​ပေါ်၌ ဖျန်း​ရ​မည်​။


အို ထာဝရဘုရား​၊ ကိုယ်တော်​ရွေးနုတ်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​ပါ​။ အပြစ်မဲ့​သော​သူ​အား​သတ်​သော​အပြစ်​ကို ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​တို့​အပေါ် ကျရောက်​စေ​တော်​မ​မူ​ပါ​နှင့်​’​ဟု လျှောက်ဆို​ရ​မည်​။ ထိုအခါ ကိုယ်တော်​သည် လူသတ်​သော​အပြစ်​ကို ဖြေလွှတ်​တော်မူ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ