ခေဒေါရလောမာမင်းကြီးမှစ၍ သူ၏မဟာမိတ်ဘုရင်တို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ သောဒုံဘုရင်သည် သူ့ကိုကြိုဆိုရန် ဘုရင့်ချိုင့်ဝှမ်းတည်းဟူသော ရှာဗက်ချိုင့်ဝှမ်းသို့ ထွက်လာ၏။
တောလည် 31:13 - မြန်မာ့စံမီသမ္မာကျမ်း မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် လူထုခေါင်းဆောင်အပေါင်းတို့သည် သူတို့ကိုကြိုဆိုရန် တပ်စခန်းအပြင်ဘက်သို့ ထွက်လာကြ၏။ Common Language Bible မောရှေ၊ ဧလာဇာနှင့်ဣသရေလခေါင်း ဆောင်အပေါင်းတို့သည် စခန်းအပြင်သို့ ထွက်၍တပ်သားများကိုဆီးကြိုကြ၏။- Garrad Bible မော ရှေ သည် ပ ရော ဟိတ် ဧ လာ ဇာ မှ စ၍ ပ ရိ သတ် အ ကြီး အ ကဲ အ ပေါင်း တို့ နှင့် တ ကွ တပ် ပြင် သို့ ထွက် သွား ကြို ဆို ရာ၊ Judson Bible မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ထွက်သွားကြ၏။ |
ခေဒေါရလောမာမင်းကြီးမှစ၍ သူ၏မဟာမိတ်ဘုရင်တို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ သောဒုံဘုရင်သည် သူ့ကိုကြိုဆိုရန် ဘုရင့်ချိုင့်ဝှမ်းတည်းဟူသော ရှာဗက်ချိုင့်ဝှမ်းသို့ ထွက်လာ၏။
ခေါင်းဆောင်ဖြစ်သူသည် ‘မလုပ်ရ’ဟု မိမိ၏ဘုရားသခင် ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်၍ အပြစ်ပြုမိသဖြင့် သူ့အပေါ် အပြစ်သက်ရောက်၍
သုံ့ပန်းများ၊ တိုက်ခိုက်သိမ်းယူသောပစ္စည်းများကို ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တပ်စခန်းရှိ မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာနှင့် အစ္စရေးအမျိုးသားလူထုတို့ထံသို့ ယူဆောင်လာကြ၏။
မောရှေသည် စစ်တိုက်ရာမှပြန်လာသော စစ်သည်အရာရှိဖြစ်သူ ထောင်တပ်မှူး၊ ရာတပ်မှူးတို့ကို အမျက်ထွက်၍
“ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ အနာကြီးရောဂါစွဲသောသူရှိသမျှ၊ အရိအရွဲထွက်သောသူရှိသမျှ၊ အသေကောင်ကြောင့်မစင်ကြယ်သောသူရှိသမျှတို့ကို တပ်စခန်းထဲမှ ထွက်သွားစေရမည်။
ရှမွေလသည် နံနက်စောစောထ၍ ရှောလုမင်းကြီးကို သွားတွေ့၏။ သို့သော် တစ်စုံတစ်ယောက်က ရှမွေလအား “ရှောလုမင်းကြီးသည် ကရမေလမြို့သို့သွား၍ မိမိအဖို့ ဂုဏ်ပြုကျောက်တိုင်ကိုစိုက်ထူပြီး လှည့်လည်သွားလာကာ ဂိလဂါလမြို့ဘက်သို့ ဆင်းသွားပြီ”ဟု ကြားပြောလေ၏။
မောပန်း၍ ဒါဝိဒ်နောက်သို့မလိုက်နိုင်တော့ဘဲ ဗေသော်ချောင်းနားတွင်နေခဲ့သော လူနှစ်ရာတို့ရှိရာသို့ ဒါဝိဒ်ပြန်ရောက်လာသောအခါ သူတို့သည် ဒါဝိဒ်နှင့် သူနှင့်အတူပြန်လာသောလူတို့ကို ကြိုဆိုရန် ထွက်လာကြ၏။ ဒါဝိဒ်သည် သူတို့အနီးသို့ရောက်လာ၍ သူတို့အား နှုတ်ဆက်စကားပြောဆိုလေ၏။