သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
တောလည် 21:25 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် ထိုပြည်ရှိမြို့အားလုံးကို သိမ်းယူကြ၏။ အာမောရိလူမျိုးတို့၏မြို့များဖြစ်သော ဟေရှဘုန်မြို့မှစ၍ ထိုမြို့နှင့်ဆိုင်သောမြို့ငယ်ရှိသမျှတို့၌ အစ္စရေးလူမျိုးတို့နေထိုင်ကြ၏။ Common Language Bible ဤနည်းအားဖြင့်ဣသရေလအမျိုးသားတို့ သည် ဟေရှဘုန်မြို့နှင့်ပတ်ဝန်းကျင်ရှိမြို့များ အပါအဝင် အာမောရိအမျိုးသားတို့၏မြို့ အားလုံးကိုသိမ်းပိုက်၍ ထိုမြို့များတွင်နေ ထိုင်ကြလေသည်။- Garrad Bible ထို မင်း ပိုင် ပြည် နှင့် မြို့ ရွာ ရှိ သ မျှ ကို သိမ်း ယူ ပြီး မှ ဟေ ရှ ဘုန် မြို့ ဆိုင် ရာ ဇ န ပုဒ် များ မှ စ သော အာ မော ရိ မြို့ ရွာ ရှိ သ မျှ၌ နေ ထိုင် ကြ ၏။ Judson Bible ထိုသို့ ဣသရေလအမျိုးသားတို့သည်၊ ဟေရှဘုန်မြို့မှစ၍ အာမောရိအမျိုးသားနေသော မြို့ရွာရှိသမျှတို့ကို သိမ်းယူ၍နေကြ၏။ |
သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။
ဟေရှဘုန်မြို့၊ ဧလာလေမြို့တို့သည်လည်း အော်ဟစ်ကြ၏။ သူတို့၏အသံကို ယာဟတ်မြို့တိုင်အောင်ကြားရသဖြင့် မောဘစစ်သည်တို့ပါ စိတ်တုန်လှုပ်ချောက်ချား၍ အော်ဟစ်ကြ၏။
မောဘပြည်သည် ဂုဏ်သရေမရှိတော့ပြီ။ ရန်သူတို့က ‘လာကြ။ မောဘပြည်ကို တိုင်းနိုင်ငံအဖြစ်မှ ငါတို့ဖယ်ရှားကြစို့’ဟု ဟေရှဘုန်မြို့တွင်ပင် မောဘပြည်ကို ကြံစည်ကြပြီ။ အို မာဒမေနမြို့၊ သင်သည်လည်း ဆိတ်ညံရလိမ့်မည်။ ဓားသည် သင့်ကိုလိုက်လေပြီ။
နိမရိမ်ချောင်းရေပင်လျှင် ခန်းခြောက်သွားသောကြောင့် ဟေရှဘုန်မြို့သားတို့၏အော်ဟစ်သံသည် ဧလာလေမြို့နှင့် ယာဟတ်မြို့တိုင်အောင် ရောက်လေပြီ။ ဇောရမြို့မှ ဟောရနိမ်မြို့နှင့်ဧဂလတ်ရှလိရှမြို့တိုင်အောင် သူတို့၏အသံကိုလွှင့်လေပြီ”ဟု မိန့်တော်မူ၏။
“ထွက်ပြေးသောသူတို့သည် အရုပ်ကြိုးပြတ်ရပ်နေရ၏။ အကြောင်းမှာ ဟေရှဘုန်မြို့ကိုခိုလှုံရန်လာကြသော်လည်း ဟေရှဘုန်မြို့မှထွက်သောမီး၊ ရှိဟုန်မင်းကြီးထံမှမီးလျှံသည် မောဘ၏နဖူး၊ အော်ဟစ်ဆူညံနေသူတို့၏ခေါင်းကို လောင်ကျွမ်းနှင့်လေပြီ။
သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။
ကြည့်လော့။ ဤသည်မှာ သင့်ညီမသောဒုံ၏အပြစ်ဖြစ်၏။ သူနှင့်သူ့သမီးတို့သည် မာနကြီး၏။ စားစရာအလျှံအပယ်ရှိ၏။ အပူအပင်ကင်းလျက် စိတ်အေးလက်အေး နေထိုင်ရ၏။ သို့သော် ဆင်းရဲနွမ်းပါးသူတို့ကို ထောက်ပံ့ကူညီခြင်းမရှိ။
‘ဖမ်းခေါ်သွားခြင်းခံရသော သောဒုံနှင့်သူ၏သမီးပျိုများ၊ ရှမာရိနှင့်သူ၏သမီးပျိုများကို ဖမ်းခေါ်သွားခြင်းခံရသော သင်၏လူတို့နှင့်အတူ ပြန်ခေါ်လာမည်။
သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်၍ အာမောရိပြည်ကို ပိုင်ဆိုင်ရန်အတွက် သင်တို့အား တောကန္တာရတွင် အနှစ်လေးဆယ်ပို့ဆောင်ပေးခဲ့၏။
ဟေရှဘုန်မြို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး စံမြန်းရာမြို့ဖြစ်၏။ ရှိဟုန်မင်းကြီးသည် ယခင်မောဘဘုရင်ကိုတိုက်ခိုက်၍ အာနုန်ချောင်းတိုင်အောင် ထိုရှင်ဘုရင်၏လက်ထဲမှပြည်တစ်ပြည်လုံးကို သိမ်းယူခဲ့၏။
ယခင်က စိရပြည်၌ ဟောရိလူမျိုးတို့ နေထိုင်ကြ၏။ အစ္စရေးလူမျိုးတို့သည် မိမိတို့အား ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုပြုသကဲ့သို့ ဧသောသားမြေးတို့သည်လည်း ဟောရိပြည်ကိုသိမ်းပိုက်၍ ဟောရိလူမျိုးတို့ကို မိမိတို့ရှေ့မှောက်မှ သုတ်သင်ပယ်ရှင်းကာ သူတို့၏နေရာ၌ နေထိုင်ကြ၏။)
ငါသည် သင်တို့ကို ဂျော်ဒန်မြစ်အရှေ့ဘက်၌နေထိုင်သော အာမောရိလူမျိုးတို့၏ပြည်သို့ ပို့ဆောင်၏။ ထိုသူတို့သည် သင်တို့ကိုတိုက်ခိုက်ကြသော်လည်း ငါသည် သူတို့ကို သင်တို့လက်သို့အပ်သဖြင့် သင်တို့သည် သူတို့၏ပြည်ကို အပိုင်ရကြ၏။ ငါသည် သူတို့ကို သင်တို့၏ရှေ့မှာပင် ဖျက်ဆီးခဲ့၏။
အစ္စရေးလူမျိုးတို့ ဟေရှဘုန်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာရော်မြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ အာနုန်ချောင်းဘေးတစ်လျှောက်ရှိမြို့ရွာရှိသမျှတို့၌ နှစ်ပေါင်းသုံးရာနေထိုင်ကြစဉ်အခါက အဘယ်ကြောင့် သင်တို့ ပြန်မသိမ်းယူခဲ့သနည်း။