Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 11:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 အစ္စရေး​လူမျိုး​တို့ ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာရော်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အာနုန်​ချောင်း​ဘေး​တစ်လျှောက်​ရှိ​မြို့ရွာ​ရှိသမျှ​တို့​၌ နှစ်​ပေါင်း​သုံး​ရာ​နေထိုင်​ကြ​စဉ်​အခါက အဘယ်ကြောင့် သင်​တို့ ပြန်​မ​သိမ်းယူ​ခဲ့​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ဣ သ ရေ လ လူ မျိုး သည် ဟေ ရှ ဘုန် မြို့ နှင့် နိ ဂုံး များ၌လည်း ကောင်း၊ အာ ရော် မြို့ နှင့် နိ ဂုံး များ ၌ လည်း ကောင်း၊ အာ နုန် ချောင်း တစ် လျှောက် ရှိ သ မျှ သော မြို့ ရွာ များ ၌ လည်း ကောင်း၊ နှစ် ပေါင်း သုံး ရာ ပတ် လုံး နေ စဉ် အ ခါ၊ အ ဘယ် ကြောင့် မ သိမ်း မ ယူ ဘိ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ဣ​သ​ရေ​လ​အ​မျိုး​သည် ဟေ​ရှ​ဘုန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​ရော်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​နုန်​မြစ်​နား​မှာ​ရှိ​သော မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း အ​နှစ်​သုံး​ရာ​ပတ်​လုံး​နေ​စဉ်​တွင် အ​ဘယ်​ကြောင့် သင်​တို့​သည် မ​ရ​ပြန်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:26
21 ပူးပေါင်းရင်းမြစ်များ  

အို အာရော်​မြို့သား​တို့​၊ လမ်း​၌​ရပ်​လျက် စောင့်ကြည့်​ကြ​လော့​။ ထွက်ပြေး​လာ​သော​ယောက်ျား​၊ လွတ်မြောက်​လာ​သော​မိန်းမ​တို့​ကို ‘​ဘာ​ဖြစ်​သနည်း​’​ဟု မေးမြန်း​လော့​။


ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။


ထ​၍ ခရီးပြု​ကြ​လော့​။ အာနုန်​ချောင်း​ကို​ကူးသွား​လော့​။ အာမောရိ​လူမျိုး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် သူ​၏​ပြည်​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ သူ့​ပြည်​ကို​စတင်​သိမ်းပိုက်​လော့​။ သူ့​ကို​ရန်စ​၍ တိုက်ခိုက်​လော့​။


အာနုန်​ချောင်း​စပ်​ရှိ​အာရော်​မြို့​မှစ၍ ထို​ချောင်း​အနား​ရှိ​မြို့​အပါအဝင် ဂိလဒ်​မြို့​တိုင်အောင် ငါ​တို့​ကို​ခုခံ​နိုင်​သော​မြို့​တစ်​မြို့​မျှ​မ​ရှိ​။ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​အားလုံး​ကို ငါ​တို့​အား ပေး​တော်မူ​၏​။


ထိုအခါ ထာဝရဘုရား​က ငါ့​အား ‘​သူ့​ကို မ​ကြောက်​နှင့်​။ ငါ​သည် သူ​နှင့်တကွ သူ​၏​လူ​အပေါင်း​တို့​ကို​လည်းကောင်း​၊ သူ​၏​ပြည်​ကို​လည်းကောင်း သင်​၏​လက်​သို့​ပေးအပ်​ပြီ​။ သင်​သည် ဟေရှဘုန်​မြို့​၌​စံမြန်း​သော အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး​ကို​ပြု​သကဲ့သို့ သူ့​ကို​လည်း​ပြု​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​၏​။


အကုန်အစင်​ဖျက်ဆီး​ပစ်​၏​။ ငါ​တို့​သည် ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​ကို ပြု​သကဲ့သို့ ထို​မြို့​အားလုံး​ရှိ ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို တစ်ယောက်မကျန်​သတ်ဖြတ်​၏​။


ယောရှု​သည် ထို​ဘုရင်​အပေါင်း​တို့​ကို ရက်ပေါင်း​များစွာ တိုက်ယူ​ခဲ့​ရ​၏​။


ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး ပိုင်နက်​ဖြစ်​သည့် အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​၊ အာနုန်​ချောင်း တစ်ဝက်​မှ ဂိလဒ်​ပြည်​တစ်ဝက်​၊ အမ္မုန်​အမျိုးသား​တို့​နယ်စပ် ယဗ္ဗုတ်​ချောင်း​အထိ အောင်နိုင်​ခဲ့​၏​။


ဟေရမုန်​တောင်​၊ သာလက​အရပ်​နှင့် ဗာရှန်​တစ်ပြည်လုံး​မှစ၍ ဂေရှုရိ​လူမျိုး​၊ မာခါသိ​လူမျိုး​တို့​၏​နယ်နိမိတ်​အထိ​၊ ဂိလဒ်​ပြည်​တစ်ဝက်​မှစ၍ ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​၏​နယ်နိမိတ်​အထိ သိမ်းပိုက်​နိုင်​ခဲ့​၏​။


ဟေရှဘုန်​မြို့​၌​စိုးစံ​သော အာမောရိ​ဘုရင်​ရှိဟုန်​မင်းကြီး​ပိုင်​သော​မြို့​အားလုံး​နှင့်တကွ အမ္မုန်​အမျိုးသား​တို့​၏​နယ်နိမိတ်​အထိ​၊


သူ​တို့​ရရှိ​သော​နယ်မြေ​မှာ ဤသို့​ဖြစ်​၏​။ အာနုန်​ချောင်း​နံဘေး​ရှိ အာရော်​မြို့​နှင့် ချောင်း​အလယ်ပိုင်း​ရှိ​မြို့​၊ မေဒဘ​လွင်ပြင်​တစ်ခုလုံး​၊


ဟေရှဘုန်​မြို့​နှင့်တကွ လွင်ပြင်​ရှိ ဒိဘုန်​မြို့​၊ ဗာမုတ်ဗာလ​မြို့​၊ ဗက်ဗာလမုန်​မြို့​၊


ထို့နောက် ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​အား ပတ်ဝန်းကျင်​ရှိ ရန်သူ​အပေါင်း​တို့​၏​ဘေး​မှ ကာလ​အတန်ကြာ ကင်းငြိမ်း​စေ​တော်မူ​၏​။ ယောရှု​သည်​လည်း အသက်အရွယ်​ကြီးရင့်​လာ​၏​။


ထို​အချိန်​မှစ၍ သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၊ အာမောရိ​လူမျိုး​တို့​၏​နေရာ​ဂိလဒ်​ပြည်​ရှိ အစ္စရေး​အမျိုးသား​တို့​ကို တစ်ဆယ့်​ရှစ်​နှစ်​ဖိနှိပ်​ညှဉ်းဆဲ​ကြ​၏​။


တိုင်းပြည်​လည်း အနှစ်​လေးဆယ်​ပတ်လုံး ငြိမ်းချမ်း​လေ​၏​။ ထို့နောက်မှ ကေနတ်​၏​သား ဩသံယေလ သေဆုံး​၏​။


ထို​နေ့​တွင် မောဘ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို ရှုံးနိမ့်​သွား​ပြီး ပြည်​သည် အနှစ်​ရှစ်ဆယ် ငြိမ်းချမ်း​လေ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ရန်သူ​အလုံးစုံ ပျက်စီး​ကြ​ပါစေ​။ ကိုယ်တော့်​ကို​ချစ်​သော​သူ​တို့​မူကား အရှိန်အဝါ​နှင့်​ထွက်လာ​သော​နေမင်း​ကဲ့သို့​ဖြစ်​ပါစေ​”​ဟူ၍ သီဆို​ကြ​၏​။ ထို့နောက်တွင် တိုင်းပြည်​သည် အနှစ်​လေးဆယ်​ပတ်လုံး​ငြိမ်းချမ်း​လေ​၏​။


ဤသို့ဖြင့် မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရှုံးနိမ့်​ကြ​ပြီး နောက်တစ်ဖန် ခေါင်း​မ​ထောင်​ကြ​တော့​ချေ​။ ထို​အချိန်​မှစ၍ ဂိဒေါင်​အသက်ရှင်​စဉ် အနှစ်​လေးဆယ်​ပတ်လုံး တိုင်းပြည်​ငြိမ်းချမ်း​လေ​၏​။


အဘိမလက်​သည် အစ္စရေး​လူမျိုး​တို့​ကို သုံး​နှစ်​ကြာ​အုပ်စိုး​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ