Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 21:25 - Common Language Bible

25 ဤ​နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဟေ​ရှ​ဘုန်​မြို့​နှင့်​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ အ​ပါ​အ​ဝင် အာ​မော​ရိ​အ​မျိုး​သား​တို့​၏​မြို့ အား​လုံး​ကို​သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ ထိုင်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထို မင်း ပိုင် ပြည် နှင့် မြို့ ရွာ ရှိ သ မျှ ကို သိမ်း ယူ ပြီး မှ ဟေ ရှ ဘုန် မြို့ ဆိုင် ရာ ဇ န ပုဒ် များ မှ စ သော အာ မော ရိ မြို့ ရွာ ရှိ သ မျှ၌ နေ ထိုင် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ဟေ​ရှ​ဘုန်​မြို့​မှ​စ၍ အာ​မော​ရိ​အ​မျိုး​သား​နေ​သော မြို့​ရွာ​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ၍​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 အစ္စရေး​လူမျိုး​တို့​သည် ထို​ပြည်​ရှိ​မြို့​အားလုံး​ကို သိမ်းယူ​ကြ​၏​။ အာမောရိ​လူမျိုး​တို့​၏​မြို့​များ​ဖြစ်​သော ဟေရှဘုန်​မြို့​မှစ၍ ထို​မြို့​နှင့်ဆိုင်သော​မြို့ငယ်​ရှိသမျှ​တို့​၌ အစ္စရေး​လူမျိုး​တို့​နေထိုင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 21:25
17 ပူးပေါင်းရင်းမြစ်များ  

သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။


ဟေ​ရှ​ဘုန်​နှင့်​ဧ​လာ​လေ​မြို့​သူ​မြို့​သား​တို့ သည်​အော်​ဟစ်​ငို​ကြွေး​ကြ​ရာ သူ​တို့​ငို​ကြွေး သံ​ကို​ယာ​ဟတ်​မြို့​တိုင်​အောင်​ကြား​ရ​သ​ဖြင့် မော​ဘ​စစ်​သူ​ရဲ​များ​ပင်​လျှင်​တုန်​လှုပ်​ချောက် ချား​ကာ​ကြောက်​စိတ်​ဝင်​၍​လာ​ကုန်​၏။-


မော​ဘ​ပြည်​၏​ဘုန်း​အ​သ​ရေ​သည်​ကွယ် ပျောက်​၍ သွား​လေ​ပြီ။ ရန်​သူ​တို့​သည်​ဟေ​ရှ​ဘုန်​မြို့​ကို​သိမ်း​ယူ​၍ မော​ဘ နိုင်​ငံ​ကို​သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​စည်​လျက် ရှိ​၏။ မာ​ဒ​မေ​န​မြို့​သည်​ဆိတ်​ငြိမ်​၍​နေ​လိမ့်​မည်။ စစ်​သည်​တပ်​သား​တို့​သည်​ထို​မြို့​ကို​ချီ​တက် တိုက်​ခိုက်​ကြ​လိမ့်​မည်။


``ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့​တို့​မှ လူ​တို့ ငို​ကြွေး​ကြ​သော​အ​သံ​ကို​ယာ​ဟတ်​မြို့​တိုင် အောင်​ကြား​ရ​ကြ​၏။ ထို​အ​သံ​ကို​ဇော​ရ​မြို့ မှ​ဟော​ရ​နိမ်​မြို့​နှင့်​ကေလက်​မြို့​တို့​မှ​ပင် ကြား​နိုင်​လေ​သည်။ နိ​မ​ရိမ်​ချောင်း​သည် လည်း​ခန်း​ခြောက်​၍​သွား​၏။-


ခို​ကိုး​ရာ​မဲ့​ဒုက္ခ​သည်​များ​သည်​ဟေ​ရှ​ဘုန် မြို့​တွင်​ခို​လှုံ​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင် အ​ခါ​တစ်​ပါး​က​ရှိ​ဟုန်​မင်း​နန်း​စံ​ခဲ့​သည့် ဟေ​ရှ​ဘုန်​မြို့​သည်​မီး​ဟုန်း​ဟုန်း​ထ​၍​နေ လေ​သည်။ မီး​သည်​စစ်​မက်​ဝါ​သ​နာ​ပါ​သည့် မောဘ​ပြည်​သူ​တို့​၏​နယ်​ခြား​ဒေ​သ​များ​နှင့် တောင်​ထိပ်​များ​ကို​ကျွမ်း​လောင်​စေ​လေ​ပြီ။-


``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။-


ဤ​ကား​သင့်​ညီ​မ​သော​ဒုံ​ပြု​သော​အ​မှု​ဖြစ် သည်။ သူ​တို့​သည်​မာ​န​ကြီး​လျက်​အ​စာ​ရေ စာ​အ​ဝ​လွန်​၍ မည်​သူ့​ကို​မျှ​ဂ​ရု​မ​စိုက်​ဘဲ ဆင်း​ရဲ​သူ​များ​နှင့် အ​ခွင့်​အ​ရေး​နိမ့်​သူ​လူ တန်း​စား​တို့​အား ကူ​ညီ​စောင့်​ရှောက်​မှု​ကို မ​ပြု​ကြ။-


``သော​ဒုံ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​နှင့် ရှ​မာ ရိ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​ကို​ငါ​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​စေ​မည်။ သင့်​ကို လည်း​ပြန်​လည်​စည်​ကား​လာ​စေ​မည်။-


ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-


ဟေ​ရှ​ဘုန်​မြို့​သည်​ကား​ရှိ​ဟုန်​ဘု​ရင်​နန်း​စိုက် သော​မြို့​တော်​ဖြစ်​သည်။ ရှိ​ဟုန်​ဘု​ရင်​၏​ပိုင်​နက် မှာ​အာ​နုန်​မြစ်​တိုင်​အောင်​ကျယ်​ပြန့်​သော ယ​ခင် မော​ဘ​ပြည်​ဘု​ရင်​ပိုင်​နက်​ဖြစ်​သည်။ ထို​နယ်​မြေ ကို​ရှိ​ဟုန်​ဘု​ရင်​က​တိုက်​ခိုက်​သိမ်း​ယူ​ခဲ့​ခြင်း ဖြစ်​သည်။-


သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်​တွင်​အ​ခြေ​ချ​နေ​ထိုင်​ကြ လေ​သည်။-


``ထာ​ဝ​ရ​ဘု​ရား​ကူ​မ​တော်​မူ​ခြင်း​ဖြင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​ရ​ရှိ​သော အ​တ ရုတ်​မြို့၊ ဒိ​ဘုန်​မြို့၊ ယာ​ဇာ​မြို့၊ နိ​မ​ရ​မြို့၊ ဟေ​ရှ ဘုန်​မြို့၊ ဧ​လာ​လေ​မြို့၊ ရှေ​ဘံ​မြို့၊ နေ​ဗော​မြို့​နှင့် ဗော​န​မြို့​များ​တည်​ရှိ​ရာ​ဒေ​သ​တွင်​စား​ကျက် ကောင်း​များ​ရှိ​ပါ​သည်။ အ​ကျွန်ုပ်​တို့​တွင်​သိုး နွား​တိ​ရစ္ဆာန်​များ​စွာ​ရှိ​ပါ​သည်။-


ရှေး​အ​ခါ​က​ဧ​ဒုံ​ပြည်​တွင်​ဟော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ခဲ့​ကြ​သော်​လည်း နောင်​အ​ခါ ၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​ပြည်​မှ ရန်​သူ​များ ကို​မောင်း​ထုတ်​သ​ကဲ့​သို့ ဧ​သော​၏​အ​ဆက် အ​နွယ်​တို့​သည်​ထို​သူ​တို့​ကို​မောင်း​ထုတ် ပြီး​လျှင် ထို​အ​ရပ်​၌​အ​ခြေ​ချ​နေ​ထိုင် ကြ​သည်။)


ထို​နောက်​ငါ​သည်​သင်​တို့​ကို​အာ​မော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​သို့ ပို့​ဆောင်​ခဲ့​သည်။ သူ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သော်​လည်း​ငါ​သည်​သင်​တို့​အား​အနိုင်​ရ​စေ​၏။ သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​ချီ​တက်​သိမ်း​ပိုက် သော​အ​ခါ​ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ပယ်​ရှင်း ခဲ့​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဟေ​ရှ​ဘုန် မြို့​နှင့်​အာ​ရော်​မြို့​တို့​ကို​လည်း​ကောင်း၊ ထို​မြို့ များ​အ​နီး​တစ်​ဝိုက်​ရှိ​မြို့​တို့​နှင့်​အာ​နုန်​မြစ် ကမ်း​ပေါ်​ရှိ​မြို့​မှန်​သ​မျှ​ကို​လည်း​ကောင်း နှစ် ပေါင်း​သုံး​ရာ​တိုင်​တိုင်​သိမ်း​ပိုက်​ထား​စဉ်​က သင်​သည်​အ​ဘယ်​ကြောင့်​ထို​မြို့​တို့​ကို​ပြန် လည်​မ​သိမ်း​မ​ယူ​ခဲ့​ပါ​သ​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ