တောလည် 21:26 - Common Language Bible26 ဟေရှဘုန်မြို့သည်ကားရှိဟုန်ဘုရင်နန်းစိုက် သောမြို့တော်ဖြစ်သည်။ ရှိဟုန်ဘုရင်၏ပိုင်နက် မှာအာနုန်မြစ်တိုင်အောင်ကျယ်ပြန့်သော ယခင် မောဘပြည်ဘုရင်ပိုင်နက်ဖြစ်သည်။ ထိုနယ်မြေ ကိုရှိဟုန်ဘုရင်ကတိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible26 ဟေ ရှ ဘုန် မြို့ ကား၊ မော ဘ ပြည် တွင် အ ထက် အုပ် စိုး သော မင်း ကို စစ် တိုက်၍ အာ နုန် ချောင်း အ ထိ ပိုင် သော ပြည် တစ် ဝှမ်း လုံး ကို သိမ်း ယူ သူ၊ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း မြို့ တော် ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible26 ဟေရှဘုန်မြို့ကား၊ မောဘပြည်ကိုအစိုးရသော အရင်ရှင်ဘုရင်နှင့် စစ်တိုက်၍ အာနုန်ချောင်းတိုင်အောင် ပြည်ကိုလုယူသော အာမောရိရှင်ဘုရင်ရှိဟုန်မင်းနေသောမြို့ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ဟေရှဘုန်မြို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး စံမြန်းရာမြို့ဖြစ်၏။ ရှိဟုန်မင်းကြီးသည် ယခင်မောဘဘုရင်ကိုတိုက်ခိုက်၍ အာနုန်ချောင်းတိုင်အောင် ထိုရှင်ဘုရင်၏လက်ထဲမှပြည်တစ်ပြည်လုံးကို သိမ်းယူခဲ့၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်ဟေရှဘုန် မြို့နှင့်အာရော်မြို့တို့ကိုလည်းကောင်း၊ ထိုမြို့ များအနီးတစ်ဝိုက်ရှိမြို့တို့နှင့်အာနုန်မြစ် ကမ်းပေါ်ရှိမြို့မှန်သမျှကိုလည်းကောင်း နှစ် ပေါင်းသုံးရာတိုင်တိုင်သိမ်းပိုက်ထားစဉ်က သင်သည်အဘယ်ကြောင့်ထိုမြို့တို့ကိုပြန် လည်မသိမ်းမယူခဲ့ပါသနည်း။-
ခိုကိုးရာမဲ့ဒုက္ခသည်များသည်ဟေရှဘုန် မြို့တွင်ခိုလှုံရန်ကြိုးစားကြ၏။ သို့ရာတွင် အခါတစ်ပါးကရှိဟုန်မင်းနန်းစံခဲ့သည့် ဟေရှဘုန်မြို့သည်မီးဟုန်းဟုန်းထ၍နေ လေသည်။ မီးသည်စစ်မက်ဝါသနာပါသည့် မောဘပြည်သူတို့၏နယ်ခြားဒေသများနှင့် တောင်ထိပ်များကိုကျွမ်းလောင်စေလေပြီ။-