သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
တမန်တော်ဝတ္ထု 19:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။ Common Language Bible သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။- Garrad Bible သို့ ရာ တွင် အ ချို့ ခဲ ယဉ်း လျက် မ နာ မ ယူ ဘဲ ပ ရိ သတ် ရှေ့ မဂ် လမ်း တော် ကို မ ကောင်း ပြော ဆို ကြ သည့် ကာ လ ကိုယ် တိုင် ထွက် ခွာ၍ တ ပည့် တော် တို့ ကို လည်း ခွဲ ထား ပြီး လျှင်၊ တု ရ န္နု၏ သိ ပ္ပံ ကျောင်း တွင် နှစ် နှစ် ပတ် လုံး နေ့ စဉ် ဆွေး နွေး ဟော ပြော လျက် နေ သ ဖြင့် အာ ရှိ ပြည် တွင် ယု ဒ လူ မျိုး၊ ဂ ရိတ် လူ မျိုး ရှိ သ မျှ တို့ သည် အ ရှင် ဘု ရား၏ တ ရား တော် ကို ကြား နာ ရ ကြ၏။ Judson Bible အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲနေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြား ခွဲထားပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တချို့သည် ယုံကြည်ရန် ခေါင်းမာစွာ ငြင်းဆိုလျက် လူတို့ရှေ့တွင် ထိုခရစ်တော်၏တရားလမ်းကို ကဲ့ရဲ့ပြောဆိုကြ၏။ ထို့ကြောင့် ပေါလုသည် တပည့်တော်များနှင့်အတူ ထိုသူတို့ထံမှ ထွက်ခွာပြီးလျှင် တုရန္နုစာသင်ခန်းမ၌ နေ့စဉ် ဆွေးနွေးပြောဆိုလေ၏။ |
သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ယခုမှာ ဘိုးဘေးတို့ကဲ့သို့ သင်တို့ ခေါင်းမမာကြနှင့်။ ထာဝရဘုရား အစဉ်သန့်ရှင်းစေတော်မူသောသန့်ရှင်းရာဌာနတော်သို့လာ၍ ဆက်ကပ်ကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစေခံကြလော့။ သို့မှ ပြင်းထန်သောအမျက်တော်သည် သင်တို့ထံမှ ပြန်လှည့်သွားလိမ့်မည်။
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ပညတ်တရားတော်ကို လိုက်နာရန် ကိုယ်တော်သည် သူတို့ကို သတိပေးခဲ့၏။ သို့သော် သူတို့သည် မာနထောင်လွှားလျက် ကိုယ်တော်၏ပညတ်ချက်တို့ကို မနာခံကြ။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော စီရင်ထုံးဖွဲ့ချက်များကို ဆန့်ကျင်၍ အပြစ်ပြုကြ၏။ သူတို့သည် ကိုယ်တော့်ကို ကျောခိုင်း၍ ဆန့်ကျင်ပုန်ကန်လျက်၊ ခေါင်းမာလျက် မနာခံဘဲနေကြ၏။
မေရိဘအရပ်၌ကဲ့သို့လည်းကောင်း၊ တောကန္တာရရှိ မဿာအရပ်၌ရှိစဉ်ကကဲ့သို့လည်းကောင်း သင်တို့၏စိတ်နှလုံးကို မမာကျောစေကြနှင့်။
ငါ့စကားကိုနားထောင်၍ ငါ့တံခါးတို့အနားတွင် နေ့စဉ်နေ့တိုင်းစောင့်ကြည့်လျက် ငါ့တံခါးတိုင်တို့အနားတွင် စောင့်မျှော်လျက်နေသောသူသည် မင်္ဂလာရှိ၏။
ကိုယ်တော်သည် သန့်ရှင်းရာဌာနကဲ့သို့ဖြစ်တော်မူမည်။ သို့သော် အစ္စရေးအမျိုးအနွယ်နှစ်မျိုးစလုံးအတွက် ခလုတ်တိုက်စရာကျောက်၊ ထိမိ၍လဲစရာကျောက်ကဲ့သို့ဖြစ်တော်မူမည်။ ဂျေရုဆလင်မြို့သားတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်ကဲ့သို့ဖြစ်တော်မူမည်။
“အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ သူတို့သည် ခေါင်းမာ၍ ငါ့စကားကိုနားမထောင်ကြသောကြောင့် ငါမိန့်ဆိုခဲ့သည့်အတိုင်း ဘေးအန္တရာယ်အလုံးစုံကို ဤမြို့နှင့်ရွာရှိသမျှအပေါ် ကျရောက်စေမည်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်”ဟု ပြန်၍မိန့်တော်မူပြီးလျှင် သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း ဗိမာန်တော်၌ထိုင်လျက် သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။
“သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
မြို့သူမြို့သားတို့သည် နှစ်စုကွဲ၍ အချို့တို့သည် ဂျူးလူမျိုးတို့ဘက်၌ပါကြပြီး အချို့တို့သည် တမန်တော်တို့ဘက်၌ပါကြ၏။
သူတို့ထဲမှ အချို့တို့သည် ယုံကြည်၍ ပေါလုနှင့်သိလတို့နောက်သို့ လိုက်ကြ၏။ ထိုသူတို့တွင် ဘုရားသခင်ကိုကိုးကွယ်သော ဂရိအမျိုးသားအမြောက်အမြားပါ၍ ထင်ပေါ်ကျော်ကြားသော အမျိုးသမီးတို့သည်လည်းမနည်းလှပေ။
ပေါလုသည် လူစုလူဝေးထဲသို့ဝင်လိုသော်လည်း တပည့်တော်တို့သည် သူ့ကိုတားမြစ်ကြ၏။
ထို့ကြောင့် ငါသည် သင်တို့တစ်ဦးစီကို သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ဖြင့် သတိပေးဆုံးမခဲ့သည်ကို အောက်မေ့လျက် သတိဝီရိယရှိကြလော့။
အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။
အကျွန်ုပ်သည် သူတို့ရှေ့၌ရပ်လျက် ‘အကျွန်ုပ်သည် သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ယနေ့ သင်တို့ရှေ့၌ စစ်ဆေးစီရင်ခံနေရပါသည်’ဟူသောစကားတစ်ခွန်းကိုသာ ကြွေးကြော်ခဲ့ပါသည်”ဟု ဆိုလေ၏။
သို့သော် ဤဂိုဏ်းနှင့်ပတ်သက်၍ အရပ်ရပ်တို့၌ ဆန့်ကျင်ပြောဆိုနေကြောင်း ငါတို့သိထားသည်ဖြစ်၍ သင်မည်သို့စိတ်သဘောရှိသည်ကို သင့်ထံမှ ငါတို့ကြားလိုသည်”ဟု ဆိုကြ၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
ဤတရားလမ်းသို့ လိုက်သောသူကိုတွေ့လျှင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာနိုင်ရန် ဒမတ်စကပ်မြို့ရှိ ဝတ်ပြုစည်းဝေးကျောင်းများသို့ ပေးစာများကို သူ့ထံမှ တောင်းလေ၏။
သို့ဖြစ်လျှင် မည်သို့နည်း။ အစ္စရေးလူမျိုးတို့သည် မိမိတို့ကြိုးစားရှာဖွေသောအရာကို မရရှိကြ။ ရွေးကောက်တော်မူသောသူတို့သာ ရရှိကြပြီး ကျန်သောသူတို့သည် မာကျောခက်ထန်သောသဘောရှိကြ၏။
ထို့ကြောင့် ဘုရားသခင်သည် သနားလိုသောသူကို သနားတော်မူ၍ ခေါင်းမာစေလိုသောသူကို ခေါင်းမာစေတော်မူ၏။
အကြောင်းမူကား ထိရောက်မှုရှိသောအမှုတော်လုပ်ငန်းအတွက် ကြီးမားသောတံခါးသည် ငါ့အတွက်ပွင့်လျက်ရှိ၍ ဆန့်ကျင်သောသူလည်း များစွာရှိကြ၏။
ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။
သင်တို့တွင် အပြစ်တရား၏လှည့်ဖြားမှုကြောင့် မည်သူမျှ စိတ်နှလုံးမာကျောခြင်းမရှိစေရန် ယနေ့ဟုခေါ်ရသောအချိန်ရှိနေသရွေ့ နေ့စဉ် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။
သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍
များစွာသောလူတို့သည်လည်း ထိုသူတို့၏ကာမဂုဏ်လိုက်စားခြင်းနောက်သို့လိုက်သဖြင့် သမ္မာတရားလမ်းသည် ထိုသူတို့ကြောင့် စော်ကားပြောဆိုခြင်းခံရလိမ့်မည်။
သူတို့မူကား မိမိတို့မသိသောအရာများကို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ ပင်ကိုသဘာဝအရသိထားသည့်အရာများ၌ပင် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။