Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 95:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 မေရိဘ​အရပ်​၌​ကဲ့သို့​လည်းကောင်း​၊ တောကန္တာရ​ရှိ မဿာ​အရပ်​၌​ရှိ​စဉ်က​ကဲ့သို့​လည်းကောင်း သင်​တို့​၏​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကိုယ်​တော်​က​မော​ရိ​ဘ​အ​ရပ်​တွင်​ရောက်​ရှိ နေ​သော သင်​တို့​ဘိုး​ဘေး​များ​ကဲ့​သို့​သင်​တို့​သည် ခေါင်း​မ​မာ​ကြ​နှင့်။ တော​ကန္တာ​ရ​ရှိ​မဿာ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော ဘိုး​ဘေး​များ​ကဲ့​သို့​ခေါင်း​မ​မာ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8-9 သင် တို့ ဘိုး ဘေး များ သည် ငါ့ ကို စိ စစ် စုံ စမ်း၍၊ ငါ ၏ အ မှု ကို သိ မြင် လျက် ပင်၊ မေ ရိ ဘ ခေါ် တော အ ရပ်၊ မဿာ ဟူ သော နေ့ ရက် တွင် ပြု ကြ သ ကဲ့ သို့၊ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ယ​နေ့​တွင် သင်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​ကြား​လျက် ခိုင်​မာ​သော စိတ်​နှ​လုံး​မ​ရှိ​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 95:8
18 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ လူ​တို့​က မောရှေ​အား “​ငါ​တို့​သောက်​ဖို့​ရေ​ပေး​ပါ​လော့​”​ဟု ဆို​၍​ရန်တွေ့​ကြ​၏​။ မောရှေ​က​လည်း “​ငါ့​ကို အဘယ်ကြောင့်​ရန်တွေ့​ကြ​သနည်း​။ ထာဝရဘုရား​ကို အဘယ်ကြောင့်​အကဲစမ်း​ကြ​သနည်း​”​ဟု ဆို​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ရန်တွေ့​ကြ​သောကြောင့်​လည်းကောင်း​၊ “​ထာဝရဘုရား​သည် ငါ​တို့​၌​ရှိ​သလော​၊ မ​ရှိ​သလော​”​ဟု ဆို​လျက် ထာဝရဘုရား​အား အကဲစမ်း​ကြ​သောကြောင့်​လည်းကောင်း ထို​အရပ်​၏​အမည်​ကို မဿာ ဟူ၍​လည်းကောင်း​၊ မေရိဘ ဟူ၍​လည်းကောင်း ခေါ်​လေ​၏​။


ဖာရော​မင်းကြီး​သည် သက်သာ​ရာ​ရ​ကြောင်း​ကို သိမြင်​သောအခါ ထာဝရဘုရား​မိန့်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သူ​၏​စိတ်နှလုံး​သည်​ခိုင်မာ​လျက် မောရှေ​နှင့်​အာရုန်​တို့​၏​စကား​ကို နား​မ​ထောင်​ဘဲ​နေ​၏​။


သူ​သည် မာနထောင်လွှား​ပြီး မောက်မာ​ခက်ထန်​လာ​သောအခါ ရာဇ​ပလ္လင်​မှ​ဖြုတ်ချ​ခံရ​ပြီး သူ့​ဂုဏ်သရေ​လည်း ရုပ်သိမ်း​သွား​ခြင်း ခံရ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ငါ့​ကို မည်မျှ​ကြာ​အောင် မထီလေးစား​ပြု​ကြ​မည်နည်း​။ သူ​တို့​တွင် ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို သူ​တို့​မြင်​ရ​သော်လည်း ငါ့​ကို မည်မျှ​ကြာ​အောင် မ​ယုံကြည်​ဘဲ​နေ​ကြ​မည်နည်း​။


အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့်


“​ဤ​ဆိုးညစ်​သော​လူထု​သည် ငါ့​ကို မည်မျှ​ကြာ​အောင် အပြစ်တင်​နေ​ကြ​မည်နည်း​။ ငါ့​ကို အပြစ်တင်​နေ​ကြ​သည့် အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ကြား​ရ​ပြီ​။


ထာဝရဘုရား​အား အစ္စရေး​အမျိုးသား​တို့ ရန်တွေ့​သော​နေရာ​ကို မေရိဘ​စမ်းရေ​ဟု​ခေါ်​၏​။ ထာဝရဘုရား​သည် မိမိ​သန့်ရှင်း​ခြင်း​ကို သူ​တို့​အား ထို​နေရာ​တွင် ပြ​တော်မူ​၏​။


သို့သော် လူ​အချို့​တို့​သည် ခေါင်းမာ​လျက် မ​ယုံကြည်​ဘဲ လူထု​ပရိသတ်​ရှေ့​တွင် တရား​လမ်း​ကို ပုတ်ခတ်​ပြောဆို​ကြ​သောအခါ ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံမှ ထွက်ခွာ​ပြီး တုရန္နု​၏​စာသင်ခန်းမ​၌ နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​လေ​၏။


သို့သော် သင်​၏​မာကျော​ခက်ထန်​မှု​နှင့်​နောင်တ​မ​ရ​သော​စိတ်နှလုံး​တို့​ကြောင့် သင်​သည် အမျက်​တော်​နေ့​တည်းဟူသော ဘုရားသခင်​၏​ဖြောင့်မတ်​သည့် တရား​စီရင်​ခြင်း​ထင်ရှား​ရာ​နေ့​အတွက် အမျက်​တော်​ကို မိမိ​အဖို့​သိုမှီး​လျက်​ရှိ​၏။


သင်​တို့​သည် မဿာ​အရပ်​၌ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အကဲစမ်း​သကဲ့သို့ အကဲ​မ​စမ်း​ရ​။


သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။


သင်​တို့​တွင် အပြစ်​တရား​၏​လှည့်ဖြား​မှု​ကြောင့် မည်သူမျှ စိတ်နှလုံး​မာကျော​ခြင်း​မ​ရှိ​စေရန် ယနေ့​ဟု​ခေါ်​ရ​သော​အချိန်​ရှိ​နေ​သရွေ့ နေ့စဉ် အချင်းချင်း​တိုက်တွန်း​နှိုးဆော်​ကြ​လော့။


သင်​တို့​သည် ဤ​အရာ​အားလုံး​ကို​သိ​ကြ​ပြီ​ဖြစ်​သော်လည်း သင်​တို့​ကို ငါ​သတိပေး​နှိုးဆော်​လို​သည်​မှာ ထာဝရ​ဘုရား​သည် လူမျိုး​တော်​ကို အီဂျစ်​ပြည်​မှ အပြီးအပိုင်​ကယ်လွှတ်​တော်မူ​ပြီးနောက် မ​ယုံကြည်​သော​သူ​တို့​ကို တစ်ဖန်​ဖျက်ဆီး​တော်မူ​၏။


ဖာရော​မင်းကြီး​အပါအဝင် အီဂျစ်​လူမျိုး​တို့ စိတ်နှလုံး​မာကျော​ခဲ့​သကဲ့သို့ အဘယ်ကြောင့် သင်​တို့ စိတ်နှလုံး​မာကျော​ကြ​သနည်း​။ သူ​တို့​ကို ဘုရားသခင် ပြင်းထန်​စွာ​ဒဏ်ခတ်​လိုက်​သောအခါ အစ္စရေး​လူမျိုး​တို့​ကို လွှတ်လိုက်​ရ​သဖြင့် အစ္စရေး​လူမျိုး​တို့ ထွက်လာ​ကြ​ရ​သည်​မ​ဟုတ်​လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ