၂ ပေ 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် သူတို့သည် ဖမ်းဆီးခြင်းနှင့်ဖျက်ဆီးခြင်းခံရရန်အတွက် ပေါက်ဖွားလာသည့် ဘာသာဘာဝဆင်ခြင်ဉာဏ်မရှိသော တိရစ္ဆာန်များကဲ့သို့ဖြစ်ကြပြီး မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုတတ်ကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များပျက်စီးသကဲ့သို့ ပျက်စီးသွား၍ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ရာတွင်ထိုသူတို့သည်ထောင်ဖမ်း၍သတ် ဖြတ်ပစ်ရန်အတွက် ပေါက်ဖွားလာကြသည့် အသိဉာဏ်ကင်းမဲ့သောသားရဲတိရစ္ဆာန် များနှင့်တူကြသည်။ သူတို့သည်မိမိတို့ မသိနားမလည်သည့်အရာဟူသမျှကို ကဲ့ရဲ့ပြောဆိုတတ်ကြ၏။ အသိဉာဏ်ကင်း မဲ့သည့်သားရဲတိရစ္ဆာန်များနည်းတူ ပျက်စီးရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible12-13 ပြ က တေ့ အ တိုင်း ဉာဏ် မဲ့ လျက် ဖမ်း မိ ခြင်း၊ ပျက် စီး ခြင်း သို့ ကျ ရောက် ရန် ဖြစ် ပွား သည့် တိ ရ စ္ဆာန် များ ကဲ့ သို့ ကိုယ် မ သိ သော အ ရာ များ ကို ပုတ် ခတ်၍ မ တ ရား ခြင်း အ တွက် ပြစ် ဒဏ် ခံ ရ လျက် သင်္ခါ ရ အ ဖြစ် ဖြင့် ပျက် စီး ရ ကြ လိမ့် မည်။ သင် တို့ နှင့် စား သောက် ပွဲ ပြု ကြ စဉ် ထို နေ့ စား ပွဲ ကို အ ပျော် အ ပါး ဟု ထင် မှတ် သည့် အ လျောက် ဟန် ဆောင် သ ဖြင့် အ စွန်း အ ကွက် များ ဖြစ် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible12 သူတို့မူကား၊ ဖမ်း၍ဖျက်ဆီးဖို့ရာ ဖန်ဆင်းသော တိရစ္ဆာန်သက်သက်ကဲ့သို့၊ မိမိတို့နားမလည်သော အရာကို ကဲ့ရဲ့လျက်၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန်အစင် ပျက်စီးခြင်းသို့ရောက်၍၊ မတရားသောအမှု၏ အပြစ်ကို ခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 သူတို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရန်အတွက် ပေါက်ဖွားလာပြီး ပင်ကိုဗီဇအရ ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြ၍ မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များကဲ့သို့ပင် ပျက်စီးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။