အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘဝင်မြင့်ခြင်းမရှိပါ။ မျက်နှာထောင်လွှားခြင်းလည်းမရှိပါ။ ကြီးမား၍ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်ရသောအမှုများနှင့် ပတ်သက်ခြင်းလည်းမရှိပါ။
ဇေဖနိ 3:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် ငါ့ကို သင်ပုန်ကန်ခဲ့သောအမှုအလုံးစုံကြောင့် သင်အရှက်ကွဲရလိမ့်မည်မဟုတ်။ သင့်အထဲရှိ အပျော်အပါးလိုက်စားခြင်း၊ မာနထောင်လွှားခြင်းတို့ကို ငါဖယ်ရှားပစ်မည်။ ထို့ကြောင့် ငါ၏သန့်ရှင်းရာတောင်တော်တွင် ဘဝင်မြင့်ခြင်းများ ရှိတော့မည်မဟုတ်။ Common Language Bible အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။- Garrad Bible ထို နေ့ ရက်၊ သန့် ရှင်း သော ငါ့ တောင် တော် ပေါ်၌၊ သင် ဆက် လက် မ ထောင် မ လွှား ရ အောင်၊ ရွှင် လန်း မောက် မာ သော သူ တို့ ကို၊ သင့် အ လယ် မှ ငါ ရုပ် သိမ်း မည် နှင့် အ ညီ၊ ငါ့ အား ပြု ဘူး သော လွန် ကျူး မှု များ အတွက်၊ ရှက် ကြောက် ခြင်း ရှိ ရ တော့ မည် မ ဟုတ်။ Judson Bible ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှားမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသောတောင်ကို အမှီပြု၍ နောက်တစ်ဖန် မာနမထောင်လွှားရ။ |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ဘဝင်မြင့်ခြင်းမရှိပါ။ မျက်နှာထောင်လွှားခြင်းလည်းမရှိပါ။ ကြီးမား၍ အကျွန်ုပ်အတွက် အံ့မခန်းဖြစ်ရသောအမှုများနှင့် ပတ်သက်ခြင်းလည်းမရှိပါ။
ငါ့ကိုလိမ်လည်လှည့်စားသောသူတို့၏ဒုစရိုက်က ငါ့ကိုဝိုင်းရံ၍ ငါဒုက္ခရောက်သောနေ့ရက်များ၌ ငါသည် အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။
သူတို့နှုတ်၏အပြစ်နှင့် သူတို့နှုတ်ထွက်စကားကြောင့်လည်းကောင်း၊ သူတို့ရေရွတ်သော ကျိန်ဆဲစကားနှင့်မုသားစကားကြောင့်လည်းကောင်း သူတို့သည် မိမိတို့၏မာနကြီးခြင်းထဲ၌ ကျော့မိကြပါစေ။
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
အကယ်စင်စစ် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၌ နေ့ရက်တစ်ရက်ရှိ၏။ ထိုနေ့ရက်၌ မောက်မာထောင်လွှားသောသူ၊ ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်သောသူအပေါင်းတို့၏မာန်စွယ်ကို ချိုးတော်မူမည်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
လူသည် နှိမ့်ချခြင်းကိုခံရ၍ လူတိုင်း နိမ့်ကျကြရလိမ့်မည်။ မျက်နှာမောက်မာသောသူတို့သည် မာန်စွယ်ကျိုးကြရလိမ့်မည်။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။
ထာဝရဘုရားက “ယုဒပြည်၏မာန၊ ဂျေရုဆလင်မြို့၏မာနကြီးခြင်းကို ထိုခါးပတ်ကဲ့သို့ ငါဖျက်ဆီးမည်။
‘ဤသည်ကား ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သည်’ဟု ဆိုတတ်သောသူတို့၏မုသားစကားကို သင်တို့မယုံကြနှင့်။
ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
‘အစ္စရေးအမျိုးအနွယ်အား ဘုရားရှင်ထာဝရဘုရားက ကြည့်ရှုလော့။ သင်တို့ဂုဏ်ယူအားထားရာ၊ သင်တို့နှစ်သက်မြတ်နိုးရာ၊ အလေးအမြတ်ထားရာ ငါ၏သန့်ရှင်းရာဌာနကို ငါညစ်ညူးစေမည်။ သင်တို့စွန့်ထားခဲ့သော သင်တို့၏သားသမီးတို့သည် ဓားဖြင့်သေရမည်။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
ထိုသို့ ငါသည် ငါ့အပြစ်၊ ငါ့လူမျိုးအစ္စရေးတို့၏အပြစ်ကို ဝန်ချတောင်းပန်၍ မြွက်ဆိုဆုတောင်းခဲ့၏။ ဘုရားသခင်၏သန့်ရှင်းသောတောင်တော်အတွက်လည်း ဘုရားသခင်ထာဝရဘုရားထံ ပျပ်ဝပ်အသနားခံခဲ့၏။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ထိုသူတို့သည် စုရုံး၍ မောရှေနှင့်အာရုန်အား “သင်တို့ တရားလွန်နေပြီ။ လူထုအပေါင်းတို့သည် တစ်ယောက်မကျန် သန့်ရှင်းကြ၏။ ထာဝရဘုရားသည်လည်း သူတို့နှင့်အတူရှိတော်မူ၏။ ထာဝရဘုရား၏လူအစုအဝေးအပေါ် သင်တို့ကိုယ်သင်တို့ အဘယ်ကြောင့် ချီးမြှောက်ရသနည်း”ဟု ဆိုလေ၏။
‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။
အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊
ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် “ကြည့်ရှုလော့။ ရွေးကောက်ထားသည့် အဖိုးထိုက်သောထောင့်ချုပ်ကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ ဆိုထား၏။