ယေဇကျေလ 20:40 - မြန်မာ့စံမီသမ္မာကျမ်း
40 ဘုရားရှင်ထာဝရဘုရားက ‘ငါ၏သန့်ရှင်းသောတောင်၊ မြင့်မားသောအစ္စရေးတောင်ပေါ်တွင် တစ်ပြည်လုံးရှိအစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ထိုအရပ်၌ သူတို့ကို ငါလက်ခံမည်။ လှူဖွယ်ဝတ္ထုများ၊ အသီးဦးပူဇော်သက္ကာများနှင့်တကွ သန့်ရှင်းသောပူဇော်သက္ကာများကို ငါတောင်းဆိုမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
40 ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
40 အ သို့ ဆို သော်၊ ပြည် တော် ရှိ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည်၊ ဣ သ ရေ လ တောင် တန်း အ ထွဋ်၊ သန့် ရှင်း ရာ ငါ့ တောင် တော် ပေါ်၌၊ ငါ့ ကို ဝတ် ပြု ကြ သည့် အ လျောက်၊ ထို တောင် တွင် ပင် မြှောက် ဆက် ရာ အ လှူ၊ လက် ဦး လက် ဖျား အ လှူ မှ စ၍၊ အ လှူ ဝ တ္ထု အ မျိုး မျိုး ကို ငါ တောင်း ယူ လျက်၊ သင် တို့ ကို လက် ခံ မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
40 အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလအမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အားဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်းလက်ခံ၍၊ ထိုအရပ်၌ သင်တို့ပြုသောပူဇော်သကာများ၊ အဦးသီးသော အသီးတွင် ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ