ဇေဖနိ 3:11 - Common Language Bible
11 အို ငါ၏လူမျိုးတော်၊ ထိုအခါသင်တို့ သည်ငါ့ကိုပုန်ကန်ခဲ့သည့်အတွက်ရှက် ကြောက်နေရန်လိုတော့မည်မဟုတ်။ ငါ သည်မာနကြီးသူမောက်မာထောင်လွှား သူမှန်သမျှကိုပယ်ရှင်းမည်ဖြစ်၍ သင် တို့သည်နောက်တစ်ဖန်အဘယ်အခါ၌ မျှယေရုရှလင်မြို့ရှိ ငါ၏သန့်ရှင်းမြင့် မြတ်သည့်တောင်တော်ပေါ်တွင်ငါ့ကိုပုန် ကန်ကြတော့မည်မဟုတ်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ထို နေ့ ရက်၊ သန့် ရှင်း သော ငါ့ တောင် တော် ပေါ်၌၊ သင် ဆက် လက် မ ထောင် မ လွှား ရ အောင်၊ ရွှင် လန်း မောက် မာ သော သူ တို့ ကို၊ သင့် အ လယ် မှ ငါ ရုပ် သိမ်း မည် နှင့် အ ညီ၊ ငါ့ အား ပြု ဘူး သော လွန် ကျူး မှု များ အတွက်၊ ရှက် ကြောက် ခြင်း ရှိ ရ တော့ မည် မ ဟုတ်။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ငါ့ကို ပြစ်မှားသောအပြစ်များကြောင့် ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ သင်၏ဂုဏ်အသရေကြောင့် ဝါကြွားသော သူတို့ကို သင့်အလယ်၌ ငါပယ်ရှားမည်။ သင်သည်လည်း ငါ၏သန့်ရှင်းသောတောင်ကို အမှီပြု၍ နောက်တစ်ဖန် မာနမထောင်လွှားရ။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ထိုနေ့ရက်တွင် ငါ့ကို သင်ပုန်ကန်ခဲ့သောအမှုအလုံးစုံကြောင့် သင်အရှက်ကွဲရလိမ့်မည်မဟုတ်။ သင့်အထဲရှိ အပျော်အပါးလိုက်စားခြင်း၊ မာနထောင်လွှားခြင်းတို့ကို ငါဖယ်ရှားပစ်မည်။ ထို့ကြောင့် ငါ၏သန့်ရှင်းရာတောင်တော်တွင် ဘဝင်မြင့်ခြင်းများ ရှိတော့မည်မဟုတ်။
အခန်းကိုကြည့်ပါ။ ကော်ပီ