ဇေဖနိ 1:18 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။
အခန်းကိုကြည့်ပါ။
မြေ ပ ထ ဝီ၌ နေ ထိုင် သူ အ ပေါင်း တို့ ကို၊ အ လန့် တ ကြား ကုန် ဆုံး စေ မည့် အ လျောက်၊ ငါ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ရာ နေ့၌၊ ရွှေ ငွေ အား ဖြင့် ဘေး မ လွတ် ရ ဘဲ၊ မြေ တစ် ပြင် လုံး သည်၊ ရှု စိတ် တော် မ မူ ခြင်း အ ရှိန် ကြောင့်၊ ကျွမ်း လောင် ခံ ရ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တစ်ပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန်စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
အခန်းကိုကြည့်ပါ။