Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:38 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

38 ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 မျောက် မ ထား၍ အ သွေး သွန်း သော မိန်း မ တို့ ကို တ ရား စီ ရင် သည့် နည်း တူ၊ သင့် ကို စီ ရင် လျက် အ မျက် ထွက် ခြင်း၊ မ နာ လို ခြင်း ဆိုင် ရာ သေ ဒဏ် ခတ် ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:38
26 ပူးပေါင်းရင်းမြစ်များ  

ယုဒ​က မိမိ​၏​သား​ရှေလ​သည်​လည်း သူ​၏​အစ်ကို​များ​ကဲ့သို့ သေ​မည်​ကို​စိုးရိမ်​သဖြင့် မိမိ​၏​ချွေးမ​တာမာ​အား “​ရှေလ​ကြီးပြင်း​သည်​အထိ သင့်​ဖခင်​၏​အိမ်​၌ မုဆိုးမ​အဖြစ်​နှင့်​နေ​လော့​”​ဟု ဆို​လေ​၏​။ ထို့ကြောင့် တာမာ​သည်​သွား​၍ မိမိ​ဖခင်​၏​အိမ်​၌​နေထိုင်​လေ​၏​။


သုံး​လ​ခန့်​ကြာ​ပြီးနောက် တစ်စုံတစ်ဦး​က ယုဒ​အား “​သင်​၏​ချွေးမ​တာမာ​သည် ပြည့်တန်ဆာအလုပ်လုပ်​၏​။ ကြည့်​လော့​။ ပြည့်တန်ဆာလုပ်​ခြင်း​ဖြင့်​လည်း ကိုယ်ဝန်ရ​နေ​ပြီ​”​ဟု ကြားပြော​၏​။ ထို့ကြောင့် ယုဒ​က “​သူ့​ကို​အပြင်ထုတ်​၍ မီးရှို့​သတ်​စေ​”​ဟု ဆို​၏​။


လူ​၏​အသက်​ကို​သတ်​သော​သူ​သည် လူ့​လက်​ဖြင့်​အသတ်​ခံရ​မည်​။ အကြောင်းမူကား ဘုရားသခင်​သည် မိမိ​၏​ပုံသဏ္ဌာန်​အတိုင်း လူ​ကို​ဖန်ဆင်း​တော်မူ​၏​။


လူ​ကို​သေ​အောင်​ရိုက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


ထို့ကြောင့် သူ​တို့​၏​သားသမီး​များ​ကို ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​နှင့် ကြုံတွေ့​စေ​ပါ​၊ ဓား​ဖြင့်​ကျဆုံး​စေ​ပါ​။ သူ​တို့​၏​မိန်းမ​များ​ကို သားသမီး​များ​ဆုံးပါး​စေ​ပါ​၊ မုဆိုးမ​ဖြစ်​စေ​ပါ​။ ယောက်ျား​တို့​ကို သေမင်း​လက်​သို့​ရောက်​စေ​ပါ​။ လူပျို​တို့​ကို တိုက်ပွဲ​၌ ဓား​ဖြင့်​သေ​စေ​ပါ​။


ဘုရားရှင်​ထာဝရဘုရား​က ‘သင်​သည် တဏှာရာဂစိတ်​ပြင်းထန်​လျက်​၊ အဝတ်မပါ​အချည်းစည်း​ဖြစ်​လျက် သင်​ချစ်​သော​သူ​များ​နှင့်​ဖောက်ပြန်မှားယွင်း​သောကြောင့်​၊ သင့်​သားသမီး​တို့​ကို​သတ်​၍ သင်​၏​စက်ဆုပ်ရွံရှာဖွယ်​ရုပ်တု​တို့​အား ပေးလှူ​သောကြောင့်


သူ​တို့​သည် လူအုပ်ကြီး​ကို​ခေါ်လာ​၍ သင့်​ကို ခဲ​နှင့်​ပေါက်သတ်​မည်​။ ဓား​ဖြင့် အပိုင်းပိုင်း​ခုတ်ဖြတ်​မည်​။


သူ​တို့​သည် စစ်ရထား​များ​၊ လှည်း​များ​၊ လူ​အလုံးအရင်း​များ​နှင့်တကွ သင့်​ကို​လာတိုက်​လိမ့်မည်​။ ဒိုင်း​များ​၊ လွှား​များ​၊ သံခမောက်​များ​ပါ​လျက် သင့်​ကို​ဝိုင်းရံ​တပ်စွဲ​ကြ​လိမ့်မည်​။ သင့်​ကို​အပြစ်ပေး​ရန် သူ​တို့​လက်​သို့​အပ်လိုက်​သဖြင့် သူ​တို့​၏​စီရင်ချက်​အတိုင်း သင့်​ကို​စီရင်​လိမ့်မည်​။


သဝန်တို​သော​စိတ်​ကြောင့် သင့်​ကို​ငါ​အမျက်ထွက်​သည်​ဖြစ်၍ သူ​တို့​သည် အမျက်​ပြင်းစွာ​ဖြင့် သင့်​ကို​စီရင်​လိမ့်မည်​။ သင့်​နှာခေါင်း​၊ နားရွက်​တို့​ကို ဖြတ်ပစ်​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် ဓားဘေး​ဖြင့် သေဆုံး​ရ​လိမ့်မည်​။ သင့်​သား​သမီး​တို့​ကို ဖမ်းခေါ်​သွား​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည် မီးရှို့​ခံရ​မည်​။


ထို့ကြောင့် ငါ​ဘုရားရှင်​ထာဝရဘုရား အသက်ရှင်​သည်​နှင့်အညီ အသက်သတ်​ခြင်း​အမှု​ကို သင်​၌​အပ်​သဖြင့် သွေးကြွေး​သည် သင့်​ကို​လိုက်​လိမ့်မည်​။ လူ​အသက်သတ်​ခြင်း​ကို သင်​မြတ်နိုး​သောကြောင့် သွေးကြွေး​သည် သင့်​နောက်​သို့​လိုက်​လိမ့်မည်​။


ထို​ပြည်​တွင် လူ့​အသက်​ကို သတ်​ကြ​၏​။ ရုပ်တု​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် သူ​တို့​အပေါ်​တွင် အမျက်​တော်​ကို သွန်ချ​မည်​။


တစ်စုံတစ်ယောက်​သည် သူတစ်ပါး​၏​မယား​နှင့်​ဖြစ်စေ​၊ မိမိ​အိမ်နီးချင်း​၏​မယား​နှင့်​ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​လျှင် အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​ကျူးလွန်​သော​ထို​ယောက်ျား​နှင့် ထို​မိန်းမ​သည် မုချ​အသတ်​ခံရ​မည်​။


ထာဝရဘုရား​သည် သဝန်တို​သော​ဘုရား​၊ လက်တုံ့ပြန်​သော​ဘုရား ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် လက်တုံ့ပြန်​၏​။ အမျက်​တော်​လည်း ပြင်းထန်​၏​။ ထာဝရဘုရား​သည် ရန်သူ​တို့​ကို လက်တုံ့ပြန်​၏​။ ရန်သူ​တို့​အတွက် အမျက်​တော်​သို​ထား​တော်မူ​၏​။


“ငါ​သည် လူ​တို့​အပေါ်​ဘေးဒုက္ခ​ကျရောက်​စေ​မည်​။ သူ​တို့​သည် မျက်မမြင်​ကဲ့သို့​သွားလာ​ရ​လိမ့်မည်​။ သူ​တို့​သည် ထာဝရဘုရား​ကို​ပြစ်မှား​သောကြောင့် သူ​တို့​သွေး​သည် မြေမှုန့်​ကဲ့သို့​လည်းကောင်း​၊ သူ​တို့​၏​အသား​သည် မစင်​ကဲ့သို့​လည်းကောင်း သွန်ပစ်​ခံရ​မည်​။”


သံထည်​ပစ္စည်း​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သေ​စေ​နိုင်​သော​ကျောက်တုံး​ဖြင့် ထု​၍​လူ​သေ​သွား​လျှင် ထု​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သေ​စေ​နိုင်​သော​သစ်သား​တုတ်​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


ရန်ငြိုး​ထား​၍ လက်သီး​နှင့်​ထိုး​သဖြင့် လူ​သေ​သွား​လျှင်​လည်းကောင်း ထိုသို့​ပြု​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို တွေ့​လျှင် သတ်​ရ​မည်​။


သေဒဏ်​ခံထိုက်​သည့်​အပြစ်ရှိ​သော​လူသတ်သမား​သည် မုချ​အသတ်​ခံရ​မည်​ဖြစ်​သောကြောင့် သူ​၏​အသက်​အတွက် ရွေးနုတ်စရာ​အဖိုးအခ​ကို မ​ခံယူ​ရ​။


အကြောင်းမူကား ထို​သူ​တို့​သည် သန့်ရှင်း​သူ​များ​နှင့် ပရောဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်မူ​ပြီ။ သူ​တို့​သည် ထိုသို့​ခံရ​ရန် ထိုက်တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ