Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ရာ 14:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ယုဒ​လူမျိုး​တို့​သည်​လည်း ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို​သာ ပြု​ကြ​၏​။ ဘိုးဘေး​တို့​ပြု​သမျှ​ထက် သူ​တို့​ပြစ်မှား​သော​အပြစ်​က ထာဝရဘုရား​ကို ပို၍​အမျက်ထွက်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ယု​ဒ​ပြည်​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​အား ပြစ်​မှား​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး အ​ပေါင်း​တို့​ထက်​ပင် ပို​၍​ဆိုး​ရွား​စွာ​ပြစ်​မှား လျက်​ကိုယ်​တော်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ယု ဒ အ မျိုး လည်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၍ ဘိုး ဘေး တို့ ပြစ် မှား သ မျှ ထက်၊ အ မျက် တော် တိုက် ပြစ် မှား ကြ ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ယု​ဒ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဘိုး​ဘေး​တို့​ပြစ်​မှား​သ​မျှ​ထက် ပြစ်​မှား​သော အ​ပြစ်​များ​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ရာ 14:22
19 ပူးပေါင်းရင်းမြစ်များ  

သင်​မူကား သင့်​ရှေ့​က​လူ​အပေါင်း​တို့​ထက် ဆိုးညစ်မှု​များ​ကို ပြု​လေ​ပြီ​။ သင်​သည် ငါ့​ကို​ကျောခိုင်း​ပြီး အခြား​ဘုရား​များ​၊ ရုပ်တု​များ​ကို ပြုလုပ်​ကာ ငါ့​ကို​အမျက်ထွက်​စေ​ပြီ​။


ဩမရိ​မင်းကြီး​၏​သား​တော်​အာဟပ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မိမိ​အလျင်​ရှိ​ခဲ့​သော​မင်း​အပေါင်း​တို့​ထက် မကောင်းမှု​ကို​သာ၍​ပြု​၏​။


ယုဒ​အမျိုး​တို့​ပင်လျှင် သူ​တို့​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​တို့​ကို မ​စောင့်ထိန်း​ဘဲ အစ္စရေး​လူမျိုး​တို့​၏​ဓလေ့စရိုက်​နောက်သို့​လိုက်​၍ ပြုကျင့်​ကြ​၏​။


“​ယုဒ​ဘုရင်​မနာရှေ​မင်းကြီး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​ပြီ​။ သူ့​အလျင်​ရှိ​ခဲ့​သော​အာမောရိ​လူမျိုး​တို့​ထက် သာ၍​မကောင်းမှု​များ​ကို ပြု​ပြီ​။ သူ​လုပ်​ခဲ့​သော​ရုပ်တု​များ​ဖြင့် ယုဒ​လူမျိုး​တို့​ကို အပြစ်ပြု​စေ​ပြီ​။


ရောဗောင်​မင်းကြီး​သည် နိုင်ငံ​တော်​တည်မြဲ​၍ အင်အားကြီးမား​လာ​သောအခါ သူ​နှင့်​အစ္စရေး​လူမျိုး​တစ်မျိုးလုံး ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စွန့်ပယ်​ကြ​လေ​၏​။


ရောဗောင်​မင်းကြီး​သည် ထာဝရဘုရား​ကို ရှာ​လို​သော​စိတ်​မ​ရှိ​ဘဲ မကောင်းမှု​များ​ကို​သာ ပြု​ခဲ့​၏​။


သူ​တို့​သည် မိမိ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​အားဖြင့် ကိုယ်တော်​ကို​အမျက်ထွက်​စေ​ပြီး မိမိ​တို့​၏​ရုပ်တု​များ​အားဖြင့် ကိုယ်တော်​ကို​သဝန်တို​စေ​ကြ​၏​။


ထို​မင်း​သည် ယောယကိမ်​မင်းကြီး​ပြု​ခဲ့​သမျှ​အတိုင်း ထာဝရဘုရား​၏​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​၏​။


သို့သော် သူ​တို့​သည် ငါ့​စကား​ကို နား​မ​ထောင်​ကြ​၊ ဂရု​မ​စိုက်​ကြ​၊ ခေါင်းမာ​ကြ​၏​။ သူ​တို့​၏​ဘိုးဘေး​တို့​ထက် သာ၍​ဆိုးညစ်​ကြ​၏​။


ငါ​တို့​သည် သခင်​ဘုရား​အား သဝန်တို​စေ​ကြ​သလော။ ငါ​တို့​သည် ကိုယ်တော်​ထက် ခွန်အားကြီး​ကြ​သလော။


ထာဝရဘုရား​သည် သူ​တို့​ကို အမျက်​ဒေါသ​ပြင်းထန်​စွာ​ဖြင့် သူ​တို့​၏​ပြည်​ထဲ​မှ နုတ်​၍ ယနေ့​မြင်​ရ​သည့်​အတိုင်း သူ​တို့​ကို အခြား​သော​ပြည်​သို့ လွှင့်ပစ်​လိုက်​၏​’​ဟု ဆို​ကြ​လိမ့်မည်​။


သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်​သော​မီး​၊ သဝန်တို​သော​ဘုရား​ဖြစ်​တော်မူ​၏​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ ထိုသို့ ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​သောကြောင့် ထာဝရဘုရား​သည် မောဘ​ဘုရင်​ဧဂလုန်​မင်းကြီး​ကို အစ္စရေး​လူမျိုး​တို့​ထက် အားကြီး​စေ​တော်မူ​၏​။


ဤသို့ အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ထား​ကာ ဗာလ​ဘုရား​၊ အာရှရ​နတ်ဘုရားမ​တို့​ကို ဝတ်ပြု​လျက် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​သောကြောင့်


ဧဟုဒ သေဆုံး​သွား​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ပြု​ကြ​ပြန်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ