ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
ဇာခရိ 8:13 - မြန်မာ့စံမီသမ္မာကျမ်း အို ယုဒအမျိုးအနွယ်နှင့် အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ကျိန်ဆဲစရာဖြစ်ခဲ့သော်လည်း သင်တို့ကို ငါကယ်တင်မည်။ ကောင်းချီးပေးမည်။ မကြောက်ကြနှင့်။ သင်တို့လက်ကို ခိုင်ခံ့စေလော့’ဟု မိန့်တော်မူ၏။ Common Language Bible အို ယုဒနှင့်ဣသရေလပြည်သားတို့၊ အတိတ် အခါကလူမျိုးခြားတို့သည်မိမိတို့အချင်း ချင်းကျိန်ဆဲရာတွင်`သင်တို့သည်ယုဒနှင့် ဣသရေလအမျိုးသားတို့ကြုံတွေ့ရသည့် ဘေးအန္တရာယ်ဆိုးများနှင့်ကြုံတွေ့ရကြပါ စေသော' ဟုဆိုတတ်ကြ၏။ သို့ရာတွင်ငါ သည်သင်တို့အားကယ်တင်တော်မူမည်ဖြစ်၍ ထိုလူမျိုးခြားတို့သည်တစ်ဦးနှင့်တစ်ဦး၊ `သင်တို့သည်ယုဒနှင့်ဣသရေလအမျိုး သားတို့ခံစားရသည့်ကောင်းချီးမင်္ဂလာ များကိုခံစားရကြပါစေသော' ဟုဆို ကြလိမ့်မည်။ သို့ဖြစ်၍ရဲရင့်မှုရှိကြ လော့။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။ Garrad Bible အို ယု ဒ နှင့် ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ငါ ကယ် ဆယ် မည် ဖြစ်၍၊ လူ မျိုး ခြား တို့ တွင် အ မင်္ဂ လာ ခံ ဘူး သော သင် တို့ သည်၊ မင်္ဂ လာ အ ရင်း ခံ ဖြစ် ကြ လိမ့် မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ လက် သ တ္တိ ရှိ ကြ စေ ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။ Judson Bible အို ယုဒအမျိုးနှင့် ဣသရေလအမျိုးတို့၊ သင်တို့သည် တစ်ပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဖူးသကဲ့သို့၊ ကောင်းချီးခံရာ ဖြစ်စေခြင်းငှာ ငါကယ်တင်မည်။ မစိုးရိမ်ဘဲ လက်အားကြီးကြလော့။ |
ငါသည် သင်၏သားစဉ်မြေးဆက်ကို ကောင်းကင်ကြယ်နှင့်အမျှများပြားစေ၍ သင်၏သားစဉ်မြေးဆက်အား ဤမြေရှိသမျှတို့ကို ပေးမည်။ ကမ္ဘာမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရကြလိမ့်မည်။
သူ၏နာမသည် အစဉ်အမြဲတည်ပါစေသော။ နေသည်တည်နေသရွေ့ သူ၏နာမသည် ဆက်၍တည်ပါစေသော။ လူတို့သည် သူ့အားဖြင့် ကောင်းချီးမင်္ဂလာခံစားရ၍ လူမျိုးအပေါင်းတို့သည် သူ့ကိုမင်္ဂလာရှိသူဟု ခေါ်ကြပါစေသော။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ အိမ်နီးချင်းများ ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူများ အထင်အမြင်သေးစရာ၊ ပြက်ရယ်ပြုစရာဖြစ်ကြပါပြီ။
ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
ဂျေရုဆလင်မြို့မှစ၍ ယုဒမြို့ရွာများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများသည် ယနေ့ကဲ့သို့ပင် ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကဲ့ရဲ့စရာ၊ ကျိန်ဆဲစရာဖြစ်စေရန် သူတို့ကို သောက်စေ၏။
ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။
“လူတို့က ‘ထာဝရဘုရားသည် မိမိရွေးချယ်တော်မူသောလူမျိုးနှစ်မျိုးကို စွန့်ပယ်တော်မူပြီ’ဟု ပြောဆိုကြသောစကားကို သင်သတိမပြုမိသလော။ သူတို့သည် ငါ့လူမျိုးတော်ကို မထီလေးစားပြုကြလေပြီ။ လူမျိုးတစ်မျိုးအဖြစ် မမှတ်ကြတော့ပေ။
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။
သင်တို့၏ဆိုးညစ်သောလုပ်ရပ်၊ သင်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုများကို ထာဝရဘုရားသည် ဆက်၍သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သင်တို့ပြည်သည် ယခုကဲ့သို့ ပြိုပျက်ရာ၊ ထိတ်လန့်စရာ၊ ကျိန်ဆဲစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လေပြီ။
လူတို့ကလည်း သူတို့အား “ထွက်သွားကြ၊ မစင်ကြယ်သောသူတို့၊ ထွက်သွားကြ၊ ထွက်သွားကြ။ ငါတို့ကို မထိနှင့်”ဟု ဟစ်အော်ကြ၏။ သူတို့လည်း ထွက်သွား၍ လှည့်လည်သွားလာကြရ၏။ လူမျိုးတကာတို့ကလည်း “ငါတို့နှင့်အတူ မနေကြတော့နှင့်”ဟု ဆိုကြ၏။
သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။
ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။
ငါသည် အမျက်ဒေါသပြင်းစွာဖြင့် သင့်ကိုဆုံးမ၍ အပြစ်ဒဏ်ပေးသောအခါ သင့်ဝန်းကျင်ရှိ လူမျိုးတကာတို့တွင် သင်သည် ကဲ့ရဲ့စရာ၊ ပုတ်ခတ်စရာ၊ ခိုင်းနှိုင်းစရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ။
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့အား “မကြောက်နှင့်၊ ဇိအုန်မြို့၊ လက်ပန်းမကျနှင့်။
ထိုအချိန်၌ သင်တို့ကို ငါဆောင်ခဲ့မည်။ ထိုအချိန်၌ သင်တို့ကို ငါစုစည်းမည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသူတို့ကို သင်တို့ရှေ့သို့ ပြန်လာစေမည်။ ကမ္ဘာလောကသားတို့အလယ်တွင် သင်တို့ကို ငါချီးမြှောက်၍ ဂုဏ်သရေရှိစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။
‘အီဂျစ်ပြည်မှ သင်တို့ထွက်လာစဉ်က သင်တို့နှင့်အတူ ပဋိညာဉ်ဖွဲ့ခဲ့သည့်အတိုင်း ငါ့ဝိညာဉ်သည် သင်တို့နှင့်အတူ ရှိ၏။ ထို့ကြောင့် ကြောက်ရွံ့ခြင်း မရှိကြနှင့်။
ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
လူတို့သည် ထိုမြို့တွင် နေထိုင်ကြလိမ့်မည်။ ကျိန်ခြင်းရှိတော့မည်မဟုတ်။ ဂျေရုဆလင်မြို့သည် ဘေးကင်းလုံခြုံစွာ ရှိနေလိမ့်မည်။
ယခုကာလတွင်လည်း ယုဒအမျိုးအနွယ် ဂျေရုဆလင်မြို့သားတို့ ကောင်းစားဖို့ ငါပြုမည်ဟု စိတ်ပိုင်းဖြတ်ထားပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဗိမာန်တော်ဖြစ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချသောနေ့၌ ပရောဖက်တို့နှုတ်မှ ဆင့်ဆိုခဲ့သောစကားများကို ယခုကာလ၌ကြားရသောသူတို့၊ သင်တို့လက်ကို ကြံ့ခိုင်စေကြလော့။
ငါသည် ယုဒကို လေးသဖွယ် တင်မည်၊ ဧဖရိမ်ကို မြားသဖွယ် ပြုမည်။ အို ဇိအုန်၊ သင့်သားတို့ကို ငါနှိုးဆော်မည်။ အို ဂရိ၊ သင့်သားတို့ကို ငါဆန့်ကျင်မည်။ သင့်ကို စစ်သူရဲ၏ဓားသဖွယ် ဖြစ်စေမည်။”
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
မိမိဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့ထက် ချီးမွမ်းခြင်း၊ ကျော်စောခြင်း၊ အသရေရှိခြင်းတို့ဖြင့် သင့်ကိုချီးမြှင့်တော်မူမည်။ ကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သည်ဟု ယနေ့ဝန်ခံတော်မူပြီ”ဟု ပြောကြားလေ၏။
သင့်အားထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်ရှိ လူမျိုးအပေါင်းတို့တွင် သင်သည် ထိတ်လန့်စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ ဖြစ်လိမ့်မည်။