ယေရမိ 29:18 - မြန်မာ့စံမီသမ္မာကျမ်း
18 သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
18-19 ငါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် အ တိုင်း၊ ဝိ ရိ ယ စိုက် ၍ စေ လွှတ် လိုက် ရာ ကျွန် ရင်း ပ ရော ဖက် တို့ ဆင့် ဆို ချက် များ ကို၊ နာ ခံ နား ထောင် ခြင်း မ ပြု သည့် အ တွက်၊ ငါ နှင် ထုတ် ခဲ့ ရာ မြေ ပေါ် ရှိ တိုင်း နိုင် ငံ၊ လူ အ မျိုး မျိုး တွင်၊ ထိတ် လန့် ရာ၊ ဆဲ ဆို ရာ၊ ပြက် ရယ် ပြု ရာ၊ ကဲ့ ရဲ့ ရာ အံ့ ဖွယ် သ ရဲ ဖြစ် သည့် တိုင် အောင်၊ ထို သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ်၊ ရော ဂ န္တ ရ ကပ် များ ဖြင့် စီ ရင် ဦး မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 သူတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည်အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၏နှောင့်ယှက်ခြင်းသို့ သူတို့ကိုငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ