Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 33:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 “လူ​တို့​က ‘ထာဝရဘုရား​သည် မိမိ​ရွေးချယ်​တော်မူ​သော​လူမျိုး​နှစ်​မျိုး​ကို စွန့်ပယ်​တော်မူ​ပြီ’​ဟု ပြောဆို​ကြ​သော​စကား​ကို သင်​သတိ​မ​ပြု​မိ​သလော​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို မထီလေးစား​ပြု​ကြ​လေ​ပြီ​။ လူမျိုး​တစ်​မျိုး​အဖြစ် မမှတ်​ကြ​တော့​ပေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ရွေး ချယ် တော် မူ ခဲ့ သော လူ နှစ် နွယ် ကို ထာ ဝ ရ ဘု ရား စွန့် ပစ် တော် မူ လေ ပြီ ဟူ ၍ လူ မျိုး အ ဖြစ် ဆက် လက် မ ထင် မ မှတ် ဘဲ၊ လူ မျိုး တော် ကို မ ထီ လေး စား ပြု လျက် ဆို ကြ သော လူ မျိုး ၏ စ ကား ကို မ စဉ်း စား သလော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​သော လူ​မျိုး​နှစ်​မျိုး​ကို တစ်​ဖန်​ပယ်​တော်​မူ​ပြီ​ဟု ဤ​လူ​တို့​ပြော​တတ်​သော စ​ကား​ကို သင်​သည်​ဆင်​ခြင်​ပြီ​လော။ ထို​သို့​သူ​တို့​သည် ငါ၏​လူ​မျိုး​ကို လူ​မျိုး​ကဲ့​သို့​မ​မှတ်၊ မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 33:24
29 ပူးပေါင်းရင်းမြစ်များ  

“​ဘုရားသခင်​သည် သူ့​ကို​စွန့်ပစ်​လေ​ပြီ​။ ကယ်နုတ်​မည့်​သူ​မ​ရှိ​သည်​ဖြစ်၍ သူ့​ကို​လိုက်​၍​ဖမ်းဆီး​ကြ​လော့​”​ဟု ဆို​ကြ​ပါ​၏​။


သူ​တို့​က “​လာ​ကြ​၊ အစ္စရေး​ဟူသော​အမည်နာမ​ကို နောက်တစ်ဖန် အောက်မေ့စရာ​အကြောင်း​မ​ရှိ​စေရန် သူ​တို့​ကို လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ကြ​ကုန်စို့​”​ဟု ဆို​ကြ​ပါ​၏​။


အမှန်စင်စစ် သူ​တို့​သည် စိတ်သဘော​တညီတညွတ်တည်း​ဖြင့် လျှို့ဝှက်ကြံစည်​ကြ​၍ ကိုယ်တော်​ကို​ဆန့်ကျင်​လျက် မဟာမိတ်​ဖွဲ့​ကြ​ပါ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။ မိမိ​၏​အမွေ​တော်​ကို​လည်း စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။


ဧဖရိမ်​အမျိုး​၏​မနာလိုဝန်တိုစိတ်​သည် ပျောက်သွား​မည်​။ ယုဒ​အမျိုး​အား ရန်ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။ ဧဖရိမ်​အမျိုး​သည် ယုဒ​အမျိုး​ကို မနာလို​မ​ဖြစ်​။ ယုဒ​အမျိုး​သည်​လည်း ဧဖရိမ်​အမျိုး​ကို ရန်​မ​ပြု​။


ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို သင့်​ထံသို့​လည်းကောင်း​၊ သင့်​လူမျိုး​ထံသို့​လည်းကောင်း​၊ သင့်​ဖခင်​၏​အမျိုးအနွယ်​ထံသို့​လည်းကောင်း ခေါ်ဆောင်​လာ​တော်မူ​မည်​ဖြစ်၍ ယုဒ​အမျိုး​ထံမှ ဧဖရိမ်​အမျိုး​ထွက်သွား​သော​နေ့​မှစ၍ မ​ကြုံ​ဖူး​သော​နေ့ရက်​များ​ကို သင်​တို့​ကြုံ​ရ​လိမ့်မည်​။


သူ​သည် ထိုသို့​အလုံးစုံ​ပြု​ပြီးနောက် ငါ​က ‘ငါ့​ထံသို့​ပြန်လာ​ပါ’ ဟု ဆို​သော်လည်း သူ​သည် ပြန်​မ​လာ​ဘဲ​နေ​၏​။ သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် ထို​အရာ​ကို မြင်​၏​။


သစ္စာမဲ့​သော​အစ္စရေး​လူမျိုး​သည် အိမ်ထောင်ရေးဖောက်ပြန်​သည်​ကို ငါ​မြင်​သောကြောင့် သူ့​ကို ကွာရှင်း​စာ​ပေး​ပြီး နှင်ထုတ်​ခဲ့​သည်​ကို​ပင် သူ​၏​ညီမ​ဖြစ်​သော သစ္စာဖောက်​ယုဒ​အမျိုး​သည် မ​ကြောက်​ဘဲ ပြည့်တန်ဆာ​သွား​လုပ်​၏​။


ထာဝရဘုရား​က “​ထို​သူ​တို့​သည် သင့်​ကို ‘​အပယ်​ခံရ​သော​သူ​၊ မည်သူမျှ​ဂရု​မ​စိုက်​သော​ဇိအုန်​မြို့​’​ဟု ခေါ်​ကြ​သောကြောင့် ငါ​သည် သင့်​ကို ပြန်လည်​ကျန်းမာ​စေ​မည်​။ သင့်​အနာ​ကို ကုသ​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​ဤ​ပြဋ္ဌာန်းချက်​တို့​သည် ငါ့​ရှေ့မှောက်​မှ​ကွယ်ပျောက်​သွား​လျှင် အစ္စရေး​လူမျိုး​၏​သားစဉ်မြေးဆက်​တို့​သည်​လည်း ငါ့​ရှေ့မှောက်​၌ လူမျိုး​တော်​အဖြစ်​မှ အစဉ်​ကွယ်ပျောက်​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍


ယာကုပ်​အမျိုးအနွယ် ငါ့​အစေအပါး​ဒါဝိဒ်​ကို ငါ​စွန့်ပယ်​မည်​။ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​အမျိုးအနွယ်​တို့​ကို အုပ်စိုး​မည့်​သူ​ကို​လည်း သူ​တို့​ထဲမှ ငါ​ပေါ်ထွန်း​စေ​မည်​မ​ဟုတ်​။ အကယ်စင်စစ် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​ကို ငါ​ပြန်လာ​စေ​မည်​၊ သနားစုံမက်​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား အစ္စရေး​လူမျိုး​၊ ယုဒ​လူမျိုး​တို့​ကို သူ​တို့​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စွန့်ပစ်​တော်​မ​မူ​။ ခါလဒဲ​ပြည်​ကား သန့်ရှင်း​သော​အရှင်​ကို ပြစ်မှားသောအပြစ်​နှင့်​ပြည့်နှက်​၏​။


လူ​တို့​က​လည်း သူ​တို့​အား “​ထွက်သွား​ကြ​၊ မစင်ကြယ်​သော​သူ​တို့​၊ ထွက်သွား​ကြ​၊ ထွက်သွား​ကြ​။ ငါ​တို့​ကို မ​ထိ​နှင့်​”​ဟု ဟစ်အော်​ကြ​၏​။ သူ​တို့​လည်း ထွက်သွား​၍ လှည့်လည်​သွားလာ​ကြ​ရ​၏​။ လူမျိုးတကာ​တို့​က​လည်း “​ငါ​တို့​နှင့်အတူ မ​နေ​ကြ​တော့​နှင့်​”​ဟု ဆို​ကြ​၏​။


အမ္မုန်​အမျိုးသား​တို့​အား ဘုရားရှင်​ထာဝရဘုရား​၏ စကား​တော်​ကို နားထောင်​ကြ​လော့​။ ဘုရားရှင်​ထာဝရဘုရား​က ‘သန့်ရှင်းရာဌာန ညစ်ညူး​သွား​ခဲ့​စဉ်က​၊ အစ္စရေး​ပြည်​ကြီး ဆိတ်သုဉ်း​သွား​ခဲ့​စဉ်က​၊ ယုဒ​အမျိုး ဖမ်းခေါ်​သွား​ခြင်း​ခံရ​စဉ်က သင်​တို့​ဟားတိုက်​ခဲ့​ကြ​သောကြောင့်


“​အချင်း​လူသား​၊ တိုင်ရာ​မြို့​က ဂျေရုဆလင်​မြို့​ကို​ဆန့်ကျင်​၍ ‘​အဟား​၊ လူမျိုးတကာ​တို့​၏​တံခါး​ကြီး ကျိုးပဲ့​လေ​ပြီ​။ ဟင်းလင်းပွင့်​လေ​ပြီ​။ ထို​မြို့​သည် လူဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​။ ငါ့​အလို​ပြည့်စုံ​လေ​ပြီ​’​ဟု ဆို​၏​။


သင်​တို့​၏​ရန်သူ​က ရှေးက​ရှိ​ခဲ့​သော အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို ငါ​တို့​ပိုင်​ပြီ​ဟေ့​ဟူ၍ ဆို​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သို့သော် သူ​တို့​သည် လူမျိုးခြား​တို့​အလယ်​သို့ ရောက်သွား​သောအခါ လူ​တို့​က သန့်ရှင်း​သော​ငါ့​နာမ​ကို ရှုတ်ချ​လျက် ‘​ဤ​သူ​တို့​သည် ထာဝရဘုရား​၏​လူမျိုး​တော်​ဖြစ်​လျက်​နှင့် မိမိ​နေရင်းပြည်​မှ ထွက်ခွာ​သွား​ရ​ပါ​သည်​တကား​’​ဟု ဆို​ကြ​၏​။


ဘုရားရှင်​ထာဝရဘုရား​က “​အချင်း​လူသား​၊ ဤ​အရိုး​တို့​သည် အစ္စရေး​အမျိုးအနွယ် တစ်မျိုးနွယ်လုံး​ဖြစ်​၏​။ သူ​တို့​က ‘​ငါ​တို့​၏​အရိုး​သည် ခြောက်သွေ့​လျက်​ရှိ​၏​။ ငါ​တို့​၏​မျှော်လင့်ချက် ကုန်ဆုံး​ပြီ​။ ငါ​တို့​သည် ဖယ်ထုတ်​ခြင်း​ခံရ​လေ​ပြီ​’​ဟု ပြောဆို​တတ်​ကြ​၏​။


ထို​ပြည်​ရှိ အစ္စရေး​တောင်​ပေါ်တွင် သူ​တို့​ကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေ​မည်​။ သူ​တို့​အားလုံး​ကို ရှင်ဘုရင်​တစ်ပါးတည်း​သာ အုပ်ချုပ်​မည်​။ သူ​တို့​သည် လူမျိုး​နှစ်​မျိုး​ဖြစ်​တော့​မည်​မ​ဟုတ်​၊ နိုင်ငံ​နှစ်​နိုင်ငံ​အဖြစ် ကွဲပြား​တော့​မည်​မ​ဟုတ်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ