ဟေရှာယ 43:28 - မြန်မာ့စံမီသမ္မာကျမ်း28 ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 သင်တို့ဘုရင်များသည်ငါ၏ဗိမာန်တော်ကို ညစ်ညမ်းစေကြ၏။ ထို့ကြောင့်ငါသည်ဣသရေလပြည်ကို ပျက်ပြုန်းစေ၍၊ ငါ၏လူမျိုးတော်အားအသရေ ပျက်စေလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible28 ငါ သည် ဘိ သိက် ခံ သော မင်း များ ကို ရှုတ် ချ လျက်၊ ယာ ကုပ် အ မျိုး ကို မြေ လှန် ရာ သို့ လည်း ကောင်း၊ ဣ သ ရေ လ အ နွယ် ကို ပုတ် ခတ် ဆဲ ရေး ရာ သို့ လည်း ကောင်း၊ အပ် လိုက် ခဲ့ ပြီ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုကြောင့်၊ သန့်ရှင်းရာဌာန၏မင်းတို့ကို ငါရှုတ်ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံစေခြင်းငှာငါစွန့်ပြီ။ အခန်းကိုကြည့်ပါ။ |
ဂိလဗောတောင်များပေါ်တွင် နှင်းမကျပါစေနှင့်။ မိုးလည်း မရွာပါစေနှင့်။ လယ်မြေတို့တွင်လည်း လှူဖွယ်ကောက်နှံတို့ မဖြစ်ထွန်းပါစေနှင့်။ အကြောင်းမှာ ထိုအရပ်တွင် သူရဲကောင်းတို့၏ဒိုင်းလွှားများ ရှုံးနိမ့်ရလေပြီ။ ရှောလုမင်းကြီး၏ဒိုင်းလွှားသည်လည်း ဆီသထားခြင်း မရှိတော့ပြီ။
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။