သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ဇာခရိ 2:12 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် သန့်ရှင်းရာပြည်၌ မိမိ၏ဝေစုအဖြစ် ယုဒပြည်ကို သိမ်းယူလိမ့်မည်။ ဂျေရုဆလင်မြို့ကိုလည်း ပြန်လည်ရွေးချယ်တော်မူလိမ့်မည်။ Common Language Bible တစ်ဖန်တုံယုဒနယ်သည်သန့်ရှင်းမြင့်မြတ် သည့်ပြည်တော်တွင်ထာဝရဘုရား၏အထူး ပိုင်နက်ဖြစ်လာရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်းကိုယ်တော်အမြတ်နိုးဆုံးသော မြို့ဖြစ်လိမ့်မည်။ Garrad Bible သန့် ရှင်း သော ပြည် တွင် ထာ ဝ ရ ဘု ရား သည်၊ ယု ဒ နယ် ကို ဝေ ပုံ တော် အ ဖြစ် အ ပိုင် ယူ လျက် ယေ ရု ရှ လင် မြို့ ကို ရွေး ချယ် တော် မူ ဦး မည်။ Judson Bible ထာဝရဘုရားသည် သန့်ရှင်းသောပြည်၌ မိမိအဖို့ ယုဒပြည်ကို အမွေခံ၍ တစ်ဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။ |
သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
“ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် ဇိအုန်ကိုရွေးချယ်ပြီး မိမိ၏ကိန်းဝပ်ရာအရပ် ဖြစ်စေရန် အလိုရှိတော်မူပြီ။
“ထိုအရပ်သည် ငါ၏ငြိမ်ဝပ်ရာအရပ် အစဉ်ဖြစ်၏။ ထိုအရပ်ကို ငါနှစ်သက်သည်ဖြစ်၍ ထိုအရပ်၌ ငါကိန်းဝပ်မည်။
အကယ်စင်စစ် ထာဝရဘုရားသည် ယာကုပ်ကို မိမိအတွက်လည်းကောင်း၊ အစ္စရေးကို မိမိ၏ဘဏ္ဍာအဖြစ်လည်းကောင်း ရွေးချယ်တော်မူ၏။
ထာဝရဘုရားကို မိမိဘုရားအဖြစ်ကိုးကွယ်သောတိုင်းနိုင်ငံနှင့် ကိုယ်တော်၏အမွေခံအဖြစ် ကိုယ်တော်ရွေးချယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
အို ဘုရားသခင်၊ ထ၍ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူပါ။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် ကိုယ်တော်၏အမွေတော် ဖြစ်ပါ၏။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနားတော်မူမည်။ အစ္စရေးလူမျိုးကို နောက်တစ်ဖန်ရွေးချယ်တော်မူမည်။ သူတို့ပြည်၌ သူတို့ကိုနေရာချတော်မူမည်။ တိုင်းတစ်ပါးသားတို့သည် သူတို့နှင့်ပူးပေါင်းမည်။ ယာကုပ်အမျိုးနှင့် ပေါင်းဖော်ကြမည်။
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
မြေကြီးစွန်းမှ ငါဆွဲလာသူ၊ အဝေးဆုံးအရပ်မှ ငါခေါ်လာသူ “သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါရွေးချယ်ပြီ။ သင့်ကို ငါမစွန့်ပစ်”ဟု သင့်အား ငါမိန့်ဆို၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
သင့်ကို ဝါးမျိုသောသူအပေါင်းတို့သည် ဝါးမျိုခြင်းကိုခံရလိမ့်မည်။ သင်၏ရန်သူအပေါင်းတို့သည် တစ်ယောက်မကျန် ဖမ်းခေါ်သွားရာသို့ လိုက်ပါရလိမ့်မည်။ သင့်ကို တိုက်ခိုက်လုယက်သောသူတို့သည်လည်း တိုက်ခိုက်လုယက်ခြင်းခံရမည်။ သင့်ကို သိမ်းပိုက်သောသူအပေါင်းတို့သည် သိမ်းပိုက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ ယာကုပ်အမျိုးအနွယ်သည် ကိုယ်တော်၏အမွေတော်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါ့မြို့တို့ကိုကောင်းကျိုးချမ်းသာများနှင့် ပြန်လည်ပြည့်စုံစေမည်။ ထာဝရဘုရားသည် ဇိအုန်မြို့ကို ပြန်လည်နှစ်သိမ့်ပေးမည်။ ဂျေရုဆလင်မြို့ကို ပြန်လည်ရွေးကောက်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု မိန့်ဆို၏။
ထာဝရဘုရားက စာတန်အား “စာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမမည်။ ဂျေရုဆလင်မြို့ကို ရွေးနုတ်တော်မူသောထာဝရဘုရားသည် သင့်ကို ဆုံးမမည်။ ဤသည်ကား မီးထဲမှဆွဲထုတ်လိုက်သောထင်းစ မဟုတ်လော”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် သူ့ကို တောကန္တာရအရပ်၊ လေထန်သောကန္တာရလွင်တီးခေါင်အရပ်၌တွေ့သောအခါ သူ့ကိုကာကွယ်စောင်မလျက် မျက်စိသူငယ်အိမ်ကဲ့သို့စောင့်ရှောက်တော်မူခဲ့၏။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။