ဆာလံ 105:15 - မြန်မာ့စံမီသမ္မာကျမ်း15 “ငါဘိသိက်ပေးထားသောသူတို့ကို မထိကြနှင့်။ ငါ၏ပရောဖက်တို့ကိုလည်း အန္တရာယ်မပြုကြနှင့်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible15 ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယခု ထိုသူ၏မယားကို ပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်သောကြောင့် သင့်အတွက်ဆုတောင်းပေးလိမ့်မည်။ ထိုအခါ သင်သည် အသက်ချမ်းသာရာရလိမ့်မည်။ သို့သော် သင်ပြန်မပေးလျှင် သင်နှင့်တကွ သင်နှင့်သက်ဆိုင်သူအားလုံးသည် မုချသေရမည်ကို သိမှတ်လော့”ဟု အဘိမလက်မင်းကြီးအား အိပ်မက်ထဲတွင် မိန့်တော်မူ၏။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။