အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 62:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဆင့်အတန်း​နိမ့်​သော​သူ​တို့​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပြီး အဆင့်အတန်း​မြင့်​သော​သူ​တို့​သည် လိမ်လည်ခြင်း​သာ​ဖြစ်​ကြ​၏​။ ချိန်ခွင်​၌​ချိန်​လျှင် သူ​တို့​နှစ်မျိုး​ပေါင်း​သည် အခိုးအငွေ့​ထက်​ပေါ့​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ ယုတ် တို့ သည် အ ခိုး အ ငွေ့၊ လူ မြတ် တို့ သည် မု သာ မျှ သာ ဖြစ် ကြ၏။ အ ခိုး အ ငွေ့ ဖြစ် လျက်၊ နှစ် မျိုး လုံး ပင်၊ ချိန် ခွင် ၌ ပေါ လော နေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကယ်​စင်​စစ် ယုတ်​ညံ့​သော​သူ​တို့​သည် အ​န​တ္တ၊ အ​သ​ရေ​ရှိ​သော​သူ​တို့​သည် မု​သား​ဖြစ်​ကြ၏။ ချိန်​ခွင်​နှင့် ချိန်​စက်​လျှင် ထို​သူ​အ​ပေါင်း​တို့​သည် အ​န​တ္တ​ထက်​သာ၍​ပေါ့​ကြ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 62:9
25 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ယောက်​က ဒါဝိဒ်​မင်းကြီး​အား “​အဗရှလုံ​နှင့်အတူ ပူးပေါင်းကြံစည်​သူ​တို့​ထဲတွင် အဟိသောဖေလ​လည်း ပါ​သည်​”​ဟု ကြားပြော​၏​။ ထိုအခါ ဒါဝိဒ်​မင်းကြီး​က “​အို ထာဝရဘုရား​၊ အဟိသောဖေလ​၏​အကြံ​ကို မိုက်မဲ​သော​အကြံ​ဖြစ်​စေ​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


အဗရှလုံ​သည် အဆုံးအဖြတ်​ခံယူ​ရန် ရှင်ဘုရင်​ထံသို့​လာ​သော​အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို ဤနည်း​အတိုင်း ဆက်ဆံ​ခြင်း​ဖြင့် အစ္စရေး​အမျိုးသား​တို့​၏​နှလုံးသား​ကို သိမ်းသွင်း​ထား​လေ​၏​။


ဟေဇကိ​မင်းကြီး​သည် စေတမန်​တို့​လက်​မှ စာ​ကို​ယူ​ဖတ်​ပြီးလျှင် ထာဝရဘုရား​၏​အိမ်​တော်​သို့​သွား​၍ ထာဝရဘုရား​ရှေ့​တော်​၌ ထို​စာ​ကို​ဖြန့်​လေ​၏​။


“​လူ​အပေါင်း​တို့​သည် လိမ်လည်​သော​သူ​များ​သာ​ဖြစ်​ကြ​၏​”​ဟု ငါ​အလန့်တကြား​ပြောဆို​မိ​၏​။


ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် မင်းအရာရှိ​တို့​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။


အကျွန်ုပ်​၏​အတွင်း​ဝိညာဉ်​ညှိုးငယ်​သောအခါ ကိုယ်တော်​သာလျှင် အကျွန်ုပ်​၏​လမ်း​ကို​သိ​တော်မူ​၏​။ လူ​တို့​သည် အကျွန်ုပ်​လျှောက်​သော​လမ်း​၌ အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။


ကိုယ်တော်​သည် ဒုစရိုက်​အတွက်​ဆိုဆုံးမ​ခြင်း​အားဖြင့် လူ​ကို​ပဲ့ပြင်​တော်မူ​၍ လူ​တပ်မက်​သော​အရာ​ကို ပိုးဖလံ​ကဲ့သို့​ဖျက်ဆီး​တော်မူ​၏​။ လူ​တိုင်း​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပါ​၏​။(​စေလာ)


ကိုယ်တော်​သည် အကျွန်ုပ်​အသက်တာ​၏ နေ့ရက်​များ​ကို လက်တစ်ဝါး​သာ​ရှည်​စေ​တော်မူ​၏​။ အကျွန်ုပ်​၏​အသက်တာ​သည်​လည်း ကိုယ်တော်​၏​ရှေ့​တွင် ဘာမျှ​မ​ဟုတ်​သကဲ့သို့​ဖြစ်​ပါ​၏​။ အကယ်စင်စစ် လူ​တိုင်း​သည် မြဲမြံ​စွာ​ရပ်တည်​လျက်​နေ​စဉ်မှာပင် အခိုးအငွေ့​သက်သက်​ဖြစ်​ကြ​ပါ​၏​။(​စေလာ)


ထို့ကြောင့် မြေကြီး​သည် ပြောင်းလဲ​သွား​၍ တောင်​များ​သည် သမုဒ္ဒရာ​၏​အလယ်ဗဟို​သို့ ရွေ့သွား​ကြ​လျှင်ပင်​လည်းကောင်း​၊


အကျွန်ုပ်​သည် များစွာ​သော​သူ​တို့​အတွက် ရှေ့ပြေးနိမိတ်​ကဲ့သို့​ဖြစ်​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုင်ခံ့​သော​ခိုလှုံ​ရာ​ဖြစ်​ပါ​၏​။


ထာဝရဘုရား​ကို အစဉ်​ယုံကြည်ကိုးစား​ကြ​လော့​။ ထာဝရဘုရား​သည် အစဉ်အမြဲ​တည်​သော​ကျောက်​ဖြစ်​တော်မူ​၏​။


လူမျိုး​တို့​ကို ရေပုံး​ထဲမှ​ရေတစ်စက်​ကဲ့သို့​၊ ချိန်ခွင်​ပေါ်မှ ဖုန်မှုန့်​ကဲ့သို့ ထင်မှတ်​၍ ကျွန်း​တို့​ကို မြူမှုန်​ကဲ့သို့ ကိုင်​တော်မူ​၏​။


လူမျိုး​အားလုံး​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ဘာမျှ​မ​ဟုတ်​။ ကိုယ်တော်​သည် သူ​တို့​ကို အနတ္တသက်သက်​၊ အချည်းနှီးသက်သက်​ထက် သာ၍​ငယ်​သည်​ဟု ထင်မှတ်​တော်မူ​၏​။


‘တေကလ​’ ဟူသည်မှာ အရှင်မင်းကြီး​ကို ချိန်ခွင်​တွင်​ချိန်​ကြည့်​သောအခါ အလေးချိန်​လျော့​နေ​သည်​ကို တွေ့​တော်မူ​ပြီ​ဟု အနက်​ရ​၏​၊


ကိုယ်တော်​၏​ရှေ့​မှ​သွား​သော​လူထု​ပရိသတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူထု​ပရိသတ်​များ​သည် “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း။ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။


ထိုအခါ သူ​တို့​က “သုတ်သင်​လိုက်​ပါ၊ သုတ်သင်​လိုက်​ပါ၊ သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​လိုက်​ပါ”​ဟု အော်ဟစ်​ကြ​၏။ ပိလတ်​မင်း​က “သင်​တို့​၏​ဘုရင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌ ငါ​တင်​ရ​မည်​လော”​ဟု မေး​လျှင် ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​က “အကျွန်ုပ်​တို့​တွင် ဆီဇာ​ဧကရာဇ်​မှလွဲ၍ အခြား​ဘုရင်​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။


လုံးဝ​မ​ပျက်ပြယ်​နိုင်​ရာ။ “ကိုယ်တော်​သည် မိမိ​မိန့်​တော်မူ​သော​စကား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​၍ တရားဆိုင်​တော်မူ​သောအခါ အောင်မြင်​မည့်​အကြောင်း​တည်း”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း လူ​ခပ်သိမ်း​သည် လိမ်လည်​သော​သူ​ဖြစ်​သော်လည်း ဘုရားသခင်​သည် ဖြောင့်မှန်​တော်မူ​သော​အရှင်​ဖြစ်​ပါ​စေ​သော။


ဟန္န​က​လည်း “​သခင်​၊ ထိုသို့​မ​ဟုတ်​ပါ​။ အကျွန်ုပ်​သည် စိတ်သောက​ရောက်​နေ​သော​မိန်းမ ဖြစ်​ပါ​၏​။ စပျစ်ဝိုင် မ​သောက်​ပါ​။ သေရည်သေရက်​ကို​လည်း မ​သောက်​ပါ​။ ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​စိတ်ခံစားချက်​ကို ဖွင့်ပြ​နေ​ခြင်း​သာ​ဖြစ်​ပါ​၏​။


ဒါဝိဒ်​သည် ရှောလု​မင်းကြီး​စေခိုင်း​သမျှ​တို့​၌ အောင်မြင်​စွာ​လုပ်ဆောင်​နိုင်​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဒါဝိဒ်​အား စစ်သူရဲအုပ်​အရာ​၌​ခန့်ထား​ရာ စစ်သည်​အပေါင်း​တို့​သာမက ရှောလု​မင်းကြီး​၏​အမှုထမ်း​တို့​လည်း သူ့​ကို နှစ်သက်​သဘောကျ​ကြ​၏​။


ထို​အမျိုးသမီး​တို့​သည် ကခုန်​လျက် “​ရှောလု​မင်းကြီး​အထောင်ထောင်​၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​ပြီ​”​ဟု သီဆို​ကြ​၏​။


ထိုအခါ ဒါဝိဒ်​က “​ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​နောက်လိုက်​တို့​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်နှံ​ကြ​မည်လော​”​ဟု မေး​ရာ ထာဝရဘုရား​က “​အပ်နှံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။