ဟေရှာယ 26:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထာဝရဘုရားကို အစဉ်ယုံကြည်ကိုးစားကြလော့။ ထာဝရဘုရားသည် အစဉ်အမြဲတည်သောကျောက်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ထာဝရဘုရားကိုအမြဲတစေယုံကြည် ကိုးစားကြလော့။ ကိုယ်တော်သည်ငါတို့အားအစဉ်ကွယ်ကာ စောင့်ထိန်းတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible4 ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible4 ထာဝရဘုရား၌ အစဉ်အမြဲ ခိုလှုံကြလော့။ ထာဝရဘုရားသည် နိစ္စထာဝရခိုလှုံရာ ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။