Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 23:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ ဒါဝိဒ်​က “​ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​နောက်လိုက်​တို့​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်နှံ​ကြ​မည်လော​”​ဟု မေး​ရာ ထာဝရဘုရား​က “​အပ်နှံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဒါ​ဝိဒ်​က``ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော် မျိုး​နှင့်​အ​ပေါင်း​ပါ​တို့​အား​ရှော​လု​လက်​သို့ ပေး​အပ်​ကြ​မည်​လော'' ဟု​တစ်​ဖန်​မေး​လျှောက် ပြန်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ပေး​အပ်​ကြ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 တစ် ဖန် ဒါ ဝိဒ် က ကိ လ မြို့ သား တို့ သည် အ ကျွန်ုပ် နှင့် အ ပေါင်း ပါ တို့ ကို ရှော လု မင်း လက် တွင်း သို့ အပ် မည် လော ဟု မေး လျှောက် ပြန် သော်၊ အပ် လိမ့် မည် ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည် ဖြစ် ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 တစ်​ဖန် ဒါ​ဝိဒ်​က၊ ကိ​လ​မြို့​သား​တို့​သည် အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်၏​လူ​တို့​ကို ရှော​လု​လက်​သို့ အပ်​ကြ​လိမ့်​မည်​လော​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အပ်​ကြ​ပါ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 23:12
12 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် လူ​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။


နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အကျွန်ုပ်​အား​ကြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သွား​ရ​မည့်​လမ်း​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


အကျွန်ုပ်​ကို ရန်သူ​၏​လက်​သို့​အပ်​တော်​မ​မူ​ဘဲ အကျွန်ုပ်​၏​ခြေ​ကို ကျယ်ဝန်း​သော​အရပ်​၌ ရပ်​စေ​တော်မူ​ပြီ​။


ငါ​၏​စိတ်ဝိညာဉ်​သည် ဘုရားသခင်​၌​သာ ငြိမ်သက်ချမ်းသာမှု​ကို​ခံစား​ရ​၏​။ ငါ့​ကို​ကယ်တင်​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံမှ​လာ​၏​။


ထာဝရဘုရား​မ​သိ​အောင် မိမိ​တို့​အကြံအစည်​ကို အစွမ်းကုန်​ဖုံးကွယ်​၍ မိမိ​တို့​၏​အမှု​ကို မှောင်မိုက်​ထဲ၌​ပြု​လျက် “​ငါ​တို့​ကို​မည်သူ​မြင်​မည်နည်း​။ မည်သူ​သိ​မည်နည်း​”​ဟု ပြောဆို​သော​သူ​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။


ထာဝရဘုရား​သည် ငါ့​အား ဖော်ပြ​တော်မူ​သောကြောင့် ငါ​သိ​ရ​၏​။ သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ့​အား ပြ​တော်မူ​ပြီ​။


ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။


ယုဒ​အမျိုးသား​တို့​က “​သင်​တို့ အဘယ်ကြောင့် ငါ​တို့​ထံ ချီလာ​ကြ​သနည်း​”​ဟု မေး​သော် သူ​တို့​က “​ရှံဆုန်​ကို ဖမ်းဆီး​ရန်​လာ​ခြင်း​ဖြစ်​၏​။ သူ​သည် ငါ​တို့​ကို ပြု​ခဲ့​သည့်​အတိုင်း ငါ​တို့ ပြန်ပြု​မည်​”​ဟု ဆို​ကြ​၏​။


ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​ကို သူ့​လက်​သို့ အပ်နှံ​မည်လော​။ ကိုယ်တော်​၏​အစေအပါး ကြားသိ​သည့်​အတိုင်း ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​မည်လော​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး​အား ယခု သိ​စေ​ပါ​”​ဟု လျှောက်ဆို​၏​။ ထာဝရဘုရား​က​လည်း “​ချီလာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


အရှင်မင်းကြီး​ကိုယ်တော်တိုင် ဆင်းလာ​လို​လျှင် ဆင်းလာ​တော်မူ​ပါ​။ သူ့​ကို အရှင်မင်းကြီး​လက်​သို့ အကျွန်ုပ်​တို့ အပ်​ပါ​မည်​”​ဟု လျှောက်ဆို​ကြ​၏​။


ဒါဝိဒ်​သည် ကိလ​မြို့​သို့​ရောက်လာ​ကြောင်း​ကို ရှောလု​မင်းကြီး​ကြား​သောအခါ “​ဘုရားသခင်​သည် ဒါဝိဒ်​ကို ငါ့​လက်​သို့​အပ်​တော်မူ​ပြီ​။ သူ​သည် မြို့​တံခါး​များ​၊ ကန့်လန့်ကျင်​များ အခိုင်အမာ​ရှိ​သော​မြို့​ထဲသို့​ဝင်​၍ ကိုယ့်ကိုယ်ကိုယ်​ပိတ်​မိ​စေ​ပြီ​”​ဟု ဆို​ပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ