Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 71:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အကျွန်ုပ်​သည် များစွာ​သော​သူ​တို့​အတွက် ရှေ့ပြေးနိမိတ်​ကဲ့သို့​ဖြစ်​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုင်ခံ့​သော​ခိုလှုံ​ရာ​ဖြစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​တွက် ခိုင်​ခံ့​သည့် ခို​လှုံ​ရာ​ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​လူ​တို့​ရှေ့​တွင်​စံ​န​မူ​နာ ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ကိုယ် တော် သည်၊ အ ကျွန်ုပ် အ ဖို့ ခိုင် ခံ့ သော ခို လှုံ ရာ ဖြစ် တော် မူ၍၊ လူ အ များ တို့ ရှေ့ နိ မိတ် လ က္ခ ဏာ သ ဖွယ်၊ အ ကျွန်ုပ် ဖြစ် ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ကျွန်ုပ်​သည် များ​စွာ​သော​သူ​တို့၌ အံ့​ဖွယ်​သော​အ​ရာ​ကဲ့​သို့ ဖြစ်​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 71:7
14 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုလှုံ​ရာ​၊ ရန်သူ့​ရှေ့​မှာ ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​တော်မူ​၏​။


ဘုရားသခင်​ထံ​တော်​၌ ငါ​၏​ကယ်တင်​ခြင်း​နှင့် ငါ​၏​ဘုန်းအသရေ​ရှိ​၏​။ ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ကျောက်ဆောင်​၊ ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။


အို လူ​များ​တို့​၊ ကိုယ်တော်​ကို အစဉ်အမြဲ​ယုံကြည်ကိုးစား​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​ကို ကိုယ်တော်​၏​ရှေ့​တော်​၌ ဖွင့်ဟ​ကြ​လော့​။ ဘုရားသခင်​သည် ငါ​တို့​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။(​စေလာ)


အဆင့်အတန်း​နိမ့်​သော​သူ​တို့​သည် အခိုးအငွေ့​သာ​ဖြစ်​ကြ​ပြီး အဆင့်အတန်း​မြင့်​သော​သူ​တို့​သည် လိမ်လည်ခြင်း​သာ​ဖြစ်​ကြ​၏​။ ချိန်ခွင်​၌​ချိန်​လျှင် သူ​တို့​နှစ်မျိုး​ပေါင်း​သည် အခိုးအငွေ့​ထက်​ပေါ့​၏​။


ဇိအုန်​တောင်​၌​ကိန်းဝပ်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ပေး​တော်မူ​သော အမှတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု​တို့​မှာ ငါ​နှင့် ထာဝရဘုရား​ငါ့​အား​ပေး​တော်မူ​သော သားသမီး​တို့​ပင်​ဖြစ်​၏​။


အို ထာဝရဘုရား ကိုယ်တော်​သည် အကျွန်ုပ်​၏​ခွန်အား​၊ အကျွန်ုပ်​၏​ရဲတိုက်​၊ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ အကျွန်ုပ်​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​ပါ​၏​။ မြေကြီး​စွန်း​မှ လူမျိုးခြား​တို့​သည် ကိုယ်တော်​ထံသို့​လာ​၍ “​အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့ ပိုင်ဆိုင်​သော​အရာ​သည် မုသား​သာ​ဖြစ်​၏​။ အချည်းနှီး​၊ အကျိုး​မ​ရှိ​သော​အရာ​သာ​ဖြစ်​၏​”​ဟု လျှောက်​ကြ​ပါ​လိမ့်မည်​။


ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ယောရှု​အား


အို ယဇ်ပုရောဟိတ်​မင်း​ယောရှု​၊ နားထောင်​လော့​။ သင်​နှင့်အတူ သင့်​ရှေ့​တွင်​ထိုင်​သော​သင့်​အပေါင်းပါ​တို့​လည်း နားထောင်​ကြ​လော့​။ အကြောင်းမူကား သူ​တို့​သည် နိမိတ်လက္ခဏာ​နှင့်ဆိုင်သော​လူ​များ ဖြစ်​ကြ​၏​။ ကြည့်ရှု​လော့​။ ငါ့​အစေအပါး​ဖြစ်​သည့် အတက်​ကို ငါ​ထွက်လာ​စေ​မည်​။


ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။


ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။


ဘုရားသခင်​သည် တမန်တော်​ဖြစ်​ကြ​သော​ငါ​တို့​ကို နောက်ဆုံး​တွင်​ထား​၍ အသေ​သတ်​ခြင်း​ခံရ​မည့်​သူ​များ​ကဲ့သို့ ထုတ်ပြ​တော်မူ​ပြီ​ဟု ငါ​ထင်မှတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ကောင်းကင်​တမန်​များ​ရှေ့၌​ဖြစ်စေ၊ လူ​တို့​ရှေ့၌​ဖြစ်စေ တစ်လောကလုံး​အတွက် ရှုစား​စရာ​ဖြစ်လာ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ