ဆာလံ 62:9 - Common Language Bible9 လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 လူ ယုတ် တို့ သည် အ ခိုး အ ငွေ့၊ လူ မြတ် တို့ သည် မု သာ မျှ သာ ဖြစ် ကြ၏။ အ ခိုး အ ငွေ့ ဖြစ် လျက်၊ နှစ် မျိုး လုံး ပင်၊ ချိန် ခွင် ၌ ပေါ လော နေ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေရှိသောသူတို့သည် မုသားဖြစ်ကြ၏။ ချိန်ခွင်နှင့် ချိန်စက်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက်သာ၍ပေါ့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
မည်သည့်နည်းနှင့်မျှဤသို့မဆိုနိုင်။ လူတိုင်း ပင်လိမ်လည်ကြစေကာမူဘုရားသခင်မူ ကား ကတိသစ္စာတည်တော်မူမည်သာဖြစ်၏။ ကျမ်းစာတော်က၊ ``ကိုယ်တော်မိန့်တော်မူသောစကားသည် မှန်ကန်ရမည်။ တရားဆိုင်တော်မူရလျှင်လည်းကိုယ်တော် သာလျှင် အနိုင်ရမည်'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်၏။