ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။
ဆာလံ 60:2 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မြေကြီးကို တုန်ခါစေ၍ ၎င်းကိုကွဲအက်စေခဲ့ပါ၏။ ထိုကွဲအက်ရာတို့ကို ပြုပြင်တော်မူပါ။ အကြောင်းမူကား ၎င်းသည် တုန်လှုပ်လျက်ရှိပါ၏။ Common Language Bible ကိုယ်တော်ရှင်သည်ပြည်တော်ကိုသိမ့်သိမ့်တုန် စေ၍ ကွဲအက်စေတော်မူပါပြီ။ ပြည်တော်သည်ပြိုကွဲလျက်ရှိသဖြင့် ကွဲအက်ရာများကိုပြုပြင်တော်မူပါ။ Garrad Bible ပြည် တော် ကို လှုပ် ရှား ခွဲ စိတ် တော် မူ လေ ပြီ။ သိမ့် သိမ့် တုန် လျက် နေ သော အက် ကွဲ ရာ များ ကို ပြု စု တော် မူ ပါ။ Judson Bible မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တစ်ဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။ |
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ မိုးကောင်းကင်အုတ်မြစ်သည်လည်း ယိမ်းထိုးခါယမ်း၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ မေသေဂမ္မာမြို့ကို သိမ်းယူလိုက်၏။
ဇေရုယာ၏သားအဘိရှဲသည်လည်း ဧဒုံလူမျိုး တစ်သောင်းရှစ်ထောင်ကို ဆားချိုင့်ဝှမ်းတွင် သုတ်သင်နိုင်ခဲ့ပြီး
ဇောဘဟာမတ်ဘုရင်ဟာဒဒေဇာမင်းကြီးသည် ယူဖရေးတီးမြစ်တစ်လျှောက်ကို ပြန်လည်သိမ်းပိုက်ရန် စစ်ချီလာသောအခါ ဒါဝိဒ်မင်းကြီးသည် သူ့ကိုတိုက်ခိုက်ပြီး
ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကို သုတ်သင်ပစ်ပြီး
ငါ့နာမဖြင့်သမုတ်သောငါ့လူမျိုးတော်တို့သည် မိမိတို့၏ဆိုးညစ်သောလမ်းမှပြန်လှည့်ပြီး ကိုယ်ကိုနှိမ့်ချလျက် ငါ့မျက်နှာကိုရှာပြီး ဆုတောင်းလျှင် ကောင်းကင်ဘုံမှ ငါနားညောင်းမည်။ သူတို့၏အပြစ်များကိုလည်း ခွင့်လွှတ်ပြီး သူတို့ပြည်ကို ချမ်းသာစေမည်။
အကြောင်းမူကား ထိုအရှင်သည် နာကျင်စေသော်လည်း အနာကို ပတ်စည်းပေးတော်မူ၏။ ဒဏ်ရာရစေသော်လည်း ဒဏ်ရာကိုပျောက်ကင်းစေတော်မူ၏။
မြေကြီးကို သူ့နေရာ၌လှုပ်ခတ်စေသဖြင့် မြေကြီးတိုင်လုံးတို့သည် တုန်လှုပ်ကြ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောအခါ ၎င်းသည် တုန်လှုပ်၏။ တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်ကြ၏။
အချင်းမြေကြီး၊ အရှင်၏ရှေ့တော်တည်းဟူသော ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌ တုန်လှုပ်လျက်နေလော့။
ထိုအခါ ကိုယ်တော်သည် အမျက်ထွက်တော်မူသောကြောင့် မြေကြီးသည် ယိမ်းထိုးလှုပ်ခါ၏။ တောင်များ၏အခြေအမြစ်တို့သည်လည်း ယိမ်းထိုးခါယမ်းကြ၏။
ကိုယ်တော်သည် သူ၏တံတိုင်းရှိသမျှတို့ကိုဖြိုဖျက်၍ သူ၏ခံတပ်များကို ဖျက်ဆီးတော်မူပြီ။
အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏ဒဏ်ရာကို ပတ်စည်းပေး၍ မိမိဒဏ်ခတ်တော်မူသည့်အနာကို ပျောက်ကင်းစေတော်မူသောနေ့ရက်၌ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်မည်။ နေ၏အလင်းသည် ခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းကဲ့သို့ လင်းမည်။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
ထာဝရဘုရားက “ထိုသူတို့သည် သင့်ကို ‘အပယ်ခံရသောသူ၊ မည်သူမျှဂရုမစိုက်သောဇိအုန်မြို့’ဟု ခေါ်ကြသောကြောင့် ငါသည် သင့်ကို ပြန်လည်ကျန်းမာစေမည်။ သင့်အနာကို ကုသပေးမည်”ဟု မိန့်တော်မူ၏။
ငါသည် တောင်ကြီးတို့ကိုကြည့်လိုက်သော် ၎င်းတို့သည် တုန်ခါလျက်၊ တောင်ငယ်ရှိသမျှလည်း လှုပ်ယမ်းလျက်နေ၏။
မောဘပြည်ရှိ ခေါင်မိုးပြင်များ၊ လမ်းမများမှစ၍ နေရာအနှံ့ မြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား မည်သူမျှအလိုမရှိသောအိုးကဲ့သို့ မောဘပြည်ကို ငါခွဲပစ်လိုက်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။
ပျောက်သောသိုးကို ပြန်ရှာမည်။ လမ်းလွဲသောသိုးကို ပြန်ခေါ်လာမည်။ ဒဏ်ရာရသောသိုးကို ကျပ်စည်းပေးမည်။ အားနည်းသောသိုးကို အားရှိစေမည်။ သို့သော် ဆူဖြိုးသန်မာသောသိုးကိုမူ ငါသုတ်သင်ပစ်မည်။ ငါသည် သိုးတို့ကို တရားသဖြင့် ကျွေးမွေးထိန်းကျောင်းမည်’ဟု မိန့်တော်မူ၏။
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
ထိုအကြောင်းကြောင့် ပြည်သည် ထိတ်လန့်တုန်လှုပ်၍ ပြည်သားတို့လည်း ငိုကြွေးမြည်တမ်းရမည် မဟုတ်လော။ တစ်ပြည်လုံးသည် နိုင်းမြစ်ကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ လှုပ်ခါ၍ ပြန်ဆုတ်သွားလိမ့်မည် မဟုတ်လော။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည်အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲသွားလေ၏။ မြေကြီးသည်လှုပ်၍ ကျောက်များသည် အက်ကွဲလေ၏။