Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟ​ဗက္ကုတ် 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 တောင်​များ​သည် ကိုယ်တော်​ကို​မြင်​လျှင် တုန်လှုပ်​ကြ​ပါ​၏​။ မိုးသက်မုန်တိုင်း​လည်း တိုက်ခတ်​ပါ​၏​။ နက်ရှိုင်း​ရာ​အရပ်​သည် ဟုန်းသံ​ပေး​၍ မိမိ​လက်​များ​ကို​လည်း အထက်​သို့​မြှောက်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ရှု မြင် သော တောင် များ သည် တုန် လှုပ် လျက်။ မိုဃ်း သက် မုန် တိုင်း သည် တိုက် သွား လျက်။ သ မု ဒ္ဒ ရာ သည် ဟုန်း သံ လွှင့်၍။ ကြီး စွာ သော လှိုင်း တံ ပိုး ထ ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တောင်​တို့​သည် ကိုယ်​တော်​ကို မြင်၍ တုန်​လှုပ်​ကြ​ပါ၏။ လျှံ​သော​ရေ​သည် လွှမ်း​မိုး​ပါ၏။ ပင်​လယ်​သည် အော်​ဟစ်၍ လက်​ကို ချီ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ​ဗက္ကုတ် 3:10
36 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​ရှေ့​၌​ပင် ကိုယ်တော်​သည် ပင်လယ်​ကို​ခွဲ​တော်မူ​၍ ပင်လယ်​အလယ် ခြောက်သွေ့​သော​မြေ​ပေါ်တွင် သူ​တို့​ကို ဖြတ်ကူး​စေ​၏​။ သူ​တို့​ကို လိုက်​သော​သူ​တို့​အား ကျောက်တုံး​ကို ရေနက်​ထဲ​ပစ်ချ​သကဲ့သို့ ပင်လယ်နက်​ထဲသို့​ပစ်ချ​တော်မူ​၏​။


ကိုယ်တော်​သည် ကမ္ဘာမြေကြီး​ကို စေ့စေ့ကြည့်​တော်မူ​သောအခါ ၎င်း​သည် တုန်လှုပ်​၏​။ တောင်​များ​ကို​တို့ထိ​တော်မူ​သောအခါ ၎င်း​တို့​မှ မီးခိုး​ထွက်​ကြ​၏​။


ရေသတ္တဝါကြီး​များ​နှင့် နက်ရှိုင်း​ရာ​အရပ်​ရှိသမျှ​၊


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။


မြက်ခင်းပြင်​တို့​သည် သိုးအုပ်​နှင့်​ပြည့်စုံ​လျက် ချိုင့်ဝှမ်း​တို့​သည် ဂျုံစပါး​နှင့်​ဖုံးလွှမ်း​လျက်​ရှိ​ပါ​၏​။ ၎င်း​တို့​သည် ဝမ်းမြောက်​စွာ​ကြွေးကြော်​၍ သီချင်းဆို​ကြ​ပါ​၏​။


ကိုယ်တော်​သည် ပင်လယ်​ကို ကုန်းမြေ​အဖြစ်​သို့​ပြောင်းလဲ​စေ​တော်မူ​၏​။ လူ​တို့​သည် မြစ်​ကို​ခြေကျင်​ဖြတ်ကူး​ကြ​၏​။ ထို​အရပ်​တွင် ငါ​တို့​သည် ကိုယ်တော်​၌ ဝမ်းမြောက်​ကြ​၏​။


အို ထာဝရဘုရား​၊ မြစ်​တို့​သည် ဟုန်းဟုန်း​မြည်​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​အသံ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။ မြစ်​တို့​သည် မိမိ​တို့​၏​လှိုင်းခတ်သံ​များ​ကို ဟုန်းဟုန်း​မြည်​စေ​ကြ​ပါ​၏​။


ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။


သင်​တို့​သည် ဝမ်းမြောက်​စွာ​ထွက်ခွာ​လာ​၍ ငြိမ်းချမ်း​စွာ​ပို့ဆောင်​ခြင်း​ခံရ​မည်​။ တောင်ကြီး​၊ တောင်ငယ်​တို့​သည် သင်​တို့​ရှေ့​၌ ဝမ်းမြောက်​စွာ​သီချင်း​ဟစ်ကြော်​သီဆို​ကြ​လိမ့်မည်​။ တော​၌​ရှိ​သော​အပင်​အားလုံး​တို့​သည် လက်ခုပ်တီး​ကြ​လိမ့်မည်​။


ငါ​သည် တောင်ကြီး​တို့​ကို​ကြည့်​လိုက်​သော် ၎င်း​တို့​သည် တုန်ခါ​လျက်​၊ တောင်ငယ်​ရှိသမျှ​လည်း လှုပ်ယမ်း​လျက်​နေ​၏​။


မီး​နှင့်​ထိ​သော​ဖယောင်း​ကဲ့သို့​လည်းကောင်း​၊ တောင်စောင်း​တွင် စီးဆင်း​သော​ရေ​ကဲ့သို့​လည်းကောင်း ခြေ​တော်​အောက်​တွင် တောင်​များ​အရည်ပျော်​၍ ချိုင့်ဝှမ်းလွင်ပြင်​များ​လည်း အက်ကွဲ​ကုန်​လိမ့်မည်​။


တောင်​များ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်ခါ​၍ တောင်ကုန်း​များ အရည်ပျော်​ကုန်​၏​။ မြေကြီး​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​၍ ကမ္ဘာကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​သည်​လည်း တုန်လှုပ်​ကြ​ပါ​၏​။


ရပ်​တော်မူ​လျှင် မြေကြီး​လှုပ်​၍ ကြည့်​တော်မူ​လျှင် တိုင်းနိုင်ငံ​တို့ တုန်လှုပ်​ကြ​လေ​၏​။ ရှေး​တောင်ကြီး​များ​လည်း ကွဲလွင့်​၍ ရှေး​တောင်ကုန်း​များ​လည်း နိမ့်ဝင်​ကုန်​၏​။ နည်းလမ်း​တော်​တို့​မူကား ထာဝရ​တည်​၏​။


ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။


ထိုအခါ ပင်လယ်​ပေါ်၌ ပြင်းထန်​သော​မုန်တိုင်း​ကျရောက်​လာ​သဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လုမတတ်​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် အိပ်စက်​နေ​တော်မူ​၏။


အစ္စရေး​အမျိုးသား​တို့​သည် ယုံကြည်​ခြင်း​အားဖြင့် ပင်လယ်​နီ​ကို ခြောက်သွေ့​သော​မြေ​ကဲ့သို့​ဖြတ်​သွား​ကြ​၏။ ထိုနည်းတူ​ပြု​ရန် ကြံစည်​အားထုတ်​သော​အီဂျစ်​အမျိုးသား​တို့​သည် နစ်မြုပ်​ကြ​ကုန်​၏။


ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​မှ​တက်လာ​၍ ကုန်းမြေ​ပေါ်တွင် ခြေချ​လိုက်​သည်​နှင့် ဂျော်ဒန်​မြစ်​ရေ​သည် ပြန်​စီးလာ​၍ ယခင်က​ကဲ့သို့ ကမ်း​တစ်လျှောက်လုံး ရေ​လျှံ​လေ​၏​။


ဆဋ္ဌမ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ကြီးမား​သော​ယူဖရေးတီး​မြစ်​ပေါ်သို့​သွန်းလောင်း​သောအခါ အရှေ့​ပြည်​မှ​ဘုရင်​များ​အတွက် လမ်း​ကို​ပြင်ဆင်​ပေး​ရန် မြစ်​ရေ​သည်​ခန်းခြောက်​သွား​လေ​၏။


ထို့နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​ကို ငါ​မြင်​ရ​၏။ ကောင်းကင်​နှင့်​မြေကြီး​သည် ထို​အရှင်​၏​မျက်မှောက်​မှ ပျောက်လွင့်​သွား​၍ ၎င်း​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။


ကောင်းကင်​သည်​လည်း စာလိပ်​ကို​လိပ်​လိုက်​သကဲ့သို့ ပျောက်လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိသမျှ​တို့​သည် မိမိ​တို့​နေရာ​မှ​ရွေ့​သွား​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ